ခုချိန် မှာ တော့ လူ တိုင်း နီးနီး ကိုယ် စီ မာလ်တီ-ပစ်စယ် ကင်မရာ ပါတဲ့ လက်ကိုင်ဖုံး လေး သွားလေရာ ဆောင် နေကြတဲ့ ခေတ်လေးပေါ့၊ တကယ်ပြော ကြ စတမ်း ဆိုရင် ဖုံးတွေဟာ သစ္စာ ရှိ ဆုံး အဖေါ် လို့ တောင် ပြောရ မယ်၊ ထို့ တူ ပဲ ကျွန်တော် တို့ လဲ သူတို မပါ ပဲ အပြင် မထွက်တော့ သလောက် ပဲ။
ဖုံး က ကင်မရာ လေး ကို ရော ကောင်းကောင်း အသုံးချကြ သလား။
ကျွန်တော် တော့ ဒီဂျီတယ် ကင်မရာ မပါတဲ့ အခါ မျိုး၊ အကြောင်း ကြောင်း ကြောင့်  ဓါတ်ပုံ ရိုက်ရမဲ့ အခါ မျိုးလောက် (အများအားဖြင့် တော့ အလုပ် ကိစ္စ တွေပါ) သာ သုံးဖြစ်တယ်။
ခု လဲ ဖုံး ကို အမှိုက် သရိုက် တွေ ရှင်းရင်း၊ ပုံ တွေ ကို တွေ့ တော့
အင်း..ငါ့ ဖုံးကင်မရာလေး ကို အလုပ်တော့ ပေးမှ ပါပဲ ၊ ငါ့ အနီးအနား က အဖြစ် အပျက်လေးတွေ ရိုက် လိုက် မျှ ဝေ ခံစား မှ ပဲ ဆိုပြီး ..
Mobile Diary လေး အနေ နဲ့ ရိုက်လိုက် ရေးလိုက် လုပ်သွား မယ်ဗျာ။ ပုံတွေ နဲ့ အကြောင်းအရာ လေး တွေ ကတော့ အစီ အစဥ်တကျ ရှိချင် မှလဲ ရှိ မယ် ၊ ရှိချင် လဲ ရှိ မယ် ပေါ့ နော်။
UOB CENTRE ရဲ့ ၅၈ ထပ် ပေါ် ကနေ ရိုက်ထားတာပါ၊ တနေ နေရာ ကနေ ဒီ ထက် ကောင်းတဲ့ ပုံတွေ မြင်ဘူးချင် မြင်ဘူးကြမှာပါ။
UOB CENTRE ရဲ့ ၅၈ ထပ် ပေါ် ကနေ ရိုက်ထားတာပါ၊
UOB CENTRE ရဲ့ ၅၈ ထပ် ပေါ် ကနေ ရိုက်ထားတာပါ၊ ဆောက် လုပ်နေဆဲ မာရီနာပင်လယ်အော် ပေါင်းစု အနားယူ အပန်းဖြေ ရပ်ဝန်း ခေါ် Marina Bay Sands Integrated Resort။
အောချတ် Orchard လမ်း တလျှောက်...ခရစ် စမတ် က ဝေးနေ သေးပေမဲ့ ခရစ်စမတ် သစ်ပင် တွေ ကတော့ နိုဝင်ဘာ လ ဆန်း ထဲ က နေရာ တကာ ဝေဆာနေလေရဲ့။
အပင် ထိပ်ပေါ် ရပ်ပြီး လမ်းသွား လမ်းလာတွေ ကို " Merry X'mas " ဆို ပြီး ဘယ်သူလုပ်ချင်လဲ ၊ ကျွန်တော် တော့ နိုး နိုး.. အမြင့်  ကြီး မှာ တယောက်ထဲ..အထီးကျန်လိုက်တာ...ဘာ လို့ ၂ ရုပ် မတင် ကြပါလိမ့်။
မလေးရှား မြို့တော် ကွာလာလမ်ပူ မှာပါ၊ ဂျလမ်း အလော် ဆို တဲ့ လမ်း လေး တလျှောက် ရေတွက် မရ နိုင်အောင် စားသောက် ဆိုင် တွေ နဲ့၊ လျှောက် ကြည့် လိုက် မြန်မာပြည် ရောက်နေလား ထင်ရ လောက် အောင် ပါပဲ ။ ဆိုင် တိုင်းမှာ မြန်မာ စားဖိုမှူး ၊ စားပွဲထိုး အကုန်လုံး လိုလို မြန်မာတွေပါ ပဲ ။
မလေးရှား မြို့တော် ကွာလာလမ်ပူ မှာပါ၊ ဘူဂစ်ဘင်တန် လျှောက်လမ်း လေး တလျှောက် အမှတ် တရ ပစ္စည်း အေ၇ာင်းဆိုင် တွေ ငေးမော လျှေက်လှမ်းရင်း မြန်မာ စကား တပြောပြော နဲ့၊ လျှောက် ကြည့် နေကြတာလေ။ ဆိုင်ရောင်းနေ ကြတဲ့ ချာတိတ် ကလေး ၂ယောက် က
အမှတ် တရ ပစ္စည်း လေး ၀ယ် ပါ၊ လျှော့ပေး မယ် ဆို ပြီး မြန်မာ လို ပြော ပြီး နှုတ်ဆက်လာတယ်၊ ဘာ မှ မ ၀ယ် ချင်ပေမဲ့ ခနရပ်ပြီး စကား စမြီ ပြော နေမိ ခဲ့တယ်။ မွန် ပြည်နယ် က ညီငယ်လေး မင်းမင်း ရဲ့ စကားလေး က နား ထဲ မှာ ထင်ကျန် ပြီး စိတ် မကောင်း ဖြစ်ခဲ့ ရတယ်။
"ကျွန်နော် ကမွန် ပါ၊ အိမ် ကနေ ၁၂ နှစ် လောက် အရွယ် က ထွက်ခဲ့ တယ် ၊ခု အသက် ၂၀ ရှိပြီ"
"ဒီတလျှောက် အိမ်ပြန်ခွင့် မကြုံခဲ့ဘူးဗျာ ၊ရ သမျှ ငွေ အကုန် တော့ ပြန် ပို့နေတာပဲ အကို၊ တနေ့ တော့ အိမ် ပြန် မယ် အကို "
ညီလေး မင်းမင်း အစစ အရာရာ အဆင်ပြေ ပြီး ၊ အမြန်တကာ့ အမြန်ဆုံး အိပ်မက် လေး အကောင်အထည် ဖေါ် ဆုတောင်းပြည့် ပါစေကွာ ။
ကျွန်တော် လမ်းလျှောက်ခဲ့ တယ်၊ လျှောက်နေဆဲ... လျှောက်နေဦးမှာပါ..လျှောက် နိုင်သေး သရွေ့ ..
ပင် ပန်း လိုက်တာ..ခနနား ပါရစေ။
ကျွန်တော့် ခြေဖ၀ါး အောက် မှာ ကွန်ကရစ် ပြင်ကြီးကလဲ အေးဆက်မာ ကြော နေ ပါလား။
အောက်ကို ငုံ့ ကြည့်တော့ သစ် ရွက်ခြောက် လေး တွေနဲ့ သားရေပင် လေး က "ဟေး သူငယ်ချင်း " ဆိုပါလား ။
English လိုဖတ်ရန်
http://man-simply9.blogspot.com
No comments:
Post a Comment