Father!

Monday, June 21, 2010

အဖေ နေကောင်းရဲ့လား...

အဖေ့ဘေးမှာ ဘယ်သူတွေရှိနေလဲ၊

ဒယ်ဒီလို့ ခေါ်ရင်ကောင်း မလား မသိဘူး၊ ဒါမှ မဟုတ် ရှမ်းလို "အု...ကြိုက်လား...ပေါ့..လို့ ခေါ်ရမလား "

သားတို့တွေလဲ အဖေနဲ့ နီးနီးကပ်ကပ် အားပါးတရ မနေဖူး မခေါ်ဖူးတော့....မခေါ်ဖူးဘူး ဆိုလို့..သေချာစဉ်းစားရေတွက်ရင် အခါ ၁၀၀ တောင် ရှိရဲ့လား မသိဘူးနော်၊

အဖေ ဆိုတာ ခေါ်ချင်ခဲ့တယ်၊ အဖေ့မေတ္တာ ကိုတောင့် တ ခဲ့ တဲ့ အကြိမ်တွေ ကတော့ မရေတွက်နိုင်အောင်ပါပဲ အဖေရယ်၊ ခုထိပါပဲ။

အဖေ အနှီးအနား မှာ မရှိတော၊့ လော က ကို ရဲရဲ ကြီး ရင်ဆိုင် နေရပေမဲ့ အား တင်းထား တဲ့ စိတ်တွေ ခန္ထာကိုယ် တွေ ကြားမှာ အားငယ် တတ် နေ တာကို ဘယ်သူ သိမလဲနော်။

ကောင်း တဲ့ဖက် ကပဲ တွေးကြရအောင် အဖေ...အဖေ မရှိတော့...အားတင်းရင်း အားတင်းရင်း.. ကြိုးစားချင်စိတ်တွေ ပို ရှိလာ တယ်၊ ဘ၀ မနိမ့်ကျအောင် လုပ်ချင်စိတ်တွေ တိုးပွားလာတယ်၊ ရုန်းကန် နေရတဲ့ အမေ့ကို ပြန်လည် ပေးဆပ်မယ် ဆိုတဲ့ အသိစိတ်တွေ ရှိလာတယ်လေ...

စွမ်းသလောက်ကြိုးစားခဲ့ပါတယ် အဖေ၊ အဖေ့သားကြီး နဲ့ မောင်နှမတစု " ထိပ်ဆုံးမရောက် ခဲ့ပေမဲ့၊ အလည် အလတ်တော့ ရောက်ခဲ့တယ် ထင်ပါတယ် "

ကျေးဇူးပါအဖေ..မွေးသဖခင်...ပေါ့နော်

(အဖေများနေ့ အမှတ်တရ)

2 comments:

Anonymous said...

I sympathy your feeling bro.
Pho-Kachin

sai sai said...

Thanks my bro.....That's life.

 
Add to Technorati Favorites