ထွေရာလေးပါး.......

Monday, December 01, 2008

ဘလောက်ဂ်ရေးတဲ့ လူတွေ ဆိုရိုးစကား လေးများလားဖြစ်နေမလားပဲ...

အလုပ်တွေများနေလို့ မရေး ဖြစ်ကြောင်း....ရေးချင်ပြောချင်တာ များပေမဲ့ ပို့ စ် အဖြစ် မတင်နိုင်ခဲ့ကြောင်း စသည်ဖြင့် စသည်ဖြင့်ပေါ့.......

တခါတလေ မရေးတော့ ပါဘူးလေ တွေး လိုက်ရင်း..သူများရေး တာတွေ ဖတ်ရင်း...ပြီးတော့ c-box မှာ အသစ် မရေးဖြစ် ချိန်မှာ.. မိတ်ဆွေ တစ်ယောက် ထဲ ၂ ရက်ခြား လောက်မှာ ...စိုင်းရေ လာလည်တယ်နော် ၂ ခါ လောက် ရေး ထားရင် အပြစ်ဖြစ် နေမိရင်း ရေး လိုက်ပြန်ရော...

ကြားရက်တွေ မှာဆို လဲ အလုပ် သွား အလုပ်ပြန် ရထားပေါ် သတင်းစာ ဖတ်ချိန်မှာ ..ဟာ..ဒီဆောင်းပါးလေး ကောင်းတယ်..ဒီသတင်းလေးကောင်းတယ်..ငါ့ ဘလောက်ဂ်ပေါ် တင်ပြီး မျှဝေမယ် ပေါ့.....အဟဲ...ညအိမ်ပြန်ရောက်တော့...အင်း..စနေ ဆို ငါ အာရုံစုစည်း မှု ပိုကောင်း ပြီး ဖတ်ချင်စဖွယ်ဖြစ်အောင် ပိုရေးနိုင်မှာဆို ဖြစ်ပြန်ရော..

weekend ကြပြန်တော့....

စိုင်းစိုင်းရေ..ကြက်သားဟင်းချက်ထားတယ်..ပြီး တော့ ကိုဝင်းတင် တို့ ..မခိုင်တို့ လဲလာမယ်..ပိုကာ ၀ိုင်းလေးပါ..ခေါ်ကြပြန်တော့ စိုင်းမသွား ရင် ၀ိုင်းမစည်မှာ စိုးတာနဲ့ မှီရာ TAXI တားပြီး အပြေးသွား ရပြန်တာရယ်......

စိုင်းရေ..စင်ကာပူ မှာ ပြောပြောနေကြတဲ့ ရှမ်းခေါက်ဆွဲ မစားရသေးဘူး ဆိုပြီး ပြောကြပြန်ရင်..အင်းငါမှ မချက်ကြွေးရင် Penisula က ဖြစ်သလို ဖြတ်ညတ်ကပ် ချက်ထားတာတွေ ကို ရှမ်းခေါက်ဆွဲ ထင်ပြီး ရှမ်းခေါက်ဆွဲ ဆိုတာ ဆန်ပြားတွေကို အသားချက်ထဲ့ ..ရှမ်းမုန်ညှင်းချင်ဖြူး ထားတာကြီးပါ..ဒီလောက်ကြီး လဲမဟုတ်ပါဘူး..ထင်မှာစိုးပြီး ...ချက်ရတာတွေရယ်....

ရေးတဲ့ဖက်ကိုမရောက်နိုင်ဘူးဗျာ... ပြီးခဲ့တဲ့ စနေမှာ..ဘယ်မှ မသွားတော့ ပါဘူး လုပ်နေတာ...သောကြာညမှာ လဲ မကြီးမငယ် ..DISCO မှာ shake my bon bon သွားလုပ်ပြီး အရက် နာ နဲနဲကျနေတော့ ၁၀ နာရီမှထတယ်လေ..ကော်ဖီဖျော်..သတင်းစာဖတ်ရင်း..ဘာချက်စား မလဲပေါ့..ရေခဲသေတ္တာဖွင့်ကြည့်တော့ ဘာအသီးအရွက်မှ မရှိ....ပုဇွန်နဲနဲ...ခရမ်းချဉ်သီး ၃လုံး...ကြက်ဥကတော့ အလုံး ၂၀ လောက်ရှိတယ်...... လူပျိုတွေကြီး (လူပျိုကြီး တွေ မဟုတ်ပါ) နေတာဆိုတော့ ဂလောက်စားစရာရှိနေတာ တော်ပြီပေါ့..မဟုတ်ဘူးလာ..

ဈေးက ၂အိမ်ကျော်လောက်ကြီးတောင်ဝေးတော့ မသွားချင်..အင်း ကြက်ဥ ချက် မယ်..တမယ်ရပြီ...ကြက်ဥမွေကျော်..နောက်တမယ်..ပြီး စွမ်ထန် ကိုချဉ်ငံစပ် ကြက်ဥခေါက်ထဲ့ပြီး မွေလိုက် မယ်....သားရေကျ မနေ နဲ့ ဦး..ဖတ်ပြီး ..အဟား..တကယ်တောင် မချက်ရ သေးဘူး...

ကဲ ထမင်းစားကြမယ်...(အကျန်ကြွေးတယ်ပြောကြနဲ့ ဗျ..စနေ နေ့ ကချက်တာကြီး ဆိုပြီး...ဒါက ဘလောဂ်လောက ရဲ့ ထမင်းကျွေးကာလ်ချာ..မချို ဆို ဖြစ်သလိုချက်စားတဲ့ ဟင်းတခွက် ဆိုပြီး လူတကာ ဂလုခနဲ ဖြစ်အောင်လုပ်နေကြ.)

ကြက်ဥချက်နီးကားကြီး နဲ့ ကြွေး တယ်ဆိုပြီး နှာခေါင်းရှုန့် နေကြတယ်...စိုင်းစိုင်းပါ....ကြည့် ဘာချက်ထား လဲ ဆိုတာ...

ပုဇွန် ကိုရေနွေး ပွက်ကြီး ထဲ ခနထည့်ပြုတ်...အကြာကြီး ဘာလို့  မပြုတ်လဲ မေး မလို့  မလား..ဘယ်ဖြစ်မလဲ ဖွာပြီး စားလို့ ဘယ်ကောင်းမလဲ..စိုင်းက သုပ်စားမှာ ကို.. ကြက်သွန်မပါးတပါးလှီး..ခရမ်းချဉ်သီး..နဲ့  ဆား.အချိုမှုန့် ..ငရုတ်သီး..ငံပြာရည် ထည့်ပြီး..သံပုရာသီး ညစ်ပြီး ရောသမမွေ(ဘလောဂ်ဂါ ဟုတ်ဘူးနော်)..လုပ် လိုက်တာ..၀ူး.....ယမ်မီ .ယမ်မီ...

ပြီးတော့ကြက်ဥကြော်..ဒါပဲ...ဖြစ်သလိုချက်စားတာလေ..တော်ပြီပေါ့..

"Hello Sean"

"Hi Hkay Mar! How are you? It's been an ages!"

"Yea..so just wanna know if you have any appointment this evening!"...

"Umm.. Umm...(အပြင်မသွားတော့ဘူး ဆို)... nope! Do you?"...

" Jon..is in town and mind to come for some wine?...(အိုး မိုင်းဘူး မိုင်းဘူး....မချိုကြီး ၀ိုင်ကန်ကြီး ထဲဆင်းစိမ် တဲ့ ပို့ စ် ဖတ်ပြီး ထဲက သောက်ချင်နေတာ)..

" Oh.. yeah..I've been thinking to call you for wine..so where's the venue? Your house?.. I'll be there!

ဟား... မိုက်ပြီ... စနေ နေ့ ညစာ မပူရတော့ ဘူး......

1 comment:

ပန်းခရမ်းပြာ said...

ဟွန်း ... သူများ အတင်းတွေချည်း ပါလား...။ ပုဇွန်သုပ်နည်းလေး အတုခိုးသွားတယ်။ အဲဒီညကတော့ အကြောင်းမညီညွတ်လို့ လွဲသွားတယ်။

 
Add to Technorati Favorites