အလွမ်း....

Thursday, June 04, 2009

ဘာကြောင့်မှန်း မသိ.. ဒီနေ့ လွမ်းတဲ့ အရသာလေး ကို အာရုံရနေ တယ်...

အိမ် ကနေ အလုပ် အလာ.. ရထား ပေါ်မှာ စလာ လိုက်တဲ့ အလွမ်း ခရီးလေး က ရုံး ရောက် တဲ့ထိ မဆုံးသေးဘူး..
711 က ၀ယ်ခဲ့တဲ့ Mocha ကော်ဖီ လေး တစိမ့်စိမ့် သောက်ရင်း အီးမေးလ်တွေဖတ်နေရင်း၊ ဆက်လွမ်း နေမိတယ်။

"အလွမ်းခြေရာများ".......မဟုတ်သေးပါဘူး။

အင်း.. ငါရေးချင် တာ က ခြေရာ လေးတွေထက် ပို ကျယ်ပြန့်ပါတယ် လေ...နေရာလေးတွေ..အမှတ်တမဲ့ အဖြစ်လေးတွေ....လူတွေ...အားလုံး ကို လွမ်းနေတာ ဆို တော့ "အလွမ်း".......ပဲ ကောင်းပါတယ် ...

လွမ်း တယ် ဆိုတဲ့ စကား ကို လွယ်လွယ်ကူကူ ဆွဲ ယူ ...အလွှဲသုံးစား လုပ် လိုက်တယ် လို့ ပြောကြမလား..အများ က လွမ်းတယ် ဆိုတာနဲ့ ချစ်သူ ကို...ချစ်ခဲ့ဘူးတဲ့ သူတွေ လွမ်း နေတယ် လို့  ထင်ကြမှာလေ..ငါ က နေရာဒေသ..အဖြစ်အပျက်..တခါတလေ ငါက မရင်း နှီးတဲ့ သူစိမ်း ကိုတောင် လျှပ်တပျက် တွေးမိ လွှမ်းမိ တတ်တော့....အဲဒါ လွမ်း တာ မဟုတ်ဘူး....အလွမ်း ဆိုတာ မသုံးသင့်ဘူး ပြောကြ မှာ...ထားပါ.......ငါ့အထာ နဲ့ ငါလွမ်းတာ...

အတွေး အာရုံတွေ နဲ့ အတူ လွမ်း တမ်းတ တာ ဆိုတော့လဲ သမိုင်းဖြစ်စဉ် တွေ လို ခုနှစ် သက္ကရစ် တွေ နဲ့ မဟုတ်ပဲ ဟိုရောက် ဒီရောက် ပေါ့.....ဆက်စပ်မှု ရှိ တာ တွေရော..မရှိတာ တွေရော..လတ်တလော အဖြစ် တွေ ၊လူတွေ အကြောင်း တွေးမိရင်း..ခနတွင်း မှာတင်..လွန် ခဲ့တဲ့ နှစ်ပေါင်း များစွာ က အကြေင်း တွေ ကို မြင်ယောင် တမ်းတနေမိပြန်ရော။

တချို့ အဖြစ်လေး တွေ က ကြည်နှူး နွေးထွေးမှု ကို ပေးနေဆဲ.......

တချို့ အဖြစ်လေး တွေ က အော်.....ဆိုးလိုက် တဲ့ ငါ.....

တချို့ အဖြစ်လေး တွေ က .."သူဘယ်မှာလဲ.....သတိရနေတယ်...တခါတလေတော့လဲ လွမ်းမိပါတယ် "သီချင်းကို ငြီးဆို စေတတ်သေးတယ်...

(ဆက်ရန်)






mo·cha = a superior Arabian coffee consisting of small green or yellowish beans, a coffee of superior quality

 
Add to Technorati Favorites