GOOD BYE 2008, HNY 2009

Wednesday, December 31, 2008


လာရောက် လည်ပတ်ကြ သူ မိတ်ဆွေ သူငယ်ချင်းများ အား လုံး ကို ကျေးဇူး အထူးတင်ပါတယ်...

ရေးအား..ရေးတဲ့ အကြောင်းအရာ ပိုမို ကောင်းမွန်အောင် ကြိုးစားပါ့မယ်မပြောတော့ ပါဘူးဗျာ...မဖြစ်နိုင်ဘူးဆိုတာ သိနေလို့  ပါ..

ကျွန်နော့် နဲ့ အတူ ဒီ ပို့စ်လေး နဲ့ ပဲ ၂၀၀၈ နှစ် နုတ်ဆက်လိုက်ကြရအောင်လား....၂၀၀၉ ကို လဲ ကြိုဆိုရင်းပေါ့ဗျာ။

၂၀၀၈ ကိုပြန်ကြည့် လိုက်မယ် ဆိုရင်...ယေဘူရ အားဖြင့် စိုင်း အတွက် ကောင်းမွန် တဲ့ နှစ်လေး တခုပါ...

ငွေရေး ကြေးရေး ပိုင်း ကတော့ လခစား ဆိုတော့ ပုံမှန် လစာရယ်..နှစ်ကုန် BONUS ဆုကြေးငွေ ရယ် ကလွဲပြီး သိတ်ထူးထူးထွေထွေ ပြော စရာမရှိပါဘူး....မပြောမဖြစ်ပြောရရင်တော့ လက်ရှိ စီးပွားရေး အခြေအနေ မကောင်း လို့  ဆုကြေးငွေ ကောင်းကောင်း မရ လောက်ဘူး လို့ တွက်ထား တာ..တွက်ကိန်းလွှဲပြီး နဲနဲ ပိုပိုသာသာရ လိုက်ပါတယ် ဆို တဲ့အကြောင်း ..အဟဲ..

အိမ်ထောင်ရေးအကြောင်းလား...လာ လာစပ်ပေးတဲ့ လူတွေတောင် စိတ်ပျက် ကုန်ကြပြီပဲ ပြောပါ ရစေ...ရီစရာ ပြောရ ရင် တော့ စိုင်း အလုပ် နဲ့  meeting တခု အသွား မိတ်ဆွေ တယောက်ရဲ့ ကား အကြုံ အစီး မှာပြော ဖြစ်ခဲ့တဲ့ စကားတွေပါ။ လောလော ဆယ်တော့ အိမ်ထောင်ပြု ဖို့ အစီအစဉ် မရှိတာပြောတော့.......

"Hey Sean! it's the time. You have hit big 4 man!"

'Let it be! Anyway age is just a number! I am alone and I enjoy every bit of it"

"When you grow older and you are ailing who will look after you?" လို့ ပြန်ပြောပါလေရော..

" Well! does marriage guarantee you a blissful golden age? I am not sure about you guys but I do believe in me and my fate. I don't think I will be lonely and crying in a dark corner alone!

And you know! it's all written in one's forehead! If I am fated to be single all my life, no matter how hard I try this big day will never happened.. And if I am fated to be a married man, how hard I try to escape from it.. it'd be futile. I will still end up getting married times and again! လို့ စိုင်းပြောခဲ့မိတယ်။

မယုံနိုင်တဲ့အကြည့်နဲ့ အပြော က.." Sex?... no satisfaction or whatsoever about sex!.?

ဟားဟား... ကြယ်ကြယ်လောင်လောင်ရယ်မောခဲ့ မိတာ သတိရတယ်....

" John! I am human being and I am still breathing, sweating like any other creatures! I will be frank with you! Sex! of course it is part and parcel of our livelihood and I still like it vey much! But craving you ask?

"No! as and when I need...and I have a way to fix it! It may not be right for the whole universe but for me at this point of time! I am not willing to trade with my freedom and being myself! That's it. ဒါပါပဲ...အများအတွက် ကျနော်က စံပြ မဟုတ် တော့ အများအတွက် မှားနေမှာပါ...စိုင်းအတွက်ကတော့ ......

အလုပ်အကိုင် ပိုင်းကတော့.. လုပ်တာလဲ ကြာနေ.. ၀င်တတ် ထွက်တတ်..အထာလဲ သိနေပြီ ဆိုတော့ အခက်အခဲ မရှိဘူးပေါ့နော်...

၂၀၀၈ မှာစိုင်းရဲ့ ဒီမြန်မာ ဘလော့ဂ်လေး ကိုစဖြစ်ခဲ့တယ်...ဒီကတဆင့်ရော..နီးစပ်ရာ အသျုင်းအ၀ိုင်း ကပါ မိတ်ဆွေ သူငယ်ချင်း သစ်တွေ တော်တော်များများရခဲ့ပါတယ်...... I love you guys...

လော ကကြီး မှာဒီ လို ပြည့် စုံမှုတွေ နဲ့ကြီးပဲတည်ရှိနေတာ မဟုတ်ပါ... စိုင်း ရဲ့အချစ်ရဆုံးညီငယ်လေး အိုက်ဆမ် စိုင်းတို့ ကို စွန့် ခွာသွား ခဲ့တယ်....ညီလေး ရေ.. စိုင်းကျော် ငါ့ညီကို နေ့စဉ် နဲ့အမျှ လွမ်းနေပါတယ်ကွာ..

စိုင်း ရဲ့ အမှတ်တရ ၂၀၀၈ ပေါ့နော်...

၂၀၀၉ မှာ ဘာတွေဖြစ်စေချင် လဲမေးရင်......

စည်ပင်သာယာဝပြောတဲ့ ပြည်မြန်မာကြီး...

လူလူချင်း သတ်ဖြတ်ချင်းညှင်းဆဲခြင်း ပပျောက်ခြင်း......

သဘာဝဘေးအန္တရယ် ကင်းရှင်းခြင်း......

စိုင်းနဲ့ အတူ မိတ်ဆွေသူငယ်ချင်း အားလုံး.. လူနတ်သတ္တ၀ါ အားလုံး.. ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာစေကြောင်း .......

2 comments:

Anonymous said...

ကိုစိုင်း ကျမ်းမာပျော်ရွှင်ပြီး ၂၀၀၉ နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေ

မသက်ဇင် said...

ကိုစိုင်း---
လာလည်သွားပါတယ်ရှင်--
ပျော်ရွှင်ပါစေ---

 
Add to Technorati Favorites