အစထဲ ကဈေး လဲပေါတယ်ပြောထားတော့ ရိုးရိုးလေး ပြင်ဆင် ထားတဲ့ ဆိုင်လေး ကိုမြင်တော့ ထူးထူးခြားခြားလဲ မခံစားမိပါဘူး၊ ချက်ပြီး သား ဟင်းတွေကို မှန်ကောင်တာ ထဲမှာ ခင်းကျင်းထား တာ ကို လက်ညိုးထိုး မှာစားကြရတာပေါ့။

ကြက်မဆလာကြော်၊ ငါးကြော် ၊ ဆိတ်သား၊ကြက်ဟင်း ခါး သီးကြော် နဲ့  ကဏန်းချက် ၂ပွဲ မှာစားကြတယ် ၊ မဆိုးဘူး ဗျ၊ ဟင်းရံတွေ က ဗမာပြည် က ထမင်းဆိုင်တွေ လိုပဲ၊ ထမင်းဖြူ နဲ့  ဟင်း ရံ၊ ဟင်းအနှစ် တွေက free flow..ထပ်ထပ်ပြီး ထည့် လို့ ရတယ်။

လက်တွေ နဲ့  နယ်ဖတ်ပြီး စားနေကြပေမဲ့ အစည်းအဝေး သွားရအုံး မဲ့ စိုင်း ဇွန်းခရင်း နဲ့ ပဲ စားခဲ့ တယ်၊ အရသာ ကတော့ လေးလေး ပင် ပင် ကြိုက်တတ်တဲ့ စိုင်း တို့  မြန်မာလျှာ နဲ့ အတော် ပါပဲ၊ အကြိုက်ဆုံး ကတော့ ဒိန်ချဉ် ပါ၊ တကယ်ကို မြန်မာပြည် က အရသာအတိုင်း..
စိုင်း တို့  ၃ယောက်ပေါင်း စားလိုက် တာ S$ 30.70 ပဲကျတယ်..GST လဲ မပေးရပါ။

စားကောင်း သောက်ကောင်း လေးတွေ့ လို့  လက်တို့ လိုက်ပြီနော်။ လိပ် စာ က..
ARASU RESTAURANT
53 Chander Road
No comments:
Post a Comment