GRADUATION-THE UNIVERSITY OF NEW CASTLE

Friday, November 21, 2008

"Where are you from?"

"Burma"

" Oh it's once a great country. These days I picked up many Burmese. A lot of you guys are here? Why?"

မဖြေချင် ပေမဲ့ လဲ ဖြေခဲ့ရပေါင်း များပါပြီ။ စိုင်း က နေ့ တဒူဝ တက်က်စီ နဲ့  meetings, inspections တွေ သွားနေရတော့၊ စကား ၂ ခွန်း ထက် ပိုပြောမိရင် နိုင်ငံခြားသား မှန်း သိနေကြတာ ကိုး။

"You know once your country is the richest and most properous in the region"

"Yap, we were" ပြောပြီး စိုင်း ငြိမ်နေ လိုက်တယ်၊ ဘာတွေဆက် လာ မလဲ စိုင်းလဲသိနေပါပြီ။

"Now you peoplecome here to study. Last time, we had to go to Yangon for further studies. Yangon was clean and well developed than any other nations in Asia.. Now it becomes like this situation" and bla bla.. အင်း ကြားရဖန် များတော့ တခါတလေ စိတ်ညစ် တယ်။ စိုင်းလဲ သိတ်မတွေးချင်ဘူး..မိဝေးဖဝေး ဘယ်သူ တွေကနေချင် မလဲ..

ကဲပါ စိုင်းနဲ့ အတူဒီကလေး တွေ ကို ဂုဏ်ပြုကြရအောင်..Singapore PSB ကဖွင့်တဲ့ THE UNIVERSITY OF NEW CASTLE, AUSTRALIA က Course အသီးသီး မှာ တက်ရောက်ပြီး ဘွဲ့ ရသွား တဲ့ကလေးတွေပါ၊ မိဘ ဆွေမျိုး၊ သူငယ်ချင်းတွေ နဲ့ ဝေးရာ မှာ အခက်အခဲ မျိုးပေါင်းစုံကို ကျော်ဖြတ်ကြခဲ့ပြီး ပန်း တိုင်ရောက်အောင် လျှောက်ခဲ့ရတာ ပင်ပန်းကြရှာမှာပါ။ ခြွေရံသင်းပင်း များစွာနဲ့  လွယ်ကူစွာ နေ နိုင်တဲ့ လူတစုရဲ့ မျိုးဆက်တွေ လဲ ပါမှာပါ၊ ဘာပဲဖြစ်ဖြစ် မြန်မာ ဆိုတဲ့ စိတ်နဲ့ ပဲ ဂုဏ်ပြုကြတာပေါ့။ THE STRAITHS TIME သတင်းစာ မှာတွေ့ လိုက် တာပါ။ သူတို့ တွေကတော့.....

Bachelor of Business Administration
- သိဂိံအေး
- နှင်းဖြူဝေ

Master of Business Administration
- လင်းထွန်းသိန်း

Bachelor of Engineering in Electrical Engineering
- ကျော်ထွန်းမောင်
- နှင်းဖြူမြတ်
- စိုးပိုင်
- မြင့်မောင်ဖြိုး

Bachelor of Engineering in Electrical Engineering with Honour Class II Division 2
-မောင်ရန်နိုင်စိုး
-လင်းထိုက်ဇော်

Bachelor of Engineering in Mechanical Engineering
-သိန်းခိုင်စိုင်း

Bachelor of Engineering in Mechatronics Engineering
-မျိုးဦးမီမီ
-ရိမ်ဦးနေ
-လင်းထက်ညဏ်
-ယုမွန်စိုး
-ကြူကြူဇော်
-၀င်းဇေယျာ

Bachelor of Engineering in Mechatronics Engineering with Honour Class I
-မင်းသန်းထွန်း

Bachelor of Engineering in Mechatronics Engineering with Honour Class II Division 2
-မင်းဦးရ

Bachelor of Engineering in Telecommunications Engineering
-မေရင်သီ

Bachelor of Environmental and Occupational Health and Safety
-နှင်းဖြူဆောင်း

Bachelor of Applied Information Technology
-စိုင်းစိုင်းကျော်လင်းမော်

Bachelor of Information Technology
-နန်းဖြိုးသီတာ

စိုင်းတကယ်ပဲ ကိုယ့်လူမျိုးတွေ ကို သူများထက် မသာတောင် တန်းတူ ရှင်နိုင် စေချင်တာပါ၊ ဒီလိုပဲ အထင်ကရ ကျောင်းကြီးတွေ GRADUATION ကြော်ငြာ ပါလာရင် မြန်မာ နာမည်တွေကို အမြဲရှာမိပါတယ်..Worldwide မှာ Top Level Executives တွေနေရာမှာ မြန်မာ လူမျိုးတွေ ကို ရောက်ရှိနေစေချင်တယ်၊ မရှိဘူး မဟုတ်ဘူး..တော်တော်ကို နည်းနေတယ် လို့ တော့ စိုင်း ထင်ပါတယ်..

ကဲ ညီ..ညီမလေး တို့ ရေ ....အတန်းပညာတွေ ထိုက်သင့်သလောက် ပြီးမြောက် ကြပြီ... ကိုယ် တကယ် ကို ဂုဏ်ယူလေးစား တဲ့အကြောင်း ဒီ Blog post လေးကနေပဲပြော လိုက်ပါရစေ..ဒီတင်ရပ် မနေပဲ ..မြန်မာဟေ့ လို့ သိကြအောင်..ဆထက်ပိုး တက်လှမ်းကြပါ စို့  လို့ ပြောရင်း.......

No comments:

 
Add to Technorati Favorites