SHAN NEW YEAR 2011 SINGAPORE

Thursday, September 01, 2011


တခန်းရပ်သွားတဲ့ အလွမ်းဇာတ်လမ်းရှည်..

Wednesday, July 13, 2011

ရာသီအလီလီတော့မပြောင်းခဲ့ပါဘူး နာရီပေါင်းတော့သောင်းသန်းချီခဲ့တယ်နော်၊
ငါ့အချစ်တွေဟာလဲ နှစ်တော့မပြောင်းလိုက်ရဘူး ရည်စူးထားတဲ့ နှစ်ပေါင်းအသင်္ချေထ၊ိ
ဒါပေမဲ့ ရင်ထဲမှာတော့ ချစ်ခြင်းအလင်္ကာတွေက ဆယ်ကမ္ဘာ ချစ်ခဲ့ရသလို..
မင်းကိုလွမ်းရင်း တခန်းရပ်သွားတဲ့ အချစ်ဇာတ်လမ်းကို
ပိုပိုသာသာ ငါအသက်သွင်းပြီး စည်းချက်မမှန်
ဟန်ချက်မညီတုန်ရီနေတဲ့ ရင်ခုံသံတွေနဲ့ အလွမ်းဇာတ်လမ်းရှည်ဖွဲ့မိနေတယ်..သိလား........
နာကျင်တာပေါ့ဟာ ဒါပေမဲ့ ဒီလိုပြီးဆုံးသွားရမှာကိုတော့...မဖြစ်ဘူးလားလို့။

စတွေ့ခဲ့တုန်းကပေါ့.. နီးသလိုဝေးသလို အတွေးပိုတော့..
မချစ်ပါဘူး..မဖြစ်ပါဘူး.. ဒီအရူးလေးနဲ့ ..ရင်ထဲမှာ ငါ ပြောခဲ့မိတဲ့စကား..
ခုတော့ ခါးခါး မှန်းသိရက်နဲ့ ငါ့စကား ငါဝါးစားနေရတယ်.. ရူးခဲ့သူက ငါဖြစ်နေတာကိုး။

ဘယ်လိုမှ မဖြစ်နိုင်မှန်း ရပ်တန်းကရပ်စမ်း အမြဲတမ်း ငါ့ကိုငါသတိပေးရင်း..
ရက်ကို လ နှင်းခြေသွားခိုက် လင်းလိုက်မှောင်လိုက် နေ့တွေ တိုက်စားသွားရင်း...
အရာရာမှာလစ်ဟင်း ချင်တာ လစ်ဟင်း မင်းရှေ့မှာ အချိန်ပြည့်ရှိဖို့ကြိုးစားရင်း..
မင်းပြုံးခါပျော်နေမှ..မင်းငါ့ကိုဗိုလ်ကျနေမှ..မင်း ကိုယ်ပူရင် ငါနေမရ ဖြစ်ခဲ့ရင်း
မိုးလင်းထိ မင်းအိပ်နေတာလေးကို ဖန်သားပြင်မှာ ကြည့်ရင်း..
ခုထိငါလေ.. ကျေကျေနပ်နပ်ကြီးလွမ်းနေမိတယ်..သိလား..။

ငါတို့နှစ်ယောက် ချစ်ခရီး မနီးခဲ့ပါဘူး...
ငါတို့နှစ်ယောက် အနမ်း..ကြမ်းတမ်းပါတယ်..ကွန်ပျူတာဖန်သားပဲနမ်းခဲ့ရတာလေ..
တနယ်ခြားမှာ မင်းအားငယ်နေမှာစိုးလို့ ငါဘယ်မှမသွားခဲ့ဘူး ထမင်းဘူးလေးဆောင်
အလုပ်များသယောင်နဲ့ ဒေါင်ဒေါင်ဆိုတဲ့ မင်းစာရိုက်သံလေးကို
ဟင်းချိုလုပ်သောက်ခဲ့တယ်...နော်..။

မိုးလင်းရင် ပြီးရမဲ့ တခန်းရပ်ပြဇာတ်လို ငါငိုရမယ်ဆိုတာသိပေမဲ့
ခုပဲ ချိုနေတဲ့ ချစ်စကားဖွဲံနေကြတဲ့မင်းနဲ့ငါ..
အခါတော်ပေးလို့ ဝေးခဲ့ရတော့ မိုးလင်းတာမြန်လိုက်တာလို့ ငါမပြောအားခဲ့ဘူး...
လပေါင်းများစွာ မအိပ်ပဲ မက်နေခဲ့တဲ့အိမ်မက် က ရက်စက်လိုက်တာလို့လဲမပြောအားခဲ့ဘူး..
အရူးအမူးနဲ့ မင်းရဲ့ခြေရာကိုလိုက်ကောက်နေရလို့လေ..။

အပြုံးချိုတဲ့မင်း အချစ်အလုံးစုံကိုနှင်းချေလို့ ခြေရာဖျောက် လို့ခပ်တင်းတင်းနေနိုင်ခဲ့ပေမဲ့
ငါလေ...
တခန်းရပ်သွားတဲ့ အချစ်ဇာတ်လမ်းကို ကြံဖန်ဆက်လို့
တခါတလေ မင်းလဲ ငါ့ကိုသတိတော့ရမှာပါလို့..
ခုချိန်ဆို ဘယ်လိုနေကာ ဘာတွေ လုပ်လို့..မြင်ယောင်ခါတမ်းတလို့
ဒါမှမဟုတ်တီတီတာ ငါတို့ ပြောခဲ့တဲ့စကားလေးတွေ ပြန်ခါ ရှာဖတ်နေမှာလားလို့
..ငါလေ..
လွမ်းနေတုန်း..
(စိုင်းစိုင်းအိုခေ)....

I am OK...SaiSaiOk

Monday, December 13, 2010

စိုင်းစိုင်းအိုခေ လို့facebookမှာလူသိများပါတယ်ခင်ဗျာ..ခေါင်းစဉ်တတ်ထားတာကို က ကိုယ်ရေသွေး မဲ့ပို့စ် ဆိုတာသိသာနေမလားပဲ..



ငယ်တုန်းကတော့ အုန်းကျော် ဆိုတဲ့နာမည်ကို သိတ် Fancy မဖြစ်လို့မကြိုက်တာကို ၀န်ခံတယ်ဗျာ. ရှမ်းပြည်မှာ နေတော့အားလုံးလိုလို ကစိုင်းဖြစ်နေတော့ စိုင်းကိုထည့်ခေါ်လေ့မ၇ှိကျဘူးလေ
စက်မှုတက္ကသိုလ်ရောက်မှသူငယ်ချင်းတွေရော.နေရာတိုင်းလိုလိုမှာရောစိုင်းထည့်ခေါ်တော့နဲနဲ ကြိုက်လာတယ်..

စင်ကာပူရောက်ပြီး စိုင်းစိုင်းခမ်းလှိုင် ခေတ်ရောက်လာတော့ သူငယ်ချင်းအသစ်တွေနဲ့မိတ်ဆက်တော့ မိတ်ဆွေတွေက  စိုင်းစိုင်း လို့ ပြောပြီးဆက်တော့ တွင်သွားရော..facebook era ကျတော့ စိုင်းစိုင်းအိုခေ ဆိုတာ ကိုယ့်ရဲ့ identity တစ်ခုလိုဖြစ်လာတော့ ငယ်ငယ်က နာမည် ကောင်းကောင်းလှလှလေး မပေးရ ကောင်းလားလို့ အမေ့ကိုအပြစ်တင်နေချင်တဲ့ စိတ်က အဟဲ ကျေးဇူးတင်တဲ့စိတ်လေး ဖြစ်သွားရော..
ကဲပါလေ..၆လမှတစ်ခါလောက် ပေါ်လာတတ်တဲ့ စိုင်းကိုစိတ်ကုန်သွားတယ်ထင်ပါ့ လာလည် လာနှုတ်ဆက် နေကျမိတ်ဆွေတွေတောင် မတွေ့ရတော့ဘူး..
စိုင်းရေးတဲ့ဘလော့ဂ်ကလဲများတယ်..ဘိုလိုရော..မြန်မာလိုရော..ခရမ်းပြာပြောသလို ဘလော့ဂ်သူဌေးဖြစ် နေတယ်..၀န်ပိပြီး ဘာမှ ကောင်းကောင်းမထွက်လာနိုင်ဘူး..ဟိုစပ်စပ် ဒီစပ်စပ်နဲ့.. တစ်ခါတစ်လေ ကိုယ့်ကိုကိုယ် ဘရိတ်အုပ်နေရတယ်..အကုန်လုံးတတ်ယောင်ကား ဖြစ်နေပြီဆိုပြီး...

ဒီဇင်ဘာ ၁၀ရက်နေ့မှာ စိုင်း တစ်နှစ်ပိုကြီး သွားပါတယ်..အလေးချိန်လဲပိုစီးလာပါတယ်...တစ်ကယ်ပါ..
"အကောင်ကြီးပြီး အလေးချိန်ပဲ မစီးဘူး" ဆိုတဲ့ ရှုဒေါင့်ကနေတော့ စိုင်းတစ်ကယ်ကိုမစီးသေးပါဘူး.. ရုပ်ပိုင်း ဆိုင်ရာ ကတော့ အလေးချိန်စီးပြီး ယိုယွင်းနေပါပြီ..

မွေးနေ့ဆုတောင်းပေးပို့ကျတဲ့ ရပ်နီး ရပ်ဝေး မိတ်ဆွေသူငယ်ချင်း ညီအစ်ကို မောင်နှမ များအားလုံးကို ကျေးဇူး အထူးပါ..စိုင်း ဘ၀လမ်းခရီးမှာ ချိုချဉ်ဖန်ခါး မျှဝေစားရင်း အချိန်များကို အဓိပ္ပါယ်ရှိအောင် သိရက်နဲ့ တမျိုး မသိရက် တမျိုး ပံ့ပိုးပေးခဲ့ကျသူများ အားလုံး ကိုလဲကျေးဇူးပါ..
စိုင်းအုန်းကျော် ခေါ်  စိုင်းစိုင်းအိုခေ ခု သူငယ်ချင်းမိတ်ဆွေ တွေနဲ့အတူ His.tori ဆိုတဲ့ Modern Japanese & Korean Fusion ထမင်းဆိုင်လေး ဖွင့်ထားပါတယ်. ဈေးနှုန်းချိုသာစွာ အရသာ ၇ှိတဲ့အစားအသောက်များ နဲ့အတူ ဆိုဂျု..ဆာကေး များပါ သုံးဆောင်နိုင်ပါတယ်..စိုင်းစိုင်းမရှိလဲ စိုင်းစိုင်း အိုခေ သူငယ်ချင်းလို့ ပြောပြော.. မြန်မာစကား ပြောတတ်ရင် ကိုပဲ အထူးဗွီအိုင်ပီ သတ်မှတ်ပြီး ၁၀% လျှော့ဈေးပေးပါမယ်.. လိပ်စာ ကတော့ 20 Tanjong Pagar Road Singapore 088443 (tel ; 6224 6539) ပါ... မွေးနေ့ပွဲ.. မိတ်ဆုံစားပွဲ လုပ်ချင်တယ် ဆိုရင်လဲ အထူးစီစဉ်ပေးပါတယ်..
အလုပ်တွေပိုများလာမှာမို့ ဒီမှာတက်မရေးချင်လို့ဆင်ခြေ ဆင် Leg ပေးနေတာဟုတ်ပါဘူးဗျ.. အမြဲအားပေးနေတတ်တဲ့ ညီအစ်ကိုမောင်နှမများကို အမြဲသတိရနေလျှက်ပါ..

အားလုံးကိုချစ်ခင်လေးစားတဲ့

စိုင်းစိုင်းအိုခေ

SHAN NEW YEAR FESTIVAL 2010 (PI MAI TAI 2105) SINGAPORE

Thursday, October 28, 2010


Sai's Today Lunch

Sunday, July 25, 2010

မတွေ့ တာကြာလို့ဧည့်သည် တွေကို သူငယ်ချင်းတွေ ကို အိမ်မှာထမင်းခေါ်စား မလို့ပါ..နောက်တော့ ပျင်းတဲ့စိတ်က အနိုင်ယူ
သွားတော့ အိမ်မှာ ရှိတာပဲချက်ပြီး ကိုယ့်အတွက်ပဲ ကိုယ်ချက်စား လိုက်တယ် အဟဲ။
အပြင်မှာ ပဲ တနင်းလာ ကနေ သောကြာ၊ တခါတလေ စနေနေ့ပါ အပြင်မှာ စားနေရတော့ ဘိုစာ တွေ၊ အပြင်စာတွေ ကို မငြီးမငြူစားနေရတဲ့ ကိုယ့်ကိုယ်ကို ရိုးရာစာ အဖွားမီးဖိုချောင် က အစားအစာလေးတွေ ချက်ကြွေးအုံးမှ လို့ စိတ်ကူးရ ပေမဲ့ မီးဖိုထဲ ကို ရေခဲရေ ၀ိုင် ဘီယာ လောက်ပဲ ယူဖို့လောက် ပဲရောက်ဖြစ်တဲ့စိုင်း ဘာချက်ရမယ်သိသေးဘူး၊ ရေခဲသေတ္တာမှာ ဘာတွေ ရှိမှန်း မသိသေးဘူးလေ၊ မနေ့ကတော့ ထမင်းထွက်စားရင်း မုန်ညှင်းရွက် လတ်လတ်ဆပ်ဆပ်လေးတော့ ရှိနေတယ်..
ငါးကြင်းလဲရှိတယ်..ဟား ခရမ်းချဉ်သီးတစ်လုံးကျန်နေသေးတယ်..
ရှမ်းပဲပုတ်လေး လို့ခေါ်ခြင်ခေါ်ပါစေ ဒါကိုပွေ မယူနိုင်ပါဘူးလေ..ဆိုသလိုပဲ၊ ပဲပုတ်ထောင်းမယ် ခရမ်းသီးနဲ့..
ပြီးတော့ ငါးကြင်းကြော်လေးနဲ့.....
မုန်ညှင်းကိုတော့ အချဉ်မချက်တော့ဘူး. ရေနွေးဆူဆူထဲ မုန်ညှင်းပြစ်ထည့်လိုက်တယ်.. ဆား အချိုမှုန့် ပြစ်ထည့်..၁၅ မိနစ်လောက် ကြာတော့ အရွက်လဲနှူး တော့မှ ကြက်ဥ ထည့်ပြီး မွေ ပြီး ချလိုက်တယ်..ငရုတ်ကောင်းလေး ဖြူးပြီး ...စားဖို့ အဆင်သင့်ပေါ့..ကြုံတုန်းစားသွားနော်... ဟဲဟဲ

Mom!

Tuesday, June 29, 2010

Mail ကနေရလာတဲ့ စာလေးကို ခုမှ သေချာဖတ်ကြည့်မိတယ်၊ တစ်ယောက်ယောက်ကရေးထားတဲ့ blog post လေးလိုတော့စိုင်းထင်ပါတယ်၊ ဒါပေမဲ့ မေးလ်မှာ ပါမလာလို့ credit တွေ မရေးပေးလိုက်တာ ကို စိတ်မကောင်းပါဘူးဗျာ၊

တော်တော်ကိုမျက်ရည်ဝဲလောက်အောင် မှန်တဲ့ အမေ့အကြောင်းလေးမို့ မျှဝေခံစားချင်လို့ စိုင်း ဘလောဂ်မှာ တင်လိုက်တာပါ...
စိုင်းစိုင်းနဲ့ မေမေ
ခြေတလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့
ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပါ။ တစ်နှစ်ပြီး တစ်နှစ်
အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာ တစ်ဖြည်းဖြည်း
ကျဉ်းလာသည်။ မွေးရပ် မြေကအမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။

လွန်ခဲ့သောနှစ် (၂၀) က မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို
စူးစမ်းဖို့ ကျွန်တော် ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း (၂၀) အတွင်း ပီကင်းမှ
ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်ခ်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ
တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှ ဆစ်ဒ်နီသို့ အလုပ်လုပ်ရင်း လှည့်လည်ရင်း
ကျွန်တော်ရောက်ခဲ့ဖူးသော နိုင်ငံများ (၂၀) ကျော် ခဲ့သည်။

နေရာသစ် တခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်
ပြောင်းလဲနိုင်ခဲ့ဖူးသည်။ သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ
မပြောင်းလဲနိုင်ခဲ့။ IP ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်
ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏အေးချမ်းသော အသံသည် ဘ၀၏စိန်ခေါ်မှုများကို
ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား ပိုဖြစ်စေခဲ့သည်။

အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအိုစာသွားခဲ့သည်။ အမေ့နှင့် ဖုန်းပြောတိုင်း
ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကိုစိတ်မပူဖို့၊ နေရာ တကာ သတိနှင့်သွားလာဖို့၊
ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင်
ပျက်မည်ဖြစ်ကြောင်း ထပ်သလဲလဲ ပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေ
ကျွန်တော့်ကို လွမ်းနေပြီ တွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော် သိလိုက်ပါသည်။

အမေ (၇၅) နှစ် ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ၊ စိတ်ထဲက အစီအစဉ်တွေ
ကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း
ဘာမှမလုပ် ဘာမှ မတွေးဘဲ အမေ့အနားတွင် နေမည်။ ကျွန်တော်ပြန်လာခဲ့မည့်အကြောင်း
အမေကို ဖုန်းဆက် အကြောင်းကြားပြီးနောက် အမေ စတင် အစီအစဉ်ဆွဲတော့သည်။
မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာ
များ မှတ်၊ ကျွန်တော် ငယ်ငယ်က ကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊
ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေ
ရှုပ်နေခဲ့သည် ဆိုသည်ကို နောက်မှကျွန်တော်သိခဲ့ရသည်။ အသက် (၇၅) နှစ်
ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ ကျွန်တော်
ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။
အမေနှင့်တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟု စိတ်ကူးနှင့် လေယာဉ်ပေါ်တွင်
ကြည်နှုးနေမိသည်။ တကယ်တမ်း အမေနှင့် တွေ့သောအခါ ကျွန်တော်ပြေးမဖက်မိ၊
အိမ်ပေါက်ဝတွင် ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်။ မျက်နှာပေါ်က
အရစ်
အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့။ အမေ တော်တော်
အိုစာသွားခဲ့ပါလား ။

အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေ
စတင် ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော် မကြိုက်တော့ကြောင်း
အမေကို မပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီ ဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊
ပေါ့တစ်ခွက် အရသာများ အရင်နှင့် မတူတော့။ ကျွန်တော်အတွက် ပြင်ဆင်ထားသော
အိပ်ရာခင်းမှာလည်း ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထို
စောင်ထူကြီးများကို ခြုံအိပ်ရသောအကျင့် ကျွန်တော်မှာ မရှိတော့ ။ ဂွမ်းစောင်အစား
သိုးမွေးစောင် နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော် မပြောဖြစ်ခဲ့။
ကျွန်တော်ပြန်လာတာ အမေ့ကို လွမ်းလို့ တွေ့ချင်လို့ ပဲလေ။

အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များ ရှုပ်နေသောကြောင့် အမေနှင့်
စကားကောင်းကောင်း မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ၊
လူ့ဘ၀အကြောင်းများကို ထပ်သလဲလဲ ပြောနေတော့သည်။ ထိုအကြောင်းများသည် လွန်ခဲ့သော
(၁၀) နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများဖြစ်သည်။
ထိုအကြောင်းအရာနှင့် ကျွန်တော့်၏ဘ၀နှင့် အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီး
ပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်လာလျှင် ထိုအကြောင်းအရာများသည်
ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေးနှင့် တစ်နေရာရာကို
ငေးကြည့်နေတတ်သည်။

မျက်စိများ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေ ဟင်းချက်ရာတွင် သန့်ရှင်းမှုကို
ဦးစားမပေးတော့ကြောင်း ကျွန်တော် သတိပြုလာမိသည်။ အမေချက်သော ဟင်းထဲတွင်
တစ်ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို၊ ထမင်းဟင်းများ
ကြမ်းပြင်ပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည်
ယခင်ကနှင့် မတူတော့။ အိမ်တွင်မချက်စားဘဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ
အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။
ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် "ငါ
လှုပ်ရှားနိုင်သေးတယ်။ ငါ မအိုသေး" ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။
ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်း လိုက်ချင်သည်။ နောက်ဆုံးတွင်
အမေခြေလှမ်းကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။

အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော်အယူအဆများသည်
မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟု အမေ ထင်နေသည်။ အရာရာတိုင်းသည်
ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကို ကျွန်တော် အားမနာစွာ အမေ့ကို
ပြောဖြစ်ခဲ့သည်။

နောက်ပိုင်း အမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည်
စိတ်အနှောင့်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲခြင်းများကိ
ု လုပ်လာမိသည်။
ကျွန်တော် စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီး ပြောမိခြင်း၊
စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး
တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။

ခွင့်တစ်လပြည့်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်း
တစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော်အား
ပေးလေသည်။ ထိုသတင်းစာ ဖြတ်ပိုင်းများမှာ ကျွန်တော် ပြည်ပရောက်စဉ် ကျွန်တော်
ရောက်ခဲ့ ဖူးသမျှ နိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။
ကျွန်တော်ကို ပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက် ညှပ်ပြီး အမေ
သိမ်းထားခြင်းဖြစ်သည်။ ကျွန်တော်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ
ယူဆောင်သွားစေလိုသည်။

မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာ တစ်မျက်နှာချင်းကို
ကုန်အောင် ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုသည်ကို
ကျွန်တော်အသိ။ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော်
ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေး
တစ်ခု လွှင့်ကျသွားသည်။ ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူ
လိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။

"ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့်ကို ပြပါလား"

အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။

"ငါ အိုသွားတဲ့အခါ"ဟု ခေါင်းစဉ် တပ်ထားသော ၂၀၀၄ နှစ် ၁၂ လပိုင်း ၆ ရက်နေ့က
ဆောင်းပါးလေး ဖြစ်သည်။ ဆောင်းပါးလေးမှာ


"ငါ အိုသွားတဲ့အခါ"

ငါ အိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊
စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ
ချည်ဖို့ မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါ သင်ပေးခဲ့တာတွေကို
ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ
ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည
ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါ ချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့၊
ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ် လေးကို
မြင်ယောင်ပေးပါ။

ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကို မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက
"ဘာကြောင့်" ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါ ပြန်ဖြေခဲ့တာကို
သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့
လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်း က တစ်လှမ်းချင်း
လှမ်းလျောက် ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါ
မေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကား အကြောင်းအရာတွေက ငါ့အတွက်
အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ
အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါ လမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့
ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါ
ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ
တွေ့ရမှာပါ။


ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။
ကျွန်တော် သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများကို
ထည့်လိုက်သည်။ ကျန်သော ဖြတ်ပိုင်းများက ကျွန်တော်အတွက် အသုံးမ၀င်သော်လည်း
ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော် ဘယ်နေရာ ရောက်ရောက် ကျွန်တော်
အပါးအမြဲမခွာတော့။

ယခုထက်ထိ ထိုမှန်ဘောင် သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့်
စာကြည့်စားပွဲပေါ်တွင် ရှိနေသည်။ ကျွန်တော့်လို ဘ၀တူ အမိမြေကို ခွဲပြီး အမေနှင့်
ဝေးနေသူများ အတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။ အမြဲ
ဖုန်းမဆက်နိုင်သော်လည်း အခါကြီး ရက်ကြီးများတွင် အမေ့ကို ဖုန်းဆက်ပြီး
သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သော ဟင်းများကို
စားချင်ကြောင်း...............

Shan Lunch with Sai Sai

Saturday, June 26, 2010

Saturday & Sunday ဆို အားရအောင် အိပ်တတ်တဲ့ စိုင်း ဒီနေ့လဲ ထုံးစံ မပျက်ပါဘူး၊ ဗိုက်ထဲ က သံစုံတီးလုံးတွေ ကြားမှပဲ အိပ်ယာ က ထဖြစ်တော့တယ်၊ နာရီကြည့်တော့ မနက် ၁၁နာရီ၊ ဒီနေ့ အစီအစဉ်ဘာတွေလဲ ပြေးကြည့်တော့... umm! nothing so far! Then what's next? ဘာ မှ မရှိ၊ သွားစရာ မရှိသလို စားစရာ ဘာမှ ၀ယ်မထားတာ ကိုလဲ သတိရမိတယ် အဟဲ။

မျက်နှာသစ်၊ Fridge ထဲက နွားနို့တဗူးဆွဲ သောက်ရင်း အိမ်နား ကဈေး ကိုထွက်ခဲ့တယ်၊ ဒီနေ့တော့ ရှမ်းစာလေးတွေ ချက်စားမယ်လေ၊ ငယ်ငယ်က ကြားဖူးတဲ့ ချိုပြုံး သီချင်းလေး ကို အမှတ်ရသွားလို့...ဘာလဲသိကြလား? ရှမ်းလို ဆိုလိုက် ဗမာလို ဆိုလိုက်နဲ့လေ.."ခရမ်းသီး -မခေ၊ ကျား ကို ဆေ၊ ယုန်ကို ပန်တိုင်း..မီး ကို ဖိုင်း" ဆိုတာပါ။

စိုင်းအဖွား ထောင်းကြွေးနေ ကြဆိုတော့၊ အဖွားကို ကူရင်း ကူရင်း ရခဲ့တဲ့ My Grandmother's Kitchen ရဲ့ လက်ရာပေါ့၊ ခရမ်းသီးကို ပဲပုတ်နဲ့ထောင်းတာ...
ပြီးတော့ အရည်လေးလဲရ၊ အရွက်လေးလဲစား၊ အသားလေးကိုသတ်သတ်ဖယ်ပြီး ချဉ်ငံစပ်ဆော့စ်လေး လုပ်ပြီးတို့စားလို့ရတဲ့မုန်ညှင်းစောချက်မယ်၊စိုင်းတို့နားကဈေးလေးကကောင်းတယ်၊တော်တော် နောက်ကျတဲ့ ထိရောင်းတယ်၊ မုန်ညှင်းကြိုက်တတ်တဲ့စိုင်းနဲ့လဲကိုက်တယ်..မုန်ညှင်းမျိုးစုံရောင်း လို့လေ။

ချက်ရင်းနဲ့ လဲ အတွေးတွေ ဟိုပြေး ဒီပြေးနဲ့ ပျော်မိတယ်၊ ကျေနပ်မိတယ် လက်ရှိဘ၀လေး ကို၊ ပြီးပြည့်စုံတယ်လို့တော့ မပြောပါဘူး၊ အလုပ်အကိုင် လေးလဲ သူ့ ဟာနဲ့တူ ပုံမှန်...၀င်ငွေကလဲ ကိုယ့်အတတ်ပညာကိုယ့်အတိုင်းအတာ နဲ့ ကျေနပ်နေ နိုင်တဲ့ အနေအထား (သူများတွေ လောက် အချိန်၊ ငွေ မပေးခဲ့၊ Master, PhD ဆက်တက်ရလောက်လဲမကြိုးစားခဲ့ဘူးလေ၊ အဲတော့ လဲ Return On Investment အနေနဲ့ ပြန်တွက်ကြည့်ရင် ကိုယ် Invest ခဲ့သလောက်တော့ ထိုက်ထိုက် တန်တန်ရှိတယ် လို့ပြောချင်တာပါ၊ သူများတွေ သောင်းချီရတာ က လဲ သူ တို့ Investလုပ်ခဲ့ရတဲ့ Time & Money ရှိနေလို့ ပေါ့..

စိုင်းအတိုင်းအတာနဲ့တော့ စိုင်းကြိုးစားနိုင်သလောက် ကြိုးစားခဲ့တယ်..အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာလဲ တစ်ယောက်နဲ့ တစ်ယောက် ဘ၀ပေးချင်း မတူ...ခံယူချင်ချင်းမဟူ..ဘ၀ပေါ် ကျေနပ်မှုချင်းလဲ မတူဘူးပေါ့နော်၊ စိုင်း တစ်ကိုယ်ရေ တစ်ကာယ နေတယ်...အိမ်ပိုင်ယာပိုင် မရှိဘူး..ကားပိုင် မရှိဘူး...ဒါပေမဲ့ အပူအပင်ကင်း စွာ သွားလာ နေထိုင်..စိတ်သွားတိုင်း ကိုယ်ပါ နေနိုင်တဲ့ ဘ၀ကို ဒါဟာ စိုင်း ဘ၀ပဲလေ လို့ ကျေကျေနပ်နပ် လက်ခံပြီး ပျော်နေတာပါ..

You have no other choice! So you have to say so. ပြောတဲ့ လူရှိမှာပါ..Whatever it is..I am just happy to be myself and I love the way as it is..

ပတ်ဝန်းကျင်နဲ့ ကင်းလွှတ်နေတယ် လို့ ယူဆကြရင်... You're welcome! လာကြည့်ပါ၊ စိုင်းတမင် ဖန်တီးပြီး လုပ်ယူ နေသလား၊ စိုင်း တစ်ယော်ထဲ နေရမှာကို ကြောက်ပြီး အပေါင်းအသင်းတွေနောက် အတင်း ၀င်ရောနေရသလား..Not at all..စိုင်းလူတိုင်း ပေါ် မေတ္တာ ထားတယ်..ပါးစပ်လေးနဲ့ နှုတ်၏ ဆောင်မ ချင်းမျိုး နဲ့လူတွေကိုမပေါင်းလို့မေတ္တာရောင်ပြန်ဟပ်ပါတယ်..သူတို့တွေလဲစိုင်း ကိုအပေါ်ရံပေါင်းတာလား... မငယ်တော့ပါဘူး  အသက်တွေသိတာပေါ့နော် ဘယ်သူတွေ ကဘယ်လို စိတ်နဲ့ ပေါင်း သလဲဆိုတာ..
စိုင်းရဲ့ Facebook မှာ ရေးခဲ့ဘူး သလိုပဲ..I live to love and I love everyone..

စိုင်း ခင်တယ်..ချစ်တယ် အားလုံးကို..လူတိုင်းကို သူ့အနေအထား နဲ့ သူ၊ သူ့ အကြောင်းနဲ့သူ နားလည်တယ်၊ နားလည်ပေးတတ်တယ်..လမ်းမှာ တွေ့ ရင် ငါ့ကို မသိလောက်ပါဘူး ထင်ပြီး မခေါ်ပဲ မနေပါနဲ့..တစ်ယောက်နဲ့ တစ်ယောက်သိမှ စကားပြော ရမယ်.. ပြော စရာ Common subjects ရှိမယ် ဆိုတာ စိုင်း အတွက်တော့ သိတ်မမှန်ဘူး..
ပြောရင်း ပြောရင်းထမင်းစားဖို့ ခေါ်ဖို့မေ့နေတယ်ဗျ..စိုင်းကိုယ်တိုင် ချက်တာ.. မုန်ညှင်းကို မန်ကျည်းသီး နဲ့ အချဉ်ချက်တာရှမ်းမို့လို့ချက်တဲ့ဟင်းတိုင်းပဲပုတ်ထည့်တယ်မထင်နဲ့ဦး.. သူုနေရာနဲ့သူပဲထည့်တာ.. အဆီအသား ပါတဲ့ ၀က်ဝမ်း ဗိုက်သား လေးကို လဲထည့်ချက်တော့ အရသာ ကစီးစီးနဲ့ စားကောင်းတာပေါ့.. ရှမ်းလိုတော့ "ဖတ်ကပ်စော"...ရှမ်းပြည် က ရှမ်းလူမျိုး မဟုတ်တဲ့သူတွေ ကတော့ မြန်မာစကား နဲ့ဆို မုန်ညှင်းစော လို့ ခေါ်ကြာတာပေါ့၊ အသား မထည့်လဲ ဖြစ်ပါတယ်၊ စိုင်း က တခါချက်ပြီး ဟင်း ၂မယ်ရအောင် ချက်တာ..နူးအိနေတဲ့ အသားကို ဆယ်ပြီး ပြားပြားလှီး ပြီး ချဉ်ငံစပ် အချဉ်လေးလုပ်ပြီး တို့စားတာလေ..

ခရမ်းသီး ကိုတော့ oven ထဲထည့်ဖုတ် ပြီး ခရမ်းချဉ်သီး၊ ပဲပုတ်၊ ကြက်သွန်ဖြူ နဲ့ ပြန်ထောင်းထားတာ.. ဆီ လုံးဝမပါတော့ ဆီရှောင် ချင်နေသူများ ခံတွင်းတွေ့ ကြမှာပါ။


ပျော်ရွှင်ကြပါစေဗျာ..

 
There was an error in this gadget
There was an error in this gadget