|
(Mount Faber ကနေ မြင်ရတဲ့ စင်ကာပူ) |
လာလိုက်ရင် ပုံတွေ ကြီးပဲ လို့ပြောကြမလား အဟဲ၊ စိုင်းစိုင်း အုန်းကျော်နှင့် တစ်မနက်ခင်း ဆိုတော့ ဘာမှန်း မသိမှာ စိုးလို့ ပုံတွေ ဝေေ၀ဆာဆာ နဲ့ ဆိုပို ကောင်းမလားလို့ပါ။ ပြီးတော့ စိုင်း စာမျက်နှာ များပေါ်ကို ရောက် လာကြတဲ့ မိတ်ဆွေ ကြီးငယ်တွေ အားလုံး ကို လဲ စိုင်း ရဲ့ပျော်ရွှင်မှု တွေ ဝေမျှရင်း ၊ အပျင်းလဲပြေ၊ ရှုခင်းလဲကြည့် ဒေသန္တရ ဗဟုသုတလဲ တိုး စေ တာပေါ့ မဟုတ်ဘူးလား....
စိုင်း ငယ်ငယ် က ခရီးသွား ဆောင်းပါးတွေ ဖတ်ရင် ရလေ့ရှိတဲ့ စိတ်ခံစား မှုမျိုး ဘော်ဘော်တွေ ဖြစ်ဘူးလား မသိဘူး။ အရင် က မဟေသီမဂ္ဂဇင်း မှာ စာရေးဆရာမကြီးအန်တီပတ္တမြားခင် ရဲ့ "သန္တာစမ်း ကအလွမ်းပြေ" အခန်းဆက် ခရီးသွား ဆောင်းပါးတွေ ကိုတော်တော် လေး စွဲစွဲမြဲမြဲ ဖတ်ဖြစ်ခဲ့တယ်၊ ဓါတ်ပုံတွေ နဲ့ဆိုတော့ စာ ကိုဖတ်လိုက်၊ ပုံကြည့်လိုက်နဲ့ အရေးအသား တင်ပြပုံ ကလဲကောင်းတော့ ကိုယ်တိုင်ခရီး သွားနေရသ လို ပဲလေ၊ ကိုယ် ကိုယ်တိုင် ဘေး ကလိုက်ပြီး ခရီးသွားနေရ သလို ပျော်ခဲ့မိတယ်၊ ဖတ်ပြီးသွား ရင်လဲ ပုံလေး တွေ ကြည့် စိတ်ကူးတွေ ယှဉ် တစ်ကယ် ရောက်ချင်စိတ်တွေ တဖွားဖွားပေါ်ခဲ့တယ်ဆိုပါတော့ဗျာ။
ပြီးတော့ အဲဒီတုန်းက နိုင်ငံရပ်ခြား ဆိုတာ ဒီလို အုံလိုက်ကျင်းလိုက်ထွက်နေကြတာလဲ မဟုတ်၊ သွားဖို့လဲ အကြောင်း သိတ်မရှိတာရယ်၊ သွားဖို့ အလှမ်းဝေးကြတာ တွေ ကြောင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြား ရောက်နေသူတွေ ၊ ပညာတော် သင်တွေ နဲ့ သင်္ဘောသား တွေ ရေးတဲ့ နိုင်ငံခြား ခရီးသွား အတွေ့ အကြုံ တွေ လောက်ပဲဖတ်ကြရတယ်လေ။
|
(City Hall မှာ နေ့လည်စာ မစားခင်) |
|
(Jalan Kayu Flyover & Seletar Expressway) |
စိုင်းတို့ဆိုတာ မြန်မာပြည် အစွန်အဖျား မွေးဖွားကြီးပြင်းခဲ့ ရလေတော့ နိုင်ငံခြား ဆိုတာ နဲ့ဝေးတယ်လေ၊ အသိုင်းအသိုင်းလဲ မရှိ၊ အဲတော့ စာတွေဖတ်ပြီး ရောက်ချင်လွန်းနေတော့ ပညာတော်သင်သွားနေတဲ့ ဆရာကြီး တွေ လို ကြိုးစား မှပဲ ရောက်မှာ၊ scholarship တွေရ မှ အဲလို သွားဖို့ တတ်နိုင်မှာ၊ English စကားတွေ ပြောတတ်မှ ဖြစ်မှာပါ ဆို တဲ့ အတွေးတွေ နဲ့အားကျကြီးပျင်းခဲ့ရတာပေါ့လေ။
ခုတော့ခေတ်ကြီးကလဲ IT ခေတ်၊ ဘာသိချင်လဲ၊ ဘယ်နိုင်ငံက ဘယ်မြို့ အကြောင်းသိချင်လဲ? A click away လို့ပြောနေကြတဲ့ ခေတ်၊ ပုံတွေဆိုတာလဲ ရှုဒေါင့်ပေါင်းစုံက ရိုက်ထားလိုက်ကြတာ ကြည့်လို့တောင် မပြီးနိုင်အောင် ပဲ၊ ဒါဆို စိုင်း ရေး စရာ မလိုဘူး ပြော ရင်.လဲပြော လို့ရပါတယ်..
ဒါပေမဲ့လဲ စဉ်းစားကြည့်လေ..ရှုခင်းလှလှလေး ပုံ ကြီးပဲ ကြည့်တာနဲ့..စိုင်းက ရှုချင်းလှလှလေးနဲ့ရိုက်ထား တဲ့ပုံ ကိုကြည့်တာ ဘယ်ပုံကို ကြည့်ရတာ ပိုအသက်ဝင် ပိုပျော်ဖို့ကောင်းသလဲ၊ စိုင်းတော့ Facebook က စိုင်းတို့ မြန်မာလူ မျိုးတွေ နိုင်ငံတကာ မှာ သွားလာစားသောက် ထားတဲ့ပုံ တွေ ကို ကြည့်ပြီး အားကျတယ်၊ ပျော်တယ်၊ တခါတလေ ကိုယ်နဲ့မသိတောင် comments လေးတွေရေးမိတယ်၊ အဲလိုလုပ်ရင်းနဲ့ ပဲ တကယ်ကိုခင်မင်ရင်းနှီး ရတဲ့မိတ်ဆွေတွေလဲ တိုးခဲ့ရတယ်။
|
(Tampines Mall နား က နေရာ တနေရာ) |
နောက်တချက် က ခု ရောက်တဲ့ သူတွေ ကလဲ ရောက်နေ သွားနေကြ သလို အလှမ်းဝေးနေသေးတဲ့ ညီအကို မောင်နှမများလဲ အများကြီးပါ၊ ထွက်ဖို့ အဆင်မပြေ သေးတာရယ်၊ အခွင့်အလှမ်းမပေါ်သေး တာရယ်နဲ့ မြန်မာ ပြည် မှာ ကျန်ရှိနေသေးတဲ့ စာဖတ်သူတွေ အတွက်လဲ ရည်ရွယ်ပါတယ်၊ ပြီးတော့ ၀တ်ကောင်းစား လှလေးတွေ ၀တ်ပြီး ကြွားဝါလိုစိတ်နဲ့ ပုံပေါင်း များ စွာ ရိုက်တင်တာ မဟုတ်တာကိုတော့ နားလည်ပေး စေချင်ပါတယ်၊ စာဖတ်သူတွေ စိုင်း စာမျက်နှာပေါ် ရောက်တာ သူတွေ ကို Entertainment တစ်ခုလို ပျော် စေချင်၊ motivation factor တစ်ခုလို ရသွားစေချင်တာမျိုးလောက်ပါ။
A Morniing with Sai Sai Ohn Kyaw ဖြစ်တည်လာရ ခြင်း က ဒီလိုပါ၊ စိုင်း ရဲ့ ညီ လိုပဲ ခင်ရတဲ့ ကချင် တိုင်းရင်း သား Gam Seng က စိုင်းရဲ့ Facebook မှာ စိုင်း ရဲ့ပုံ ကို comment ပေးသွား တာကစတာပေါ့။
သူ ကတော့ ပုံလေးတပုံ မှာ Nice လို့ တစ်လုံး တစ်ကြောင်း လေးရေးသွားတာပါ၊ စိုင်း စဉ်းစား မိတာက သူ နဲ့လဲ မဆုံဖြစ်တာ ကြာ တာ ရယ်၊ သူနဲ့လဲ ပုံတွေ အမှတ်တရ ဟုတ်တိပတ်တိ မရှိတာရယ်၊ သူ့ကောင်မလေး နဲ့လဲ ပိုမို သိကြွမ်းရအောင် ဆိုပြီး..."When can I have this kind of photos with you? " လို့ပြန်ရေးလိုက်ရာ က စလိုက်ရာ က the rest is the history ဆိုတဲ့ အတိုင်း ..စင်ကာပူ တခွင် လျှောက် သွား လျှောက်စား၊ ပုံတွေရိုက် နဲ့ နေ့လည်စာ လဲ စားပြီးရော..စကားတွေလဲတော်တော် ပြော ဖြစ် ခဲ့ကြတယ်...လွတ်လပ် ပေါ့ပါး မှု တွေ နဲ့ အလုပ် နား တဲ့ ရက်လေး တစ်ပိုင်း ကို ပျော်စရာ အတိနဲ့ ကုန်လွန် စေခဲ့တယ်။
နေ့လည်စာ စား ပြီးတော့ စိုင်းလဲ တရေးတမော နားပြီး ညနေစောင်း ကြတော့ မင်္ဂလာ ဆောင် တစ်ခုဆက်ချီတက် ခဲ့ရတယ်။ ပျော်ရွှင် ကြပါစေဗျာ။
|
(Changi Village နား က Chalet မှာ ပျော်ပျော်ပါးပါး) |
|
(Tripod ထောင်ပြီး ၃ယောက်သား pose ပေးနေစဉ်) |
|
(East Coast Park မှာ ဟန်ပြ နေတာ) |
|
Easr Coast ကနေ West Coast အသွား Express Way ကနေ Singapore CBD မြင်ကွင်း |
|
(Mount Faber ပေါ်ကနေ မြင်ရတဲ့ Singapore West Coast ပါ)
|
2 comments:
Good တယ်ဗျာ...ပုံတွေအားလုံး ရှယ်တွေချည်းပါပဲ။
အင်းဟုတ်တယ် လေပြေသွေး.. မတွေ့ ရတာ ကြာတော့ တွေ့ တဲ့ အခါလေး အမှတ်တရ ဖြစ်အောင် မှတ်တမ်းတင်ထားတာပေါ့..အပျော်လေးတွေ ကူးစက် သွား တယ်ဟုတ်?
Post a Comment