ကိုယ့် အနားရှိစေ ချင်...R Zarni, Nang Ping Tip

Monday, November 17, 2008

အာဇာနည် ဆိုတဲ့ ကောင်လေး က နာမည်ကြီး အဆိုတော် တစ်ယောက် မှန်း သိပေမဲ့ သူ့  သီချင်း တွေ ကို သေချာနားမထောင်ဖြစ် ခဲ့ဘူး။

စိုင်း တို့  မြန်မာပြည် က ထွက်လာစဉ်က ဒီ ကလေးတွေ မူလတန်းကလေးတွေရှိ အုံးမှာပေါ့။ အဲဒီခေတ် က ကိုထီး၊ ဇော်ဝင်းထွဋ်၊ ထူးအိမ်သင် တို့  သီချင်းတွေ ပဲ စိုင်းတို့  ဟစ်နေကြတာ..အခုလို လဲ internet ကနေ အလွယ်တကူ Free Download လုပ်လို့ မရ ၊ Penisula မှာလဲ ခွေတွေ ၊CD တွေ ရောင်း တဲ့ ဆိုင်တွေလဲ မပေါသေးဘူး၊ ပြောချင်တာ က မြန်မာ သီချင်းတွေနဲ့ တော်တော် အဆက် ပျက် ခဲ့တယ်၊

အလုပ် နဲ့ ရုန်းလိုက် ကန်လိုက် ရင်း၊ စင်ကာပူ ရဲ့ အလွန်ကောင်း မွန် လွန်းတဲ့ FM Radio အစီအစဉ် တွေမှာ English သီချင်းတွေ နားသောတဆင်ရင်း မြန်မာ သီချင်းတွေ နဲ့ ဝေးသထက် ဝေးခဲ့ ရတယ်၊ ဒါပေမဲ့ ဝေးလေလွမ်းလေဆိုတာတော့ မပြောလဲသိကြမှာပါ။

စိုင်း ၂၀၀၈ နှစ်စ မှာ မြန်မာပြည် ပြန်ရောက် တုန်း က စိုင်း ရဲ့ ချစ်တူမ လေး တွေ ဟဲပြ လိုက်တာ အပြန်မှာ မြန်မာသီချင်း CDတွေအများကြီး ၀ယ်ပြန်လာ တယ် ၊ စိုင်းရဲ့ Phone မှာလဲ စိုင်းစိုင်း၊ ၀ိုင် ၀ိုင်း၊ ဖြိုးကြီး ၊မြိုးကျော့မြိုင်၊ NG2K ၊ ဖြူဖြူကျော်သိန်း သီချင်း တွေ နဲ့ ပေါ့ ခုတော့ ။

စိုင်း ရဲ့ ချစ်စရာ တူမလေး တွေကို ကြည့်ပါအုံး ၊ Model လို လဲ catwalk လျှောက်တတ်နေပြီ ၊ နန်းပင်း တစ်ပ် ကို သီချင်း ဆို ခိုင်း တာ Microphone မရှိလို့  မဆို ဘူးတဲ့ ၊ ဒါနဲ့  နို့ ဆီဗူးအလွတ် ကြိုးတပ်ပေး တော့(စိုင်းတို့ ငယ်တုန်း က အဲဒါ ကို Mic လုပ်ဆိုခဲ့တာလေ) လဲ အဲဒါ Mic မဟုတ်ဘူးတဲ့ဗျား.. ခဏနေ ကျတော့ သီချင်းဆို မယ်ဆို ပြီး သူ Mic လို့  ခေါ်တဲ့ လက်နှိပ်ဓါတ်မီး အသေးလေး ကိုင်ပြီး ၀င် လာ တဲ့ Style ကိုကြည့်ကြ ပါ အုံး..Oh my god! ပြော ဖို့ တောင်မေ့ တယ်၊

သူ့ ပွဲကို ကြည့်ဘူးတဲ့ သူ့ အန်တီတွေ က အာဇာနည်..လို့  ပွဲတောင်းတော့ အစ က သဘောကျလွန် လွန်းပြီး ရယ်နေတာ နဲ့  ဘာသီချင်း ဆို မှန်း မသိ လိုက် ဘူး၊

"အားလုံးမင်္ဂလာပါ" ကို အော် လိုက် တဲ့ ကလေး ပေါ့..

"အား လုံးအဆင်ပြေလား"...

ဆိုပြီး တော့ အော်ပြန်ပြီ .....

"အဆင်ပြေတယ် "...အွန်.....အတိုင်အဖေါက် ကို ညီလို့ ...

"အဆင်ပြေရင်လက်ခုပ်သံ ကြားချင်တယ် ".... ကောင်းရော...

၃နှစ် သမီး အဆိုတော်နဲ့  သူ့ ပရိဿတ်....Ladies and Gentlemen...Nang Ping Tip...လက်ခုပ်သံတွေ တဖြောင်းဖြောင်း နဲ့ ..

နောက် အဆိုရှင် က ပီပီ....အဒေါ်အပျိုကြီး နဲ့  နေရ တော့ ဆို တဲ့ သီချင်း က လဲ...ယုန်ကလေး က နားရွက်ထောင်......သူကလဲ အင်တာဗျူး မှာ ဖြေတာ..

စိုင်း - သမီး ပီပီ.. သမီးဝတ်စုံက လဲ ကျောပြောင်ကြီး၊ သမီးမေမေ ပိုက်ဆံမလောက် လို့ လား?

ပီပီ- ဟာ..ပိုက်ဆံရှိတယ်၊ ဒါက Hotshot....



အာဇာနည်ရေ... မင်းအနားမှာ ဘယ် သူရှိနေမလဲ မသိပေ မဲ့..ကိုယ့်ချစ်တူမလေးတွေတော့...မနိုင်ဘူး....အားလုံးက တော့ လက်ခုပ်တွေ တီးနေကြတယ်....

3 comments:

WWKM said...

လာအားပေးသွားပါတယ် စိုင်းရေ..
တူမလေးတွေက ချစ်စရာကောင်းပြီး ပျော်စရာ
ကောင်းမယ့်ပုံပဲနော်.း)

Sean OK, Sai said...

ကျေးဇူးပါ မ၀ါ ၊ စိုင်းရဲ့ တူမတွေက စိုင်းနဲ့ ဝါသနာ တူလေးတွေ..စိုင်းထက်တော့ သာမှာပဲ၊ စိုင်း အဲဒီအ ရွယ် အဲ လို ပဲ မများဘူး ဟားဟား..

myoaung said...

အကိုထက်သာလောက်တယ်နော်..ဟီးသီချင်းဆိုတာကတော..လန်းတယ်..ကလေးတွေအတွက်လုပ်တဲတီပီကပြိုင်ပွဲကိုဝင်ပြိုင်ခိုင်းပါလား..အကိုရေ

 
Add to Technorati Favorites