
သွားပါများခရီးရောက်တဲ့၊ ရောက်မရောက်တော့ မသိဘူး..ဒီတခေါက်တော့ Malaysia မြို့တော်Kuala Lumpur နဲ့  Genting Highlands ကို ၃ရက် ၂ည အိပ် ခရီးတိုလေး.. ညီ လိုဖြစ်နေတဲ့ မြတ်ဘုန်း နဲ့ မျိုး တို့ စုံတွဲနဲ့ သွားဖြစ်ခဲ့တယ်။
သွား မယ်လို့  စ စီစဉ်တုန်းကတော့ ပျော်စရာကြီး..ကားတစီး စာပေါ့..နီးလာ တော့အကြောင်းအမျိုးမျိုး ကြောင့် ..sms နဲ့ပဲ ကျွန်နော့်ဆီ မလိုက်ဖြစ်တော့ကြောင်း messages တွေပို့ကြတယ်၊ လူချင်းတွေ့ ပြီးပြောရင်လဲ မျက်နှာပူ ရမယ်..ဖုံး နဲ့ဆိုလဲ အာပူမှာ ဆိုတော့ sms က တကယ် ကို အဆင်ပြေတဲ့ Communication Channel တစ်ခုပါပဲ..
ကျွန်နော် ကတော့ တစ်ယောက် ထဲလဲ သွား မှာဆိုတော့ နောက်ဆုံး လက်မှတ်တွေ မဖြစ်မနေ ၀ယ်ရ မဲ့ချိန် ထိ ဖုံး တဂွမ်ဂွမ်ဆက် ပြီး VISA ရကြပြီလား..လိုက်မယ်မလား လုပ်ရတယ်..သေချာတယ် ဆိုမှ ၀ယ်လိုက်ရတဲ့လက် မှတ်က ၅ ယောက် စာ.. တကယ် ထွက်ကြ မယ် ဆိုတော့ ၃ ယောက်..စိုင်း စိတ်ပျက် မယ် ထင်ကြမှာပေါ့..အဟား...Not at all...

ရုံး ပိတ်ရက် ၃ရက်ဆက် ဆိုတော့ Singapore-Malaysia နယ်စပ် Immigration Checkpoint မှာ ကားတန်းကြီးကတမေ့တမျောပါပဲ..စိုင်းတို့ လဲ ၉ နာရီလောက်မှ စထွက်ရတယ်..လမ်းတလျှောက်လုံးကတော့ ရီမောလိုက်..စားသောက်လိုက်..အိပ်လိုက်နဲ့ အပျော် များ နဲ့ ခရီး စဉ်လေးပါ၊ ကား ထိပ်ဆုံးတန်းမှာ နေရာ ရတဲ့ စိုင်း တို့ ကြောင့် Tour Guide တောင် ရော ပြီး ပျော် နေတယ်လေ..သူရယ် စရာပြော ရင် လိုက် ရယ် ပေး...သူ့ ကိုအရေးတယူနောက် နေတာ စိုင်း တို့ ပဲရှိတယ်လေ..


ဒါကို ပြောတုံးခနပဲ..နောက်တစ်ပုံ ဆိုပြောရပြန်ပြီ..ပြောသေးတယ်..မပုပါဘူးတဲ့..ပုံတွေကြည့် ပု မပု...နောက်တော့ စိုင်းအထာ သိသွား
တယ်..ပြောမရတဲ့ တူတူ..အမြင့်ပေါ်တက်ရပ်လိုက်တာပေါ့ ဟားဟား....

စားပြီးလျှောက်ကြည့် ကြတယ်..Branded Stuffs တွေကို လျှော့ဈေး နဲ့ ရောင်းနေပေမဲ့ ဗီယက်နမ် သွားတုန်းက ၀ယ်ထားတာတွေက တချို့ အထုတ်တောင် မဖြည်ရသေးတော့ ၀ယ်ဖို့ စိတ်မပါခဲ့ဘူး.......

ကစား ၀ိုင်းတွေကို လိုက်ကြည့်ပြီး ..ကစားနည်း တမျိုး စီအကြောင်း စိုင်း ရှင်းပြနေတာ ကို ခေါင်းတညိမ့်ညိမ့် နဲ့...ဘုန်း နဲ့မျိုး နားထောင်နေကြတယ်..လူတွေ လူတွေ....ကစားခန်းနဲ့ အပြည့်..ရှူံးရင်လဲ မပူရဘူး...ATMs ..Foreign Exchange Counters တွေအပြည့်...
မျိုးနဲ့ဘုန်းကို Jackpot machine နဲ့ထားခဲ့ပြီး စိုင်း ကတော့ Black Jack (21) သွားကစားနေ လိုက်တယ်...လောဘ မသတ်နိုင်တော့ မလေး ရင်းဂစ် ၃၀၀၀ လောက် နိုင်နေရင်း က အရှူံး နဲ့ ထခဲ့ ရတာပေါ့...

အခန်းသော့ ရတော့ ၄၂ ထပ်မှာ..စိတ်ထဲမှာ စိုင်းတော့ ကံကောင်း ပြန်ပြီ လို့ တွက်မိတယ်.. အထပ်မြင့် က Penthouse or Suites တွေပဲ ရှိတတ်တယ်လေ..စိုင်း တို့ ပေးထားတာ က S$228/pax ..အဟား..Suites ဆိုရင် ဒီတညနဲ့တင်..ခရီး တခုလုံးက တန်သွားပြီ..
အဟား..ကြည့်လိုက်ပါဦး အခန်းကို...KL ကို အပေါ်စီး က နေ မျှော်ကြည့် နိုင်တဲ့ ခန်းလုံးပြည့် မှန်ပြူတင်းကြီး နဲ့..ရေစိမ်လို့ရတဲ့ ရေချိုးအင်တုန် ကြီး ထဲ ရေနွေးစပ်..၀င်စိမ်ပြီး KL ရဲ့ နီယွန်မီးရောင်စုံ ညချမ်း ကို ငေးမော ကြည့် ရတဲ့ အရသာ ကလဲ ပြီးပြည့် စုံ ပါကလား...





"ရှေ့  ကလမ်းမ အတိုင်း တည့်တည့် သွားရင်ရောက်မယ်ထင်တယ် အကို..အဲဒီဖက် မှာရှိတာ တော့သိတယ်" အလုပ်ကို ပဲ ကြိုးစား လုပ်နေတော့ ဘယ်မှ မရောက် ဖြစ်သေးဘူးထင်ပါရဲ့..သူ အားနာ ပုံပေါက်နေတော့ ...စိုင်းလဲ သူပြောလိုက်တဲ့ လမ်းညွန် ကို ကောင်းကောင်းကြီး သဘောပေါက် သလို လုပ်ပြီး အမြန်ထွက်ခဲ့မိတယ်...









1 comment:
Nice picture Ko Sai.
I have been to Genting about 3 times.
Still, intend to go there again and again.
Post a Comment