ချစ်သော..ဒီဇင်ဘာ

Wednesday, December 03, 2008

When I am down and, oh my soul, so weary;
When troubles come and my heart burdened be;
Then, I am still and wait here in the silence,
Until you come and sit awhile with me.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up...
To more than I can be.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up...
To more than I can be.

There is no life - no life without its hunger;
Each restless heart beats so imperfectly;
But when you come and I am filled with wonder,
Sometimes, I think I glimpse eternity.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up...
To more than I can be.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up...
To more than I can be.

You raise me up...
To more than I can be.

Photobucket
ဒီဇင်ဘာရောက်ပြန်ပြီအချစ်ရေ..သီချင်းတွေ ၀တ္ထု တွေ ထဲ က ပြော ကြသလို တဆောင်းသစ်ပြန်ပြီပေါ့...

လွမ်းနေဆဲပါချစ်သူ..

တို့ ၂ယောက် စတွေ့ ခဲ့တဲ့ ဒီဇင်ဘာ...ရယ်သံ များနဲ့ ဒီဇင်ဘာ..အမှတ်တရများ စွာနဲ့ ဒီဇင်ဘာ.. တို့ ၂ယောက် လမ်းခွဲ ခဲ့တဲ့ ဒီဇင်ဘာ..မျက်ရေ များနဲ့ ဒီဇင်ဘာ..

ဒီနေ့  ဒီဇင်ဘာ ၉ ရက် နေ့ လေ ချစ်သူ..၁၂နာရီထိုး ဖို့ ၂၅ မိနစ်ပဲ လိုတော့တယ်..

ချစ်သူကြိုက်တဲ့ ဆာလ်မန်ငါး လေး နဲ့ ကိုယ်တို့  ရှမ်းရိုးရာ ပဲသီးသုပ်လဲ အဆင်သင့် ဖြစ်နေပြီ၊ ဒီနေ့  ဒီအချိန် မှာ ကိုယ် တို့ ၂ယောက်သောက်နေကြ ရှန်ပိန်လေးကို လဲ ချစ်သူ ၀ယ်ထားတဲ့ ရှန်ပိန် ခွက်ရှည်လေး ၂ခွက်မှာ ငဲ့ထားတယ်လေ၊ ချစ်သူ ပြောခဲ့တာကို ကြားယောင် မိလို့ တစ်ယောက် ထဲ ပြုံးနေမိသေးတယ်..မှတ်မိသေးရဲ့လားချစ်သူ..

"ကိုကို..ရှန်ပိန်ကို ကြွေခွက်နဲ့ ထည့်သောက်ရတာ ရေခဲရေ သောက်နေရ သလိုပဲ..၀ိုင် ဆိုရင် ၀ိုင် ကလပ်လေး..ရှန်ပိန်ဆိုလဲ သူ့ ခွက်နဲ့ သူမှ...အော်..ဒါ ၀ိုင်...ဒါ ရှန်ပိန်ဆို ပြီး mood ၀င်ပြီး သောက်လို့ ကောင်းတာ.." ပြီးတော့ ဘာတဲ့..

"..ချစ်သူနဲ့ အတူ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး စားသောက် ဆင်နွဲ တဲ့ အထူးနေ့ လေ ကိုကို..မီးတွေထိန်ထိန် လင်းနေလို့  ဘယ်ဖြစ်မလဲ၊ အလင်းရောင်တွေနဲ့ အချစ်တွေ ပျံ့လွင့်နေမှာပေါ့" ပြောပြီး မီးတွေလိုက်ပိတ်..အိမ်နားက စတိုးက ဖရောင်းတိုင် ပြေးဝယ်ပြီး ထွန်းခဲ့တာ လေ၊

"တွေ့ လား ကိုကို..ဖရောင်းတိုင် မီးလေးက ကိုကို နဲ့ ဘေဘီ အနီးအနားမှာပဲ လင်းနေတော့..အချစ်တွေကလဲ "Love is all Around" ..ဖရောင်းမီး အလင်း ရောင်နဲ့  ကိုကို့ အချစ်တွေ က ဘေဘီကို လွမ်းခြုံပြီး နွေးထွး မှုတွေ ပေးနေတာ." ချစ်လိုက်တာဘေဘီရယ်..ဘေဘီ့ အပြော..အကြည့်..အချစ်တွေနဲ့  ရှန်ပိန်ချို..အနမ်းချိုလေးတွေ ဟာ..ကိုယ့်ရဲ့ မွေးနေ့ ဒီဇင်ဘာ ညချမ်းလေး တစ်ညကို ထာဝရ နွေးထွေး စေခဲ့တယ်နော်..

ချစ်သူရေ..ကိုယ် ကပိုကရို ၀တ်မထားဘူးကွ။ "ကိုကို ဒါက celebration လေ၊ စွပ်ကျယ်နဲ့ မရဘူး" ပြောနေမှာစိုးလို့ ...

တခန်းလုံးမဲမှောင်နေတယ်ချစ်သူ..Birthday cake လေးပေါ်က ဖရောင်းတိုင် ၄ တိုင် လေး က လဲ..ငုတ်တိုလေးပဲကျန်တော့တယ်..

အော်..မေ့တော့မလို့ ....အခုဖွင့်ထားတဲ့ သီချင်းလေးကိုချစ်သူမှတ်မိသေးလား..ကိုယ် စင်ကာပူမှာ..နေရာတစ်ခုထိရောက်အောင်..ချစ်သူ အရာရာမှာ ဖေးကူ ခဲ့တာကို..ကိုယ်ရင်မှာ အမြဲ ရှိနေကြောင်း၊ ပြီးတော့ ကိုယ်အမြဲ ပြောနေတတ်ရင် ချစ်သူက..

"အဲ့လောက် ဟုတ်ပါဘူး ပြော နဲ့ တော့ ခနခနကြားရတော့ပျင်းတယ်" လို့  စတတ်တော့ ဒီသီချင်း ကို ကိုယ်အမြဲ ဆိုပြတယ်လေကွာ...

"You Raised Me Up- West Life" ပါ ချစ်သူရာ.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up...
To more than I can be.

ကိုယ့်ရဲ့အပါးမှာ အချစ်ရှိနေခဲ့လို့  ချစ်သု့ ပုခုန်းသေးသေးလေးပေါ် မှေးခိုရင်း ကိုယ်အားအင်တွေ အပြည့်ရှိနေ ခဲ့ရတယ်..လှိုင်းလေထန်တဲ့ ဘ၀ပင်လယ်ထဲ လျှောက် လှမ်းနိုင်ခဲ့တယ်၊ မိုးမြင့်ကောင်းကင် ထိအောင် တက်လှမ်း ရဲ ခဲ့တယ် ချစ်သူ...

၁၂ နာရီထိုးပြီ ချစ်သူ...ဒေါင်..ဒေါင်..ဆိုတဲ့ နံရံပေါ်က နာရီကြီးအော်မြည်သံကြီး က ခါတိုင်းထက် ပိုကျယ်လောင်နေသလိုပဲ...

ဒီဇင်ဘာ ၁၀ ရက် လေ ချစ်သူ..ကိုကို့ မွေးနေ့  မှာ အရင်ဆုံး ကိုကို့  ကို နမ်းတဲ့ သူဟာ ဘေဘီပဲ ဖြစ်ရမယ်ဆို..Happy Birthday လို့ အရင် ဆုံးပြောမယ်ဆို.....

နာရီကြီးအော်သံကြောင့် ဘေဘီ့ Birthday wishes ကိုမကြားတာလားဟင်..

ချစ်သူရေ..ချစ်သူလာမှာပါနော်.. ကိုယ့်ကို အနမ်းလေးတွေပေးမှာနော်..ရှန်ပိန်တွေ ကိုယ်မသောက်သေးဘူး...

နာရီလက်တန် ကို နဲနဲနောက် ဆုတ်ထားလိုက်ပြီသိလား...ချစ်သူမရောက်မချင်း...နာရီလက်တန် ကို..ကိုယ်မလွတ်ဘူး....၁၂ နာရီမထိုးသေးဘူး..



-------------------

1 comment:

ပန်းခရမ်းပြာ said...

အဟား... မွေးနေ့ကို သိသွားပြီ။ လက်ဆောင်တော့ နောက်မှ..။ လောလောဆယ် 1lit ရေမွှေး နော်... ဒီလူအုပ်နဲ့ ဆို ဘယ်နှစ်ပုလင်း ကုန်မလဲ မှန်းသာကြည့်...။

 
Add to Technorati Favorites