HAPPY NEW YEAR

Thursday, December 31, 2009

အာလုံး မင်္ဂလာပါ။

နှစ်သစ် အခါ သမယ မှာ စိုင်း အလိုချင် ဆုံး ကတော့ အမိမြန်မာ ပြည်ကြီး သာယာစည်ပင် ၀ပြော ပြီး ကမ္ဘာ မှာ မြန်မာဟေ့ လို့ ကြွေးကြော် နိုင်မဲ့ နေ့ ရက် လေး ပါဘဲ လို့ ။

အဲလိုဖြစ်တဲ့နေ့ ဟာ စိုင်း တို့  လူဝင်မှုကြီးကြီးကြပ်ရေး ငှါနဟာ ထောင်သောင်းများစွာ တန်းစီနေတဲ့ မြန်မာ လူမျိုးတွေကို နိုင်ငံကူး လက်မှတ်ထုပ်ပေးနေရမဲ့ အလုပ်တွေရော့သွားပြီး ၊ နိုင်ငံခြားသားတွေကို မြန်မာပြည် တွင်း အလုပ် လုပ်ခွင့် ပါမစ်တွေ စီစစ်ချထားနေရမဲ့ အလုပ်ရှုတ်နေရမဲ့ နေ့ တွေ ဖြစ်နေမှာပဲ...

အရှေ့တောင် အာရှ ရဲ့ ၀င်ပေါက် ထွက်ပေါက် အရေးပါ အရာရောက် တဲ့ နိုင်ငံ မှာ စိုင်းတို့ ရဲ့ လူမျိုးတွေ ကိုယ်ချစ်တဲ့ အမိနိုင်ငံတော်မှာ ကိုယ်ချစ်တဲ့ ရေမြေတောတောင် သဘာဝ ၊ ကိုယ့်မိသားစုတွေ နဲ့ နွေးထွေး သိုက်ဝန်း ဖူလုံစွာ နေနိုင်မဲ့ နေ့ တွေဖြစ်နေမှာပဲ..

တို့ မြန်မာတွေ နိုင်ငံခြား ထွက်တဲ့ ခရီးတာ အပျော်ခရီး၊ ဈေးဝယ်ထွက်တဲ့ခရီး၊ မြန်မာကုမ္မဏီတွေရဲ့ နိုင်ငံတကာ ရုံးခွဲတွေမှာ ကြီးကြပ်ရေးတာဝန် ထမ်းဆောင်ဖို့ သွားရောက်ကြတဲ့ခရီး ဖြစ်မဲ့ နေ့ ရက်လေး အမြန်ဆုံးရောက် ပါစေ ဆုတောင်းရင်း..အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေဗျာ။

မိုဘိုင်း ဒိုင်ယာရီ

Monday, November 23, 2009

ခုချိန် မှာ တော့ လူ တိုင်း နီးနီး ကိုယ် စီ မာလ်တီ-ပစ်စယ် ကင်မရာ ပါတဲ့ လက်ကိုင်ဖုံး လေး သွားလေရာ ဆောင် နေကြတဲ့ ခေတ်လေးပေါ့၊ တကယ်ပြော ကြ စတမ်း ဆိုရင် ဖုံးတွေဟာ သစ္စာ ရှိ ဆုံး အဖေါ် လို့ တောင် ပြောရ မယ်၊ ထို့ တူ ပဲ ကျွန်တော် တို့ လဲ သူတို မပါ ပဲ အပြင် မထွက်တော့ သလောက် ပဲ။

ဖုံး က ကင်မရာ လေး ကို ရော ကောင်းကောင်း အသုံးချကြ သလား။

ကျွန်တော် တော့ ဒီဂျီတယ် ကင်မရာ မပါတဲ့ အခါ မျိုး၊ အကြောင်း ကြောင်း ကြောင့်  ဓါတ်ပုံ ရိုက်ရမဲ့ အခါ မျိုးလောက် (အများအားဖြင့် တော့ အလုပ် ကိစ္စ တွေပါ) သာ သုံးဖြစ်တယ်။

ခု လဲ ဖုံး ကို အမှိုက် သရိုက် တွေ ရှင်းရင်း၊ ပုံ တွေ ကို တွေ့ တော့

အင်း..ငါ့ ဖုံးကင်မရာလေး ကို အလုပ်တော့ ပေးမှ ပါပဲ ၊ ငါ့ အနီးအနား က အဖြစ် အပျက်လေးတွေ ရိုက် လိုက် မျှ ဝေ ခံစား မှ ပဲ ဆိုပြီး ..

Mobile Diary လေး အနေ နဲ့ ရိုက်လိုက် ရေးလိုက် လုပ်သွား မယ်ဗျာ။ ပုံတွေ နဲ့ အကြောင်းအရာ လေး တွေ ကတော့ အစီ အစဥ်တကျ ရှိချင် မှလဲ ရှိ မယ် ၊ ရှိချင် လဲ ရှိ မယ် ပေါ့ နော်။
UOB CENTRE ရဲ့ ၅၈ ထပ် ပေါ် ကနေ ရိုက်ထားတာပါ၊ တနေ နေရာ ကနေ ဒီ ထက် ကောင်းတဲ့ ပုံတွေ မြင်ဘူးချင် မြင်ဘူးကြမှာပါ။
UOB CENTRE ရဲ့ ၅၈ ထပ် ပေါ် ကနေ ရိုက်ထားတာပါ၊

UOB CENTRE ရဲ့ ၅၈ ထပ် ပေါ် ကနေ ရိုက်ထားတာပါ၊ ဆောက် လုပ်နေဆဲ မာရီနာပင်လယ်အော် ပေါင်းစု အနားယူ အပန်းဖြေ ရပ်ဝန်း ခေါ် Marina Bay Sands Integrated Resort။
အောချတ် Orchard လမ်း တလျှောက်...ခရစ် စမတ် က ဝေးနေ သေးပေမဲ့ ခရစ်စမတ် သစ်ပင် တွေ ကတော့ နိုဝင်ဘာ လ ဆန်း ထဲ က နေရာ တကာ ဝေဆာနေလေရဲ့။
အပင် ထိပ်ပေါ် ရပ်ပြီး လမ်းသွား လမ်းလာတွေ ကို " Merry X'mas " ဆို ပြီး ဘယ်သူလုပ်ချင်လဲ ၊ ကျွန်တော် တော့ နိုး နိုး.. အမြင့်  ကြီး မှာ တယောက်ထဲ..အထီးကျန်လိုက်တာ...ဘာ လို့ ၂ ရုပ် မတင် ကြပါလိမ့်။


မလေးရှား မြို့တော် ကွာလာလမ်ပူ မှာပါ၊ ဂျလမ်း အလော် ဆို တဲ့ လမ်း လေး တလျှောက် ရေတွက် မရ နိုင်အောင် စားသောက် ဆိုင် တွေ နဲ့၊ လျှောက် ကြည့် လိုက် မြန်မာပြည် ရောက်နေလား ထင်ရ လောက် အောင် ပါပဲ ။ ဆိုင် တိုင်းမှာ မြန်မာ စားဖိုမှူး ၊ စားပွဲထိုး အကုန်လုံး လိုလို မြန်မာတွေပါ ပဲ ။
မလေးရှား မြို့တော် ကွာလာလမ်ပူ မှာပါ၊ ဘူဂစ်ဘင်တန် လျှောက်လမ်း လေး တလျှောက် အမှတ် တရ ပစ္စည်း အေ၇ာင်းဆိုင် တွေ ငေးမော လျှေက်လှမ်းရင်း မြန်မာ စကား တပြောပြော နဲ့၊ လျှောက် ကြည့် နေကြတာလေ။ ဆိုင်ရောင်းနေ ကြတဲ့ ချာတိတ် ကလေး ၂ယောက် က
အမှတ် တရ ပစ္စည်း လေး ၀ယ် ပါ၊ လျှော့ပေး မယ် ဆို ပြီး မြန်မာ လို ပြော ပြီး နှုတ်ဆက်လာတယ်၊ ဘာ မှ မ ၀ယ် ချင်ပေမဲ့ ခနရပ်ပြီး စကား စမြီ ပြော နေမိ ခဲ့တယ်။ မွန် ပြည်နယ် က ညီငယ်လေး မင်းမင်း ရဲ့ စကားလေး က နား ထဲ မှာ ထင်ကျန် ပြီး စိတ် မကောင်း ဖြစ်ခဲ့ ရတယ်။

"ကျွန်နော် ကမွန် ပါ၊ အိမ် ကနေ ၁၂ နှစ် လောက် အရွယ် က ထွက်ခဲ့ တယ် ၊ခု အသက် ၂၀ ရှိပြီ"

"ဒီတလျှောက် အိမ်ပြန်ခွင့် မကြုံခဲ့ဘူးဗျာ ၊ရ သမျှ ငွေ အကုန် တော့ ပြန် ပို့နေတာပဲ အကို၊ တနေ့ တော့ အိမ် ပြန် မယ် အကို "

ညီလေး မင်းမင်း အစစ အရာရာ အဆင်ပြေ ပြီး ၊ အမြန်တကာ့ အမြန်ဆုံး အိပ်မက် လေး အကောင်အထည် ဖေါ် ဆုတောင်းပြည့် ပါစေကွာ ။
ကျွန်တော် လမ်းလျှောက်ခဲ့ တယ်၊ လျှောက်နေဆဲ... လျှောက်နေဦးမှာပါ..လျှောက် နိုင်သေး သရွေ့ ..

ပင် ပန်း လိုက်တာ..ခနနား ပါရစေ။

ကျွန်တော့် ခြေဖ၀ါး အောက် မှာ ကွန်ကရစ် ပြင်ကြီးကလဲ အေးဆက်မာ ကြော နေ ပါလား။

အောက်ကို ငုံ့ ကြည့်တော့ သစ် ရွက်ခြောက် လေး တွေနဲ့ သားရေပင် လေး က "ဟေး သူငယ်ချင်း " ဆိုပါလား ။

English လိုဖတ်ရန်
http://man-simply9.blogspot.com

HAPPY SHAN NEW YEAR, SINGAPORE 2009

Monday, November 16, 2009

နိုဝင်ဘာ ၁၄ ရက် ညနေစောင်း လေး မှာ စင်ကာပူရောက် ရှမ်းမိသားစု ရဲ့ ရှမ်း နှစ်သစ်ကူး ပွှဲလေး ဟာ ရှမ်း အိုး စည်သံ ဗေ ထုံ ညံ ပြီး .ပွှဲ ပြီး ဆုံး ချိန်ထိ ရွှေ ပွှဲလာ ပရိသာတ် ကို ဖမ်းစား ပျော်ရွှင်စေ နိုင်ခဲ့ တယ် ပြော ရင် ပို တယ် လို့ မဆို နိုင်ပါဘူး..

ရောင်စုံခြယ် လှပနေတဲ့ ရိုးရာ ၀တ်စုံ ...ခန်းနားလှတဲ့ နောက်ခံ ပိတ်ကား...ခေတ်ပေါ် သံစဉ် တူရိယာ တွေ နဲ့ အတူ စုံလင် လှတဲ့ ရိုးရာ ဗုံတို ဗုံရှည်...လင်းကွင်း..မောင်း တွေ ကို ကြည့် လိုက် မယ် ဆိုရင် ရှမ်း မိသားစု လူ ငယ် မောင် မယ် များရဲ့ အား ထုပ် မှု တွေ ဟာ တွေး ကြည့်ရင်းတောင် မျက်ရည် လယ်မိပါတယ်...

သာ ယာ ပျော်ရွှင် ဖွယ် ကောင်း တဲ့ အဆို အက များနဲ့အတူ ဧည့် ကြို အစ..စားရေးသောက်ရေး မကျန် အတတ် နိုင် ဆုံး မလစ်ဟင်းရလေအောင် ခေါင်းချင်း တိုက်..ငြင်းရင်း ခုင်္ရင်း အကောင်း ဆုံး ဖြစ်အောင် ရွှေ ပွှဲ လာ သူငယ်ချင်း များရဲ့ သူငယ်ချင်းတွေ ဘယ်လောက် ကြိုးပမ်း လုပ် ခဲ့ ကြတာ သိ ခဲ့ရင် ........DHL လေယာဉ်တွေ အစီးများစွာ နဲ့ Logistic Services ကို ငှား..အကောင်း ဆုံး စက် တွေ သယ်..... Backup Dancers ရာချီ နဲ့ အတူ Makeup Artists, Stylist တပ် တခုလုံး နဲ့ World Tour လုပ်နေတဲ့ Madonna ရဲ့ ပွှဲတွေ ကိုတောင်... ဘာ လဲ ဟ... ကမ္ဘာကျော် ဖြစ်ပြီး..ဒီလောက် တောင် မဟုတ်ပါလား မေးမိ မှာ အသေအချာပါ။

စိုင်း တောင် ပေါ် ငါးချဉ် ကို ပို ချဉ် တယ် ဆိုပြီး ကို.်ယ့် ငါးချဉ်ကို ကိုယ်ချင်နေတာ မဟုတ်ပါဘူး၊ ဘာ တွေ.. ဘယ် သူတွေ ကို လဲ ဦးတည် ဖြေရှင်း ခြင်းလဲ မဟုတ်ဘူးနော်..... စိုင်း လက်လှမ်းမီ သလောက် ကတော့ အား ပေးစကားတွေ ကြီးပါပဲ.. ဒီ လို အ ကျဉ်းအကျပ် လုပ်ကိုင် ရှာဖွေ စားသောက် နေရတဲ့ ကြား က လုပ် ခဲ့တဲ့ ပွှဲလေး ဒီ လောက် တောင် မမျှော် လင့် ခဲ့ကြောင်း... စသည်ဖြင့်  စသည် ဖြင့်...(အားနာ နာ နဲ့ ပြော တာ လဲ ဖြစ် နိုင်တာပေါ့လေ)...ဘာပဲ ဖြစ်ဖြစ်...အားလုံး ကို ကျေးဇူးတင် လျှက်ပါ....


ွှစိုင်းအနေနဲ့ ကတော့ ပွှဲဖြစ်မြောက် ရေး အတွက် စိတ်ရော ကိုယ် ပါ လုပ် ဆောင် ခဲ့ ကြတဲ့ ညီ အကို မောင် နှမများအားလုံး ကို ဒီ ဘလော့ဂ်လေး ကနေ ပဲ ကျေးဇူး တင်လိုက်ပါတယ်....စိုင်း က နှမ်းဖြူး ပေးတဲ့ နေရာ... တာဝန် လောက် ပဲ ယူခဲ့လေတော့ ညီ အကို ..နောင့် ယိင်း၊ နောင့် စိုင်းတွေ ဘယ်လောက် နှစ်မြုပ် လုပ်ဆောင် ခဲ့ကြတာကို မျက်မြင်ပါပဲ...ကိုယ့် မြန်မာ ပြည်.. ကိုယ့်မွေးရပ်မြေ မှာတောင် ဒီလို စနစ်ကျကျ...သေသပ် စွာ တင်ဆက်ပြသ ဖို့  လွယ်ကူလှ တာ မဟုတ် ..သီချင်းလေး ထဲကလို ပြော ရရင်.... မင်းလဲ သိတယ် ..ကိုယ်လဲသိ.....
ခု လုပ် ကိုင် သွားတဲ့ လူတွေ မှာ..ပရော်ဖက်ရှင်နယ် ပွှဲ သွင်းစား နေ တဲ့ လူတွေ တယောက်မှ မပါပါဘူး..အလုပ် က ပင်ပန်းစွာ ပြန်လာရင်း.... တယောက်လက် တယောက် ဆွဲရင်း... တိုင် ပင် လိုက်..အားပေးလိုက် နဲ့ လုပ်ခဲ့ရတဲ့ ပွှဲလေး အောင် မြင်စွာ ပြီးဆုံး သွား တာ ကို တောင် ပွှဲ ပြီး တော့မှာ ပါလား ဆိုပြီး ကြေ ကွှဲ ၀မ်းနည်းနေတဲ့ ..ပွှဲ ဖြစ်မြောက် ရေးမှာ အခရာ တယောက် ဖြစ်တဲ့ ညီမလေး တယောက် လဲ ၀မ်းနည်း ၀မ်းသာ မြင်ခဲ့ရပါတယ်..... နာမည်ကြီး အဆို တော် တွေ ရဲ့ ပညာ ပြ မှုလေးတွေ ကို လဲ ပွှဲ ကြည့် သူတွေ စိတ် မချမ်းသာအောင် မပြော ပြတော့ပါဘူး......
ဘာ ပဲ ဖြစ်ဖြစ် ဝေးရပ် မြေခြား မှာ တို့  ညီ အကို မောင် နှမတွေ စည်းစည်းလုံးလုံး ချစ် ချစ် ခင် ခင် နဲ့ တို့ ရိုးရာတွေ ကို ထိန်းသိမ်း ပြီး .. အထင်ကရ ပွှဲလေးတောင် လက် တဆုတ် စာ လူစုလေး နဲ့ ဖြစ်အောင် လုပ် နိုင် ခဲ့ တာ ကို သိရင် .. တို့ မွှေးရပ်မြေ ရှမ်း ကုန်းပြင် မြင့်  မှာ ကျန် နေခဲ့ တဲ့ တို့ အဖေ အမေ.. ဘိုး ဘွား တွေ.... တို့ ချစ်သူငယ်ချင်းတွေ.... တို့  တွေ အတွက် ဂုဏ်ယူနေကြမှာပါ...

မနက်ဖန် နိုဝင်ဘာ ၁ရ မှာ သူ တို့ တွေလဲ ဒီ ရှမ်း နှစ် သစ်ကူးလေး ဆင်နွှဲ ရင်း တို့ တွှေ ကို လွမ်းနေမလားပဲ..

စိုင်း ကို ချစ် ခင် လို့  စိုင်းရောင်း တဲ့ လက်မှတ် ကို အလုပ်တွေ မအား လို့  မလာနိုင် မှန်း သိသိ နဲ့ ၀ယ် ယူ အားပေးခဲ့ တဲ့ သူငယ်ချင်း မိတ်ဆွေ တွေ ကို လဲ ဒိကနေ ပဲ ကျေးဇူး တင် မှတ်တမ်း ရေး ထားပါရစေ။

စိုင်းတို့ ပွှဲလဲ စချိန် ၅နာရီ လို့ သာပြော တာ..၃ နာ၇ီ ခွဲ လောက် ထဲ က ဧည့် သည်တွေ က တဖွဲဖွဲ ရောက်လာပြီ... စိုင်းတို့ တွေ အပေါ်တက် လိုက် ပြေး ဆင်းလိုက်နဲ့ တယောက် မှ မအားရပါဘူး၊ အသိတွေရောက်လာရင် ပြေး တွေ့ လိုက် နေရာချပေးလိုက်.. ခန ထိုင်ပါ အုန်းပြော လိုက် နဲ့ ၅ နာရီလောက် မှာ ကတော့ အားလုံး ရှမ်းရိုးရာ ၀တ်စုံလေးတွေနဲ့ လှလှ ပပဖြစ်ကြ လို့ပေါ့။

ရာသီဥတုကလဲ ရှမ်းပြည် က အလည်ရောက်လာ သလား မသိ... မှိုင်းမှိုင်း ညို့ညို့ နဲ့ .....ဧည့်သည်တွေလဲ..မိတ်ဟောင်းဆွေဟောင်း တွေ နဲ့ တွေ့  ပြီး ပျော် တပြုံး ပြုံး နဲ့ စားရင်းပြောရင်း နေ နေကြတာ.. တကယ့် ကို ကြည်နှူးစရာ မြင် ကွင်းပါ။
စိုင်း တို့ ကလဲ ပြော ချင် တာလေး၊ ပြချင်တာလေးတွေ ကများနေ တော့ စင်ပေါ်တက်ပြီး အော်ရတော့တာပဲ... ရှမ်းရိုးမက အိုးစည်သံ လေးတွေပေး...... စင်ကာပူရှမ်းမိသားစု ရဲ့ ပွှဲ ဖြစ်စဉ်လေး တွေ အင်ထရို ၀င်ရင်း အဖွှဲ့ လိုက် သံပြိုင်တေး လေး သီဆိုပြီး ပွှဲလေး စလိုက်ကြပါတယ်။

ပြောရပြန်အုန်းမယ်...ကလေးတွေတော်ကြောင်း..... အလုပ် တဖက်..ကျောင်း တဖက်နဲ့  ....

EMCEE လေးတွေ ဆိုလဲ ပြောနေလိုက်တာ ခရားရေ လွှတ်...... အက လေးတွှေ ရဲ့ ပထ၀ီနောက်ခံ.. သမိုင်းနောက်ခံ...

အိုး စည် တွေ မောင်း တွေ တီး တာ တွေ ကလဲ တကယ့် ကို ရပ်ရွှာတွေ မှာ တီးနေကြ ရွှာစားတွေလား မှတ်ရတယ်၊

ကနေတဲ့ ကလေးမလေးတွေ ကလဲ ပြုံးနေလိုက်တာ..... ဘာမှ အပူ အပင် မရှိတဲ့ မျက်နှာ သွင်ပြင်လေးတွေ နဲ့...... ကျော့ရှင်းလှပကြတဲ့ ရှမ်း သမီးပျိုလေးတွေ....

အ၀တ် အစားတွေ ဆိုတာ အရောင် အ ၀ါတွေ တောက် ပ ပြီး ကိုကို ဓါတ်ပုံ ဆရာတွေ လက် စွမ်းပြလို့ ကောင်း လိုက်မဲ့ ဖြစ်ခြင်း။ Source ၂ ခု ကရထားတဲ့ ပုံတွေ စိုင်း သုံးထားတာ...ဘယ်လောက်ကောင်းလဲ ကြည့်။

ရှမ်းတွေ က ခြေမှာ ဗွေ ပါတယ် လို့ ပြော စမှတ် ရှိ ကြတယ်၊ ကမ္ဘာ အနှံ့ ပြန်းကြဲနေတာ ခု မှာ မဟုတ်ဘူးနော်..ပဝေနသီ ထဲ က..အဲဒါတွေ က စိုင်းလဲ မသိလို့ မပြော တော့ဘူး၊ ပြည် တွင်း နဲ့ နယ် စပ် တွေမှာ တော့ ဒီမှာ စိုင်း တို့ လဲ တင်ဆက်ထားတယ်။

ဖ ခေ ရှမ်း (PHAKE) က အိန္ဒိယ နယ် စပ်ဖက် က၊ ဆစ်ဆောင်ပန်းနား က လော၊ထိုင်း နဲ့ တရုတ် မြန်မာ တွေ ရဲ့ ပထ၀ီ နေရာ ဒေသ ဆိုင်ရာ အရပ်လေး တခု လို့ ပြောရမှာပေါ့၊ တနေ့ နေ့မှာ အခွင့်သာရင် တင်ပြပါအုန်းမယ်။












စိုင်းဆိုင်မောဝ်နဲ့ ချစ်ဇနီးဂျူ ဂျူး ၊ အယ်လ် ဆိုင်းဇီ တို့ ရဲ့ ဖျော်ဖြေ တင် ဆက် မှု ကလဲ စိုင်း တို့ ပွှဲလေး အတွက် တတပ် တအား နဲ့ အမှတ် တရ ညလေး ဖြစ်စေခဲ့ပါတယ်၊ စိုင်း တို့  စီစဉ်ထားချိန်ထက် တနာ ရီလောက် နောက် ကျ ပြီး ပွှဲ ပြီးခဲ့ ပေမဲ့ လာရောက် အားပေး ကြတဲ့ ညီအကို မောင် နှ မများ ရဲ့ မျက် နှာလေးတွေမှာ ....... "THE NIGHT IS STILL YOUNG" ပြော နေကြတာ ပြန် တွေး တို င်း လွမ်း မိနေ မှာပါ... နောက် နှစ်မှာ ..အလည် တခေါက်လောက်ရောက်လာ ပါလား လို့  ဟန်ဆောင် မှု ကင်း ............ စွာ နဲ့ ဖိတ်ခေါ်ပါရစေ။

(photo credit goes to taisingapore, tza & Ko Win Sein)

ရှမ်းနှစ်သစ်ကူးပွဲတော်-စင်ကာပူ

Monday, October 19, 2009

တို့ ရှမ်းပြည်ပွဲတော်..နှစ်တိုင်းခါနွဲပျော်... ဗုံရှည်များ တီးတဲ့ တို့ ရဲ့ဓလေ့နော်..လားလားလာ..လားလား..

ဟား..ကြားဖူးကြဘူးမလား...စိုင်း တို့ လို ရှေ့ မှီ နှောက်မှီ တွေ ပဲ ကြားဖူးမယ်ထင်တာပဲ..တော်တော် နာမည်ကြီးခဲ့တဲ့ ဒီ ရှမ်းရိုးရာနဲ့ ပတ်သက် နေတဲ့ တေးသီချင်းလေး ကို ကချင် အမျိုးသမီးတေး သံရှင် ကေဂျာနူး သီဆို ခဲ့တာပေါ့..

ငယ်ဘ၀လေးတောင် လွမ်းမိသွားတယ်... မွေးရပ် မြေ ရှမ်းပြည် နဲ့ ဝေးခဲ့တာ... ရှမ်း အိုးစည် သံ... မောင်းသံလေး တွေ နဲ့ ဝေး ခဲ့တာ ၁၀စုနှစ် ၂ စု တောင် ကျော် ခဲ့ပြီရော....ဟူး.....

ဟားဟား.. စို င်းနဲ့ လိုက်ပြီး အတိတ် ကို လွမ်းဆွတ်ကြေကွဲနေကြလား..ရပ်တန်းက ရပ်လိုက်ကြ.. ပျော် သွားစေရမယ်.. ဒီလို ပဲ မွှေးရပ် မြေ က ဝေးနေရတဲ့ ရှမ်း ညီ အကို မောင် နှမ များနဲ့ အတူ.... ရှမ်းပြည် ကို တစုံ တရာ အကြောင်း နဲ့ လွမ်း တမ်း တနေ တဲ့ တိုင်းရင်းသား ညီ အကို မောင်နှ မများ အားလုံး အတွက် စင်ကာပူရောက် ရှမ်း မိသားစု က ပွှဲတော် လေး တခု စီစဉ်လိုက်တယ်...



ကြည့်လိုက် ပိုစတာကို.... စိုင်းဆိုင်မောဝ် နဲ့ အတူ ...ကချင် အဆို တော် အယ်လ်ဆိုင်းဇီ.. တ၀ ကြီး သီချင်းဆိုမှာ.. ဆို မဲ့ သီချင်း တွေ ပို့ ထားတာ မနဲဘူး ဆိုပဲ...

ပြီးတော့.. အဟဲ .. မပြောဘူး..လက် မတို့ ဘူးမပြောနဲ့....တောင် ပေါ် သူ တောင် ပေါ်သား အချော အလှလေးတွေ...နဲ့ အတူ ရှမ်းအိုးစည် အကလေး မက လိုက်ရပဲ နေမယ်....ကဘူးတဲ့ သူတွေ သိမှာပါ..... ဘယ်လောက် ပျော်ဖို့ ကောင်းလဲ ဆိုတာ... မကဘူး တဲ့ သူတွေလဲ..ကြားဘူးနားဝနဲ့ က ချင်နေတယ် မလား.....

ရှမ်း နှစ်သစ်ကူး ပွဲလေးနဲ့ အတူ ချစ်တဲ့ရှမ်း ရိုးမ.. မြန်မာ ပြည် ကို အလွှမ်းလေးဖြေကြ ရအောင် ရှမ်းမိသားစု ကိုယ်စား စိုင်း ဒီကနေ ဖိတ်ခေါ် လိုက်ပါတယ်...


ရှမ်းရိုးရာ အစားအစာ နဲ့ အတူ လက်မှတ် တစောင် မှ စင်ကာပူဒေါ်လာ ၃၀ ပါ....အမြတ်အစွန်းအတွက် လုံး ၀ မရယ်ရွယ် တဲ့ ပွဲလေးပါ.. အဆိုတော် တွေ ဖိတ်ခေါ် ရတဲ့ စားရိတ်..နေရာ ထိုင်ခင်း..စက်တွေ ငှားရမ်း စားရိတ်ကြေရင် တောင် ..ပင်ပန်းရကြိုး နပ်တယ် လို့ ဦးစောင် လုပ်နေကြတဲ့ လူတွေရဲ့ ကြွေး ကျော် သံလေး ကိုကြားရင် ၃၀ ဆိုတာ..ဘာမှ မဟုတ်ပါဘူး နော်...ကြွရောက်လာကြတဲ့ ညီ အကို မောင် နှ မတွေ ပျော်ရွှင်ပြီး တ တတနဲ့ ပြန် သွားရမှာ ဆိုတာ ..ပြောတော့ဘူး..

ဒျီမှာ ကြီးပြင်းလာ ရ တဲ့ကလေးတွေ..ကိုယ့် သားသမီးတွေ ကို မြန် မာ ပြည်က တိုင်းရင်းသား မျိုးနွယ် စု တွေ အကြောင်းပြောပြရင်း ..တိုင်းရင်းသား ရိုးရာ အက ..ယဉ်ကျေးမှု ဓလေ့ ကို ၇င်ထဲမှာ ရှိနေစေချင်...သိစေချင်တဲ့ မိဘများ အတွက်လဲ..အခွင့်ကောင်း တခု ပါ ပြော ရင်း ...ဖိတ်ခေါ်လိုက်ပါ ရစေ...

၅၀ နဲ့ ၄၀ တန် လက်မှတ် ကတော့ ကုန် သွား လို့ ၃၀ တန် လက်မှတ် ပဲ အားပေးကြပါ..လက်မှတ်လေးတွေ လိုချင်ရင် ပိုစတာ မှာပါတဲ့ ပင်နီ ဆူးလား ကဆိုင်တွေမှာ ၀ယ်ယူနိုင် ပါတယ်... အိမ် ထိ ပို့ ပေးစေချင်ရင် စိုင်း ဆီကို လို အပ် တဲ့ လက်မှတ် စောင်ရေ နဲ့ email ပို့ လိုက်ပါ...... seanm71@gmail.com


အလွမ်း....

Thursday, June 04, 2009

ဘာကြောင့်မှန်း မသိ.. ဒီနေ့ လွမ်းတဲ့ အရသာလေး ကို အာရုံရနေ တယ်...

အိမ် ကနေ အလုပ် အလာ.. ရထား ပေါ်မှာ စလာ လိုက်တဲ့ အလွမ်း ခရီးလေး က ရုံး ရောက် တဲ့ထိ မဆုံးသေးဘူး..
711 က ၀ယ်ခဲ့တဲ့ Mocha ကော်ဖီ လေး တစိမ့်စိမ့် သောက်ရင်း အီးမေးလ်တွေဖတ်နေရင်း၊ ဆက်လွမ်း နေမိတယ်။

"အလွမ်းခြေရာများ".......မဟုတ်သေးပါဘူး။

အင်း.. ငါရေးချင် တာ က ခြေရာ လေးတွေထက် ပို ကျယ်ပြန့်ပါတယ် လေ...နေရာလေးတွေ..အမှတ်တမဲ့ အဖြစ်လေးတွေ....လူတွေ...အားလုံး ကို လွမ်းနေတာ ဆို တော့ "အလွမ်း".......ပဲ ကောင်းပါတယ် ...

လွမ်း တယ် ဆိုတဲ့ စကား ကို လွယ်လွယ်ကူကူ ဆွဲ ယူ ...အလွှဲသုံးစား လုပ် လိုက်တယ် လို့ ပြောကြမလား..အများ က လွမ်းတယ် ဆိုတာနဲ့ ချစ်သူ ကို...ချစ်ခဲ့ဘူးတဲ့ သူတွေ လွမ်း နေတယ် လို့  ထင်ကြမှာလေ..ငါ က နေရာဒေသ..အဖြစ်အပျက်..တခါတလေ ငါက မရင်း နှီးတဲ့ သူစိမ်း ကိုတောင် လျှပ်တပျက် တွေးမိ လွှမ်းမိ တတ်တော့....အဲဒါ လွမ်း တာ မဟုတ်ဘူး....အလွမ်း ဆိုတာ မသုံးသင့်ဘူး ပြောကြ မှာ...ထားပါ.......ငါ့အထာ နဲ့ ငါလွမ်းတာ...

အတွေး အာရုံတွေ နဲ့ အတူ လွမ်း တမ်းတ တာ ဆိုတော့လဲ သမိုင်းဖြစ်စဉ် တွေ လို ခုနှစ် သက္ကရစ် တွေ နဲ့ မဟုတ်ပဲ ဟိုရောက် ဒီရောက် ပေါ့.....ဆက်စပ်မှု ရှိ တာ တွေရော..မရှိတာ တွေရော..လတ်တလော အဖြစ် တွေ ၊လူတွေ အကြောင်း တွေးမိရင်း..ခနတွင်း မှာတင်..လွန် ခဲ့တဲ့ နှစ်ပေါင်း များစွာ က အကြေင်း တွေ ကို မြင်ယောင် တမ်းတနေမိပြန်ရော။

တချို့ အဖြစ်လေး တွေ က ကြည်နှူး နွေးထွေးမှု ကို ပေးနေဆဲ.......

တချို့ အဖြစ်လေး တွေ က အော်.....ဆိုးလိုက် တဲ့ ငါ.....

တချို့ အဖြစ်လေး တွေ က .."သူဘယ်မှာလဲ.....သတိရနေတယ်...တခါတလေတော့လဲ လွမ်းမိပါတယ် "သီချင်းကို ငြီးဆို စေတတ်သေးတယ်...

(ဆက်ရန်)






mo·cha = a superior Arabian coffee consisting of small green or yellowish beans, a coffee of superior quality

GOLDERN TRIANGLE TAI RESTAURANT, SINGAPORE

Thursday, May 28, 2009

ADVERTORIAL လို့ ပဲပြော ရမှာပါ...ကြော်ငြာ ပို့ စ်ပေါ့နော်..

စိုင်း ခုတလော အလုပ်လေးတွေများနေတာနဲ့ စိုင်းရဲ့  အကြိုက် ဆုံး အစားအစာ တခုဖြစ်တဲ့ ရှမ်းခေါက်ဆွဲ ကို ချက်မစားဖြစ်တာကြ ပေါ့ဗျာ... ချက်စားမယ် လို့ 'တ' နေ တုန်း စိုင်းရဲ့ C BOX မှာ နန်း ၀ိုးရှဲန် ထား ခဲ့တဲ့ message ကတော့ message of the year လို့ ပြော ရမလိုပါ ပဲ...စိုင်း ချက် ချင်း လာ မယ် လို့  အားချင်း ပြန်ရေး တာ ကို သာ ကြည့်ပေတော့....

တိုက် ဆိုင်ချင်တော့ စိုင်းရဲ့ ကျောင်းနေ ဖက် စိုင်းထင်ကျော်ဦး က စိုင်း ကို နေ့လည်စာ စိုင်း ကို ကြွေး ခိုင်းတော့ ....
ဒီလိုနေရာမှာ စိုင်းဦးနှောက် အလုပ် မြန်မြန်ဆန်ဆန် လုပ်သွားတာကို ကိုယ့်ဟာကိုတောင် မယုံနိုင် အောင်ပါ ပဲ...
ပီဝိုးရှဲန် က စိုင်း ကို complementary refereshment တော့ အနည်း ဆုံးပေးမှာ စိုင်းက သေချာသိပြီးသား..အဟဲ..
ပိုက်ဆံသက်သာ မဲ့အပြင် ..ဆိုင် ကို လဲ ကြော်ငြာပေး တဲ့ အနေလဲ ဖြစ် သွားတာပေါ့ နော်.. ဟားဟား...

ဆိုင်ဖွင့် ပွဲနေ့  ဆိုတော့ ပီဝိုးရှဲန် လဲ စီစဉ် ညွှန်ကြား ဧည့်ကြို နဲ့ မအားမလပ် နိုင်ဖြစ်နေ တဲ့ကြား က စိုင်း တို့ ကို လိုလေသေး မရှိအောင် ၀န်ဆောင် မှုတွေပေး နေတော့ ရှမ်းစာလေး တွေစား.. ပီဝိုးရှဲန် ငှဲ့ ပေးတဲ့ ရေနွေးကြမ်း နဲ့ ရှမ်းပြည် ကို ပြန်ရောက်နေ သလိုပါပဲ..

ရှမ်း စာစား..... ရှမ်း လို ပြော..ရှမ်းသူငယ်ချင်း နဲ့ ရှမ်းအရသာ အပြည့်နဲ့ ဆိုတော့ စဉ်းစားသာ ကြည့် ပေါ့....


Flyer က အစား အစာတွေ အကုန် မှာစား ချင်တာဗျ.. ဒါပေမဲ့ အချိန် သိပ်မရတာ နဲ့ မစားရတာ ကြာ.. ကိုယ် တိုင်ချက်စားရင်လဲ တော်တော် လက် ၀င်တဲ့ ထိုဖူးနွေး ကို အရင် စားဖြစ် ကြ တယ်....ဟူး.....ရေးနေရင်းတောင် ထပ်စားချင်လာပြန် တယ်.... ပို မပြော ဘူး..ကြော်ငြာ ပေး နေ တယ် ဆိုပေမဲ့ မျက်နှာ လုပ် ရေးနေတာ မဟုတ် ဘူးနော်........ သွား စားကြည့်...

ငတ် နေတာကြာပြီ ဆို တော့ ထိုဖူးနွေး တစ်ပန်းကန် ဘယ်လိုကုန် သွား မှန်း မသိဘူး.... နောက် နှစ်ယောက် သား ရှမ်း ခေါက်ဆွဲ ကို အရေ နဲ့ မှာကြတယ်..အဟဲ ကွန့်  လိုက်သေးတယ်...ခေါက်ဆွဲ ပေါ် ထိုဖူးနွေး လေး အုပ်ပေးပါ လုပ် လိုက်သေးတယ်...

ခေါက်ဆွဲ မရောက်လာခင်..... ထို ဖူးကြော် ကို ထိုင်း စတိုင်အချဉ် ရေ နဲ့ တို့စားရင်း... ပီဝိုးရှဲန် ကို ဒီကနေ အကြံလေးပေး လိုက်တော့မယ်... ထိုဖူးကြော် ကို အရမ်း Crisp မဖြစ် အောင်... အပြင်လေး ကြွတ်ပြီး အထဲ က ထိုဖူးသားပျော့ပျော့ လေး ကို အရသာ ခံ ပြီး စားရရင် ပိုကောင်း မလား လို့ ....ပြော လို့  သာပြောရတာ....စားလိုက်ကြတာ..၂ ပွဲ.. စိုင်းပြော သလိုကြော်နေရင်..ဘယ်နှစ်ပွဲ များ စား လိုက် မလဲ..ဟား ဟားး..

ရှမ်း မုန်ညှင်း ချဉ် လေး ကို ဓါတ်ပုံ ရိုက် ပြီး ရှမ်းခေါက်ဆွဲ ကို ဆွဲ ထည့် လိုက်တာ ....ဓါတ်ပုံ ရိုက် ဖို့ သတိလဲရ ရော ကုန်နေပြီဗျ.....
ထပ်မှာ ပြီး ရိုက် လိုက် စား လိုက် လုပ်ရင်.....အားနာ စရာတွေ ဖြစ်ကုန် တော့ မယ် ...ပြီး နေ့ လည် စာ စားချိန် ကကျော်နေပြီ.. ရုံး ကိုပြန် ပြေးရ မှာ ဆိုတော့....

ဟာ .. စားပြီး သောက်ပြီး မေ့တော့ မလို့ ... ဆိုင်လိပ်စာ လေး..ပေး လိုက်တယ်........ Penisula Plaza Basement မှာနော်.....

PLASTIC CHOPPING BOARD?

Sunday, May 03, 2009

အဟဲ.. မရေးတော့ မရေးဘူး..ရေးမဲ့ရေးတော့ ဘာကြီးလဲပြောနေကြ မှာပဲ ဗျ..

ဒီလိုပါ..စိုင်းနေ တဲ့ စင်ကာပူ ကျွန်းငယ်လေး မှာ စား သောက်ဆိုင် ၂ ခုမှာ စားသောက်ကြ တဲ့ လူတွေ အစာ အဆိပ်သင့်ပြီး သေ ကြ၊ ဖျားနာကြ ရာကစပြီး..စင့်နှီတုန်း ခေါ် CHOPPING BOARD အကြောင်း လဲ သတင်းစာတွေ မှာရေးကြတယ်..

စိုင်းလဲ မကြာ မကြာ မီးဖို ထဲဝင်ဖြစ်နေတာ မို့ ...ပြီး ကျန်းမာရေး နဲ့ ပတ်သက်နေ လို့ ဂရုတစိုက် လိုက်ဖတ်ခဲ့ မိတယ်..

စိုင်းတို့ မိရိုးဖလာအရ စင့်နှီတုန်း ကို သစ်လုံး ကနေ ဖျတ်ထား တဲ့ လေးလေးပင်ပင် တွေပဲ သုံးခဲ့ကြတာနော်..အသားတွေ ခုတ်...အကုန်ခုတ် ဘာမှ မဖြစ်ခဲ့ကြဘူးနော်....

ပြီးတော့လဲ ခေတ်ရေစီးကြောင်း ကြောင့် ပဲလား..နေရာထိုင်ခင်းကျဉ်းကျပ် လာ လို့ လား မသိ စိုင်းတို့  ပလပ်စတစ် စင်းတုန်း ကို သုံးနေကြတာ ကြာပါရောလား.....

ကဲ.... ဒီသတင်းစာ ဖြတ်ပိုင်းလေး ကို ဖတ်ပြီး စိုင်းတော့ သစ် စင်းတုန်းပြေးဝယ်တော့မယ်ဗျာ..

သုတေသနပြူချက်တွေအရ... သစ်စင်း တုန်း က ဗိုင်းရပ်စ်တွေ ကို အလိုလိုပျက်ပြုန်းစေသတဲ့ဗျ..

ပလပ်စတစ်မှာ တော့ ဗိုင်းရပ်စ်တွေ ပိုသက်ဆိုးရှည်တယ်တဲ့နော်...


TO BANGKOK WITH MOM..

Monday, March 09, 2009

ဘယ်က စပြောရမလဲ မသိ လို့  ခွင့်လွတ် ကြပါ ခင်ဗျာ..လို့ ပဲပြော ပါရစေနော် ...

နှစ် စ မှာ Happy New Year ပြောပြီး ပျောက်ချက်သား ကောင်း နေလို့  ဘာတွေ လုပ်နေလဲ မေး ကြ တဲ့ ချစ်မိတ်ဆွေ တွေ ကို လဲ ကျေးဇူး တင် သတိရလျှက်ပါ။
စိုင်း ရဲ့ မာမီ လည်လည် ရောက် နေ လို့ ရယ်..အလုပ်ပိတ်ရက် များ လို့ အလုပ် တွေ ပြတ်အောင် လုပ်နေတာ နဲ့ပဲ စာရေးတဲ့ဖက်ကို မရောက် နိုင်ခဲ့တာပါ၊ ပြီး မေမေ ရောက် တုန်း ရောက်ခိုက်..စိုင်းလဲ နဲနဲ အလုပ်ပါး တဲ့ တရုတ် နှစ်ကူးကြတော့ BANGKOK, AYUTHAYA ကို ဘုရား ဖူးပို့ချင်တာနဲ့ပဲ ယိုးဒယား ကို ရောက်ခဲ့ရပြန်တယ်လေ...အပြင်းကြီး ပြီး လာရောက် ဖတ်ရှူကြတဲ့ချစ် မိတ်ဆွေတွေ ကို တမင်လစ်လျှုရှူနေ တာ မဟုတ် ကြောင်းသိ လို့  စိုင်း ကိုအမျက်ပြေ နေကြမှန်း စိုင်း သိလိုက် ပြီ ဆိုတော့ ၀မ်းသာမိတာ အတိုင်းတက် အလွန်ပါ....

ဗီဇာ ကိစ္စ..လေယာဉ်လက်မှတ် ကိစ္စ တွေကြောင့် မေမေ တို့  စီစဉ်ထားတဲ့ရက်ထက် နောက်ကျပြီး ရောက်ခဲ့တယ်..အမှန်က စိုင်း က မေကြီးတို့ ကို ဘန်ကောက်ကိုဆင်း စောင့်ပေါ့..မေကြီး တို့ က ရန်ကုန်ကနေ ဘန်ကောက် ကို လာ..အဲ့ဒီမှာ တပတ်လောက် လည်ပတ် ကြပြီး စင်ကာပူကိုလာ မယ် ဆိုပြီး စီစဉ်ခဲ့ပေ မဲ့ ...ရန်ကုန်ကနေ လိုက်လုပ်လို့  စိတ်ရှုတ် ရမဲ့ ဒဏ်က ..စင်ကာပူကနေ ဘန်ကောက်ကို အသွားအပြန် ၀ယ်ရမဲ့လေယာဉ်ခ ပိုကုန် ကြ ရမှာထက် ပိုဝန်ပိနေလို့ အမေတို့ ကို စင်ကာပူ ကို ပဲ အရင်ရောက်အောင် လုပ် ရတယ်ဗျာ...
နိုင်ငံ ရပ်ခြားကို အထင်ကြီး လွန်းလို့ ..ကျွန်စော် နံချင်လွန်းလို့ နိုင်ငံခြား ကိုရောက်နေတာ မဟုတ်ပေမဲ့ ..နိုင်ငံ ရပ်ခြား က ၀န်ဆောင် မှုတွေ က ချစ်လွန်းတဲ့အမိမြေ ထက် နှိုင်းမရအောင် ကောင်းလွန်းတော့ စိတ်ချမ်းသာရတာနဲ့ အမျှ ကျွန်စော် နံရတဲ့ သက်တန်းက ရှည်ကြာခဲ့ရတယ်.....စင်ကာပူ ကနေ အားတိုင်း မွေးရပ်မြေ ကို အပြေး သွား ချင်ခဲ့ပေမဲ့ အဲလို အဲ လို တွေကြောင့် မလေးရှား..ထိုင်း ကို စိုင်း ရောက် ခဲ့တာ ရန်ကုန် ကို ပြန် ရောက်တဲ့ အခေါက်ရေ ပိုများ ခဲ့တယ်...
အဲဒီ နိုင်ငံတွေ က စိုင်းကို စိုင်းရဲ့ အမိမြေ ထက်ပိုချစ်..ပိုပြီးလိုလို လားလား ကြိုဆိုသလိုပဲ...

IMMIGRATION ကို ရောက် ရင် မျက်နှာ ထား တင်းတင်းနဲ့ ၀ရမ်းပြေး ပြည်ပြန် လာ သလို ဆီး ဟောက် ... Custom ရောက် ရင်လဲ အကြီးစား မှောင်ခိုကုန်သည် လို ထိုးဖေါက် ကြည့်ခံရခြင်း ကင်းဝေး တဲ့ သူတို့ တွေရဲ့လေဆိပ် တွေမှာ..စိုင်း ရဲ့ GUCCI luggage လေးကို style ကျကျလေး ဆွဲပြီး...Hello Sir... Welcome Sir.. ခေါင်းလေးမော့...အခေါ်ခံ ရတဲ့ ကြည်နှူး စရာတွေ ကို စိုင်းကြိုက်နှစ်သက် နေတတ် ခဲ့ ရပြီလေ..ကြိုက်နေရတဲ့ အကြောင်း ကြိုက်ချင်စရာကောင်းကြောင်း အမေ့ ကိုလဲ ဒီတသက်မှာ ပြချင် လို့ လဲ အမေ့ ကို တခြား နိုင်ငံခေါ်သွား တာလဲ ပါတာပေါ့....












 
Add to Technorati Favorites