HAPPY NEW YEAR

Thursday, December 31, 2009

အာလုံး မင်္ဂလာပါ။

နှစ်သစ် အခါ သမယ မှာ စိုင်း အလိုချင် ဆုံး ကတော့ အမိမြန်မာ ပြည်ကြီး သာယာစည်ပင် ၀ပြော ပြီး ကမ္ဘာ မှာ မြန်မာဟေ့ လို့ ကြွေးကြော် နိုင်မဲ့ နေ့ ရက် လေး ပါဘဲ လို့ ။

အဲလိုဖြစ်တဲ့နေ့ ဟာ စိုင်း တို့  လူဝင်မှုကြီးကြီးကြပ်ရေး ငှါနဟာ ထောင်သောင်းများစွာ တန်းစီနေတဲ့ မြန်မာ လူမျိုးတွေကို နိုင်ငံကူး လက်မှတ်ထုပ်ပေးနေရမဲ့ အလုပ်တွေရော့သွားပြီး ၊ နိုင်ငံခြားသားတွေကို မြန်မာပြည် တွင်း အလုပ် လုပ်ခွင့် ပါမစ်တွေ စီစစ်ချထားနေရမဲ့ အလုပ်ရှုတ်နေရမဲ့ နေ့ တွေ ဖြစ်နေမှာပဲ...

အရှေ့တောင် အာရှ ရဲ့ ၀င်ပေါက် ထွက်ပေါက် အရေးပါ အရာရောက် တဲ့ နိုင်ငံ မှာ စိုင်းတို့ ရဲ့ လူမျိုးတွေ ကိုယ်ချစ်တဲ့ အမိနိုင်ငံတော်မှာ ကိုယ်ချစ်တဲ့ ရေမြေတောတောင် သဘာဝ ၊ ကိုယ့်မိသားစုတွေ နဲ့ နွေးထွေး သိုက်ဝန်း ဖူလုံစွာ နေနိုင်မဲ့ နေ့ တွေဖြစ်နေမှာပဲ..

တို့ မြန်မာတွေ နိုင်ငံခြား ထွက်တဲ့ ခရီးတာ အပျော်ခရီး၊ ဈေးဝယ်ထွက်တဲ့ခရီး၊ မြန်မာကုမ္မဏီတွေရဲ့ နိုင်ငံတကာ ရုံးခွဲတွေမှာ ကြီးကြပ်ရေးတာဝန် ထမ်းဆောင်ဖို့ သွားရောက်ကြတဲ့ခရီး ဖြစ်မဲ့ နေ့ ရက်လေး အမြန်ဆုံးရောက် ပါစေ ဆုတောင်းရင်း..အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေဗျာ။

1 comment:

SS said...

What a grate wishes!We all are waiting for that day to come in near future.

 
Add to Technorati Favorites