Hello Cambodia!

Wednesday, May 12, 2010

Phenom Penh က Hotel (Guest House) ဘေး Pub လေးမှာပါ။
မေဒေး အားလပ်ရက်မှာ သွားမယ် သွားမယ် တာစူ ထားတာ ကြာပြီဖြစ်တဲ့ ကမ္ဘောဒီးယား ကို အလည် တခေါက်ရောက် သွားခဲ့တယ်၊ ဗီဇာ ကို တကူးတက လုပ်စရာ မလိုပဲ VOA (Visa On Arrival) ကို လေဆိပ်မှာ တင်လုပ်လို့ ရတာရယ်၊ မြတ်ဘုန်း သူငယ်ချင်း မျိုးမောင် ရှိတာ ရယ်ကြောင့် လူသတ်မိုင်းကွင်း လို့ ကမ္ဘာ ကသိနေတဲ့ ကမ္ဘောဒီးယားကို ရွေးသွားတော့ ရောင်းရင်းတချို့ ကတောင် သွားစရာ ရှားလို့ ပြောကြတယ်လေ၊ စိုင်း ရဲ့ဗီဇ ကိုက အသစ်လေးတွေ ကို မြေတောင်မြှောက် အားပေး နေကြ ဆိုတော့ ဘယ်သူပြောပြော နောက် မဆုတ်ဘူး သီချင်းလေးနဲ့ အတူ ခရီး သွားဖေါ်တွေရဲ့ လက်ကိုဆွဲပြီး အရောက်သွားခဲ့တယ်။

စောစောထပြီး Model Man လုပ် ဟန်ရေးပြနေတာမဟုတ်ပါဘူး၊ ဖနွမ်းပင် ဟောတယ်ရှေ့ မဲခေါင် မြစ်ကမ်းဘေး မှာ ဒီလိုလေးတွေလုပ်ထားတာ ပြချင်လို့ပါ၊
အသစ်တွေကို ကြိုက်တယ် ဆိုလို့တလွှဲ ထင်မနေနဲ့ဦးဗျ၊ ရှင်းအောင်ပြော ရမယ် ဆိုရင် မင်းသမီး မင်းသားသစ် တွေ တင်ရိုက်ထားတဲ့ ကား အားပေးတယ်..လူသိမများပေမဲ့ သရုပ်ဆောင်လေးတွေကောင်း မှာပါ၊ ရုပ်လေးတွေ ချော ကြလှကြ မှာပါ ဆိုပြီး အကောင်းဖက်က ကြည့်ပြီးအားပေးတတ်တာမျိုး..
Speakerတွေ သီချင်းတွေနဲ့ Exercise လုပ်နေနိုင်ကြပြီ၊ ညနေပိုင်းမှာလဲ အဖွဲ့လိုက် အကတွေ အရွယ် အလိုက် အကမျိုး စုံ သင်ကြ ကကြနဲ့ ပေါ့၊ တိုင်းပြည် စည်ပင်ဝပြော လာခြင်းရဲ့ အရိပ်လက္ခဏာ တွေ ပါ။
Japan Brands တွေ လူကြိုက်များနေကြချိန်တုန်း က ကိုးရီးယား ဖြစ် Samsung ကုန်တွေ ကို လက်လှမ်းမီ သလောက် ၀ယ်ယူအားပေးတယ်၊ Samsung ပေါ်ပျူလာ ဖြစ်နေချိန် မှာ LG ပေါ်လာတော့ ဖြစ်စေချင် ပြန်တော့ ကိုယ် လိုတာလေးတွေ ရှိနေရင် တန် ဖိုး တူနေရင် LG ကို ၀ယ်ဖြစ်ခဲ့ တယ်...အဲလိုပါ ဟဲ ဟဲ..
မနေ့ တနေ့ ကထိ ပိုပေါ့ပ် ခေတ် မှာလူတွေ ထောင် သောင်းချီ သေခဲ့ တဲ့ အကြောင်းနဲ့ မိုင်း တွေကြောင့် ခြေပြတ် လက်ပြတ်တွေ ဖြစ်ခဲ့ရတဲ့ အကြောင်းတွေ ကလွှဲပြီး ဘာမှ ပြောစရာ ဆိုစရာ မရှိခဲ့တဲ့ အာရှ က နိုင်ငံ ငယ်လေး ပေါ့၊ သမိုင်းဝင် Ankor Wat ကိုကြည့်မယ် ဆိုတာနဲ့ အလည် ထွက် ခြင် တာ ကလွဲပြီး ကျန်တာတွေ ကတော့ မြို့ပျက် သာသာ လို့ မှတ်ထင်ထားပြီး စိတ်ထဲမှာ ဘာမှ လဲ မမျှော်လင့်မိပါဘူး။
Changi Airport ကနေ Phnom Penh လေဆိပ်ကို ၂နာရီ ၁၀မိနစ်ပဲကြာ ပါတယ်၊ လေဆိပ် က ရန်ကုန် လေဆိပ် လိုပါပဲ၊ စိုင်းတို့ ဗီဇာ လုပ်နေတုန်း ခရီးသည်တွေ အလျှိုလျှို ထွက် သွားပြီး စိုင်း တို့ လဲပြီး Immigration ကောင်တာလဲပိတ် ဆိုတော့ ..အော် ၂၄နာရီ အဆင်းအသက် ရှိတဲ့ လေဆိပ် မဟုတ်ပါလား လို့ တော့တွေးလိုက်မိတယ်...ဗီယက်နမ် သွား လည်စဉ်က လိုပဲ စင်ကာပူနဲ့ ယှဉ်လိုက်.အမိမြန်မာပြည်နဲ့ ယှဉ်လိုက်နဲ့ အမြင် ၂မျိုးဖြစ်ဖြစ်နေမိတယ်။
အနှစ်ချုပ်ပြော ရရင်..
သယ်ယူပို့ဆောင်ရေး - ဆိုင်ကယ်တွေ တော်တော် ပေါကြတယ်၊ အဝေးပြေး ကား စီးရတာ တော်တော်အဆင်ပြေ တယ်၊ ရန်ကုန်-မန္တလေး ပြေးတဲ့ ကားတွေ လို ခုံတွေ ထပ်မထည့်ထားဘူး၊ ဒူးတုပ်ပြီး ကျပ်ကျပ်ကျဉ်းကျဉ်း မထိုင်ရဘူး...ခရီးသည်တွေရဲ့ Comfort သက်သာ အဆင်ပြေရေးကို အလေးထား တယ်၊ နိုင်ငံခြား သား အတွက်ကို သီးသန့် စီစဉ်ထားတဲ့ အဝေးပြေးကား မဟုတ်ဘူး နော် ၊ ကားဂိတ် က ၀န်ထမ်းတွေ အစ ကားပေါ်ပါ လာတဲ့ ၀န်ထမ်းအလယ် ပျူငှာ လိုက်ကြတာ မခြေမငံ ဆက်ဆံရေး ဆိုးတဲ့ ရန်ကုန် အဝေးပြေး ကားလိုင်း က ၀န်ထမ်းတွေ ကိုခေါ်ပြခြင်တယ်၊ စိုင်းပြန် တုန်းက Bird Flu ဖြစ်နေတဲ့ ကာလ..အဲကွန်းဇိမ်ခံ ကားလို့ အကောင်းဆုံးလိုင်း လို့ညွှန်းတဲ့ ကား ကို ၀ယ်ပြီး ရှမ်းပြည်တက်တာ အလုံပိတ် ကားပေါ်မှာ ကြက်တူရွေး ၃ကောင် ပါတဲ့ခြင်းကို တင်လာတာ မအီမသာ ဖြစ်ခဲ့တာလဲ သတိရနေမိတယ်၊ ပြော ရင် မောင်မင်း အ၀ကျယ် လှပါလား ပြောခံရမှာ စိုးတာနဲ့ ငြိမ်ပြီး ငါရောဂါရမဲ့ ဇာတာ မပါ ပါဘူးလေ ဆို ကာကြောက်လှန့် စွာ ခရီးဆက်ခဲ့တာကိုလဲ သတိရမိတယ်။ အော်.....

ပြောတော့ဘူး...သူများ တွေ အကြောင်းပဲပြောတော့မယ် ဟားဟား...စာဖတ်သူတွေ စိတ်ညစ်ကုန်ပြီလား. အဲလိုပေါ့လေ..ပထမနေ့ ဖနွမ်ပင် မှာ စတည်းချ ကြတယ်..ဟော်တယ်မှာ ရေမိုးချိုး ပြီး ညစာ ထွက်စားကြတယ်၊ လမ်းလျှောက် ထွက်ကြ တော့ မြစ်ကို မျက်နှာ မူထားတဲ့ လမ်းမှာ လူတွေ လူတွေ သွားလာ နေကြတယ်... ဟိုတစု ဒီတစု အနောက် တိုင်း အကတွေ ..ရိုးရာ အကတွေ ကို ဖွင့်ပြီး ကနေကြတာ တွေ့ ရတယ်..မီးတွေ မပျက်ဘူး...သွားရေးလာရေး မပူရတော့ ဒီလိုတွေ ကခုန် နေနိုင်ကြတာလို့ တွေးလိုက်မိပါတယ်..
ဘားတွေ၊ စားသောက် ဆိုင်တွေ တော်တော် သားသား နားနားလေး တွေ့ရတော့ စိတ်ထဲမှာ အင်းဆိုးဘူးဟ. ဒီလောက်ထင်ထားဘူး ဖြစ်ပြန်ရော..လမ်းဘေးဆိုင်တွေ မှာ အစား အစာတွေ ရောင်းနေတာ တွေ့တော့ မစားရဲသလိုလိုဖြစ်နေတယ် (စင်ကာပူမှာ အနေကြာပြီး တခြားနိုင်ငံ သွားလည်ရင် ဖြစ်လေ့ ရှိတဲ့ရောဂါ ပေါ့လေ)..အရမ်း သားနားတဲ့ဆိုင်လဲ ရိတ်မှာ စိုးလို့ မ၀င်ရဲတာနဲ့ နဲနဲ သန့်ပြန့် တဲ့ ဆိုင်ကိုရွေးလိုက်ကြ တယ် ပေါ့။ Menu ကို စိုင်းတို့ မျက်လုံးပွတ်ပြီး ၂ခါ ပြန်ကြည့်ရတယ်..အမြင်မှားနေလားလို့...ဟင်း တပွဲ US$2.50 တွေ..ဘီယာ တဗူး US$0.50...ဘီယာသောက်တတ်တဲ့ ဦးဆွေ..မြတ်ဘုန်း နဲ့ စိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ပြီး...ဟဲဟဲ..အားပေးတာပေါ့...ဒါမျိုးကတော့..

စိုင်းရဲ့ ခရီးသွားဖေါ်တွေ ကို မိတ်ဆက်ပေးရအုန်းမယ်..မြတ်ဘုန်းနဲ့မျိုးကိုတော့ သိပြီးသားနော်..ခုတိုးလာတာ က မျိုး တို့နဲ့ အတူ နေတဲ့ မငယ်(ဖနွမ်ပင် က စောင့်နေတဲ့ မျိုးမောင်ရဲ့ အစ်မအရင်း၊ မျိုးမောင်နဲ့ မြတ်ဘုန်း က ငယ်သူငယ်ချင်း)၊ ဦးဆွေ နဲ့ အန်တီဝါ တို့စုံတွဲ (မလေးရှား မှာ ဆရာဝန်ပေါ့ ဦးဆွေက၊ အန်တီဝါက မငယ်ရဲ့ အဒေါ်)..အရမ်း ကို ချစ်ဖို့ကောင်းတဲ့ အဖွဲ့၊ တယောက်နဲ့တယောက် ဘာဆိုဘာမှ ပြော စရာကို မလိုတဲ့ အဖွဲ့..ပျော်စရာ တော်တော်ကောင်းခဲ့ပါတယ်..ညီလေး မျိုးမောင်..ကျေးဇူးပါ..

ဈေးသည်တွေလဲ နိုင်ငံတကာ စံချိမ်မီ ဈေးတင်ရောင်းတယ်..ဒါပေမဲ့ ဆစ်ရင် အပြုံး မပျက်ဘူး..လျှော့ပေးတယ်..ဖေါ်ရွေတယ်..

Tuk Tuk တွေ က ဆိုင်ကယ်ကို နောက်ပိုးပြီး ခရီးသည်တင်တာ ဆိုတော့ Bangkok မှာလို မဆူဘူး..မီးခိုး မထူဘူး..ဒရိုင်ဘာတွေ ကလဲ ပုံမှန်ဈေးပဲပြောတယ်...ဘိုလိုလဲ တော်တော်ကောင်းကြတယ်.. အဖြစ်သဘောဟုတ်ဘူးဗျ.. စိတ်ချမ်းသာတယ် စီးရတာ....


မိုးမျှော်တိုက် တစ်လုံး ပဲတွေ့ တယ် ဖနွမ်းပင် တစ်မြို့လုံး..ခြင်လဲမကိုက်ဘူး..ပြီးတော့ မြောင်း ပဲမရှိလို့လား မသိဘူး..မြောင်းပုတ်စော် မနံဘူးဗျ..ငွေကြေးတော်တော်ဖေါင်းပွ တယ်ဖြစ်မယ်..လူတိုင်း လူတိုင်း US$ သုံးနေတယ်..ဈေးနှုန်းတွေလဲ ဒေါ်လာ လိုပဲ ပြော ကြရောင်းကြတာများတယ်.. ပြည်တွင်းငွေ စက္ကူ ကတော့ အသစ် တွေပဲ..ဟောင်းနွမ်း ကြေမွမနေတာ တွေ မတွေ့ဘူး...ဖုံးကဒ်တွေ ဆိုင်တိုင်းမှာ ၀ယ်လို့ရတာ တွေ့ ရတယ်..US$2 ကို မြန်မာပြည် ၁၅ မိနစ်လောက်ပြော လို့ရတယ်...

Tuk Tuk တွေလဲ အသစ်တွေများတယ်...ကားတွေ ကလဲ တော်တော် ကို လတ်တယ်ဗျ...နိုင်ငံတကာ တံဆိပ်တပ်ဆီဖြည့်ဆိုင်တွေ တွေ့ရတယ်..

နိုင်ငံတကာ ဘဏ်တွေ နဲ့ အလွယ်တကူငွေထုပ် သုံးလို့ ရတဲ့ ATM တွေလဲ အဓိကရ ကျတဲ့ လမ်းဆုံ တွေ လေဆိပ်တွေမှာ တွေ့ တယ်၊ ငွေကြေး နဲ့ ဘဏ်အက် ဥပဒေတွေ ခိုင်ခိုင်မာမာရှိနေတဲ့သဘောပေါ့နော်...

ခနသွားလို့ ကောင်းတာတွေပဲမြင်တာ ဖြစ်နေမလား မသိဘူး နော်..ဒါပေမဲ့ မနေ့ တနေ့ ကမှ လူတွေသတိပြု လာကြတဲ့ နိုင်ငံ ငယ်လေးတစ်ခု က စိုင်းရဲ့ အထင်အမြင် ကို ပြောင်းစေခဲ့ တာအမှန် ပဲ..

ညဈေးတွေ ၁၂ နာရီလောက် ဖွင့်တယ်..တိုးရစ်တွေ လဲ အေးအေးဆေးဆေး ဈေးဝယ်နေကြတော့..ဈေးရောင်းစားတဲ့ ပြည်သူတွေ ပြေလည်တာပေါ့နော်..

ဘာဝယ်စရာ ရှိလဲ ဟုတ်လား..မေးပါ..ဖြေမယ်..

ပန်းချီ ပန်းပုတွေ ဈေးမှာ ချရောင်းကြတယ်.. ၀ယ်နေ ကြတာ တရုန်းရုန်း... လက်မှုအနုပညာသည်တွေ အလုပ်ဖြစ်မှာပေါ့နော်..

Made in Cambodia ပိုးထည်တွေ ဒီတိုင်း အလိပ်လိုက် ချရောင်းကြတယ်..အိပ်မျိုးစုံ ဒီဇိုင်းစုံစုံတွေ..မာဖလာ လည်ပတ်တွေ.. Fashion Accessories တွေ.. အစုံပဲဗျာ..

စိုင်း အထင်တော့ မကြာခင် Phnom Penh-Siem Reap အဝေးပြေး လမ်းမကြီး ဟာ မလေးရှား က ပြည်နယ်ချင်း ဆက်သွယ်တဲ့ အဝေးပြေးလမ်းမကြီး လိုဖြစ်လာ မယ် ထင်တယ်၊ ခု လမ်း က မြို့ တွေ ရွာတွေ ကို ဖြတ်ပြီး ဆောက်ထားတော့ .. အတား အစီးကလဲ မရှိတော့ နွား ရှောင်၊ ကြက် ရှောင်မောင်း ရတော့ ခရီးမတွင်ဘူးလေ။ ရန်ကုန်-မန္တလေး လမ်းလိုပေါ့..မျက်စိထဲမြင်အောင် ရှင်းပြတာပါ..အဝေးပြေးလမ်းမ၊ အမြန်လမ်းမ ဆိုတာ ဘယ်လိုလဲလို့..
ခရီးသွားချိန်လျှော့ သွားရင် ..လူတွေ လည်ပတ်ချိန်တိုးလာမယ်.. ၀ယ်တာချမ်းတာ တိုးတော့ တိုးရစ်တွေ ပါလာတဲ့ ပိုက်ဆံ ပို ရတာပေါ့..အနဲဆုံးတော့ လည်ပတ်ရင်း ရေဆာလာကြမယ်လေ.. ရေ၀ယ်သောက်တော့ ရေသန့်ဘူးတွေ ရောင်းတဲ့ဆိုင် ကပိုက်ဆံ ပိုရတယ်..ရေသန့်ထုပ်လုပ်တဲ့ အလုပ်လေးတွေ အလုပ်ဖြစ်ရော...ရေဘူးတွေ လုပ်တဲ့ စက်ရုံ ပို လုပ်ရတယ်..စက်တွေ ပို လိုလာတယ်... ပြည်တွင်း က အကြီးစား အသေးစား စက်ရုံတွေ လုပ်နိုင်တာတွေ ရှိမယ်..မရှိဘူးလား.. သွင်းရမယ်... သွင်းကုန် ထုပ်ကုန် လုပ်တဲ့ လူတွေ အလုပ်ဖြစ်ပြန်ရော..လူတွေ ကလဲ အလုပ်တွေ အကိုင်တွေနဲ့ အဆင်ပြေ...ဒါက ရေသန့် တခု ကိုပဲ ပြော သေးတာ..

စားသောက်ဆိုင်တွေရော..စားကြမယ်..သားငါးမွေးမြူရေး လုပ်သူတွေ... သစ်သီးဝလံပန်းမံ စိုက်သူတွေ.. စးသောက်ဆိုင် မန်နေဂျာ တွေ လိုလာမယ်... ၀န်ဆောင်မှုလုပငန်းတွေ အလုပ်ဖြစ်မယ်..

အင်း..ခရီးသွားလာရေး လုပ်ငန်း ဖြစ်မြောင်အောင်..နိုင်ငံတကာ က Board အဖွဲ့ သီးသန့်ထားပြီးလုပ်နေတာ.. ဒါတွေကြောင့်ကိုး... လူတော်တော်များများ ကို အလုပ်ပေး နိုင်ပြီး ငွေတွေ တော်တော် ရတဲ့ အလုပ် ပဲ...စဉ်းစားရင်း..
လေယာဉ်မယ်လေးရဲ့

"Would you like white wine to go with seafood pasta Sir!" ကြားလိုက်မှ..စင်ကာပူ အပြန်လေယျာဉ်ပေါ်တောင် ရောက်နေပါလား သိတော့တယ်..

၎ရက်.၃ည ခရီး ကို ၂ နေရာ သွားတော့ အချိန်သိတ်မရ လိုက်ဘူး..၀ယ်မယ်တေးထား တာလေးတွေ မ၀ယ်လိုက်ရဘူး..ကြည့်ချင်တာ..သွားချင်တာများနေလို့လေ..

နောက် တခေါက် ပြန် သွားအုန်းမယ်ဗျာ...

HAPPY THINGYAN 2010 SINGAPORE

Monday, April 12, 2010

နိုင်င်္ငခြားရောက်နေ တောင်မှ စင်ကာပူ ကိုရောက်နေရတာ ပိုကောင်းနေသလိုပဲဗျ..

နိုင်ငံလေးကကျဉ်းတော့ အရပ်ရှစ်မျက်နှာကို အလွန် ဆုံးကြာလှ ၄၅မိနစ် နဲ့ ခြေစကြာ ဖြန့်နိုင်တယ်လေ..အဲတော့ ဘယ်မှာ ဘာပွဲ လုပ်မလဲ လာလေစမ်းပေါ့၊ သိနေ ကြားနေ ရောက်နေ တော့ တာပါပဲလေ..

စိုင်းတို့ မြန်မာ ပြည်ကလာတဲ့ သူတွေ မြန်မာ လူမျိုးတွေရဲ့ အထင်ကရ ပွှဲတော် အတာသင်္ကြန်ပွဲ အကြောင်းပြော မလို့ ဟာ စင်ကာပူ ကောင်းတာဘာညာ နဲ့ စကားချီး ပြောနေတာနဲ့ ကြာကုန်တယ် ဗျာ..ဒီလို ပါ..မြန်မာပြည်မှာ သင်္ကြန်က ၄ရက်လောက် ပဲ လေ၊ စင်ကာပူ သင်္ကြန်က Temasek Poly က စကြ လိုက်တာ March လကုန်ပိုင်းလောက်ထဲက ခုထိ ပဲ၊ Sunday တိုင်း သင်္ကြန်၊ စီးပွါးရေး အဖွဲ့အစည်းတွေ က Lazy Club နဲ့ အတူ အာ ဇာနည်၊ မဲမဲ ကျော်သိန်း.. အဲ မှားလို့ ဖြူဖြူ ကျော်သိန်း နဲ့အတူ Myanmar Water Festival လုပ်သွားတယ်၊
မြန်မာဘုန်းတော်ကြီးကျောင်း ၃ ကျောင်း ကလဲ ပြီးခဲတဲ့ Sunday မှာ ရေပွဲတော် ကျင်းပသွားတယ်။ နောက် Sunday မှာ Bukit Batok မြို့ နယ်ကောင်စီ က ကြီးမှူးပြီး လုပ်အုန်းမယ်..သကြားမင်းကြီးလဲ စင်ကာပူ သင်္ကြန် ဘယ်နေ့တက်မလဲ ဆိုပြီး မောပန်းနေလောက်ပြီ။
ဒီကြားထဲ စိုင်းတို လို ခင်ရာမင်ရာ စုပေါင်းလုပ်တဲ့ ပွဲတွေ ကလဲ မနဲ ဘူး။
စိုင်း ဒီနှစ် မြန်မာပြန်ပြီးကဲ မလို့ ပါ၊ အစီအစဉ်တွေပြည့်နေတာနဲ့ ပဲ မရောက်ဖြစ်ပြန်ဘူး။
ရေရွှဲ စိုနေမှ သင်္ကြန် လို အပီအပြင်ခံစားတတ်တဲ့ စိုင်းတို့လဲ ထုံးစံပေါ့၊ Hillview က ခေမာ တို့အိမ်မှာ ပဲ ခေမာ့လက်ရာ သင်္ကြန်ထမင်း၊ ဘာလချောင်ကြော်၊ သရက်သီးစိမ်းသုပ်လေး နဲ့ မုန့် လုံးရေပေါ်လေး စားပြီး ရေ ထဲခုန်ခုန်ချပြီး ပေါလော ပေါ်ရင်း သီချင်းလေး ဆိုလိုက် ကလိုက် ရီလိုက် မောလိုက်နဲ့...
ဝိုင်ချိုလေး တွေသောက်ရင်း ....
စင်ကာပူ ညနေခင်းလေး ကို လှပ စွာ ခံစားရင်း....
ချစ်မိတ်ဆွေ သူငယ်ချင်းများ ကို သတိရ တမ်းတရင်း...
သူငယ်ချင်း များလဲ ပျော်ရွှင်ကြည်နူး ချမ်းမြေ့ပါစေ လို့..










ပိုက်ဆံ အစိတ်လောက် ချေးပါ...

Friday, January 29, 2010

သူမ တော်တော် နောက်ကျ မှ အလုပ်ကနေ စိတ်ထောင်းကိုယ်ကျေ ပင်ပန်း နွမ်းနယ် စွာနဲ့ ပြန်လာတော့ သူမရဲ့ ၅နှစ် အရွယ် သားလေး အိမ်ပေါက် ၀ က ဆီးကြိုနေတာကို တွေ့လိုက်ရတယ်။

"မေကြီး၊ သား မေကြီးကို တစ်ခုမေးချင်လို့  "

"အင်း မေးလေ သားရဲ့၊ ဘာမေးမလို့ လဲ"

"မေကြီး အလုပ်လုပ်တာ၊ တစ်နာရီ ကို ပိုက်ဆံဘယ်လောက်ရလဲဟင်"

မောမောနဲ့ ပြန်လာတဲ့ သူမ ဒေါသ ထွက်မိတယ်။

"ငါလုပ်လိုက်ရ..မင်းမေးစရာလားဟင်၊ မင်းအလုပ်လား"

"သားသိချင်လို့ ပါ၊ပြောပြပါမေမေ၊ဘယ်လောက်ရလဲလို့ "

"ကဲ ကဲ..မင်းသိပ်သိချင် နေသပဆိုရင်တော့၊ ငါတစ်နာရီကို ၅၀ ရတယ်ဟေ့ သိပလား"

သား တော်မောင်လေး က"အော် " ဟု ဆိုကာ ခေါင်းလေးငိုက်စိုက်ချပြီး...

"မေမေ သားကို အစိတ်လောက် ချေးပေးပါ နော်"

သူမ ဒေါသတွေ ထိန်းမရတော့ဘူး.......

"မဟုတ်တရုတ် ကစားစရာ တွေ၊ ပေါက်တတ်ကရ တွေဝယ် ရအောင် ပိုက်ဆံချေး မလို့ မေးတာပေါ့လေ ဟုတ်လား၊ အဲလို ဆိုရင်တော့၊ ကိုယ်တော်လေး! နင့် အခန်းကို ဖြောင့်ဖြောင့် တန်းတန်း ရောက်အောင်ချီတက် ပြီး အိပ်ရာဝင် ပေတော့၊ ကြည့်စမ်း နင်ဟာလေ ဘယ်လောက် တောင်များ တစ်ကိုယ် ကောင်းဆန်လိုက်သလဲလို့ ၊ နေ့ စဉ်နေ့ တိုင်း ငါ ပင်ပင် ပန်းပန်း အလုပ်လုပ်နေတာ အဲဒီလို ကလေးဆန်ဆန် မဟုတ်က ဟုတ်က တွေ အတွက် မဟုတ်ဘူးဟေ့......."

သူမရဲ့ သားငယ် တိတ်တိတ်ဆိတ်ဆိတ်နဲ့ သူ့ အခန်းထဲ ၀င်သွားပြီး တံခါး ကိုပိတ်လိုက်ပေမဲ့ သူမ ကတော့ ထိုင်ချပြီး သူမ့ ရဲ့ သား မေးတာ ကို တွေးမိလေ ဒေါသပိုလေ ဖြစ်နေလေရဲ့။

"ပိုက်ဆံ တောင်း ဖို့ များ၊ ငါ့ကို ဒီလို မေးခွန်းမျိုး မေး တတ်တယ်"

တစ်နာ ရီ ကြာကြာ လောက်မှာတော့ သူမလဲ တိုနေတဲ့ စိတ်တွေလျှော့ပါးသွား ပြီး
"ဒီကောင်လေး ငွေ အစိတ် နဲ့ တကယ်ကိုပဲ ၀ယ်စရာရှိနေ လား ပဲ၊ အဲ့လို မျိုး ပိုက်ဆံ တောင်းလေ့တောင်းထမရှိပါဘူး" တွေးလျှက် သူမရဲ့ သားငယ်လေး အခန်း ကို သွား ရောက် တံခါးဖွင့် ပြီး၊

'အိပ်ပျော်နေပြီလား သားလေး'

'ဟင့်အင်းမေမေ၊ အိပ်မပျော်သေးပါဘူး'

'စောစောက မေမေ လွန်သွား မသိဘူးသားလေးရယ်၊ တနေကုန် အလုပ် ကနေ ပင်ပန်း လာတော့ ငါ့ သားလေးပေါ် ဒေါသ တွေ ပုံချ လိုက် မိတယ်၊ ရော့ ငါ့သားလေး တောင်းတဲ့ ပိုက်ဆံအစိတ်၊'

သူမသားလေး ပျော်ရွှင် မြူးထူး အော်ဟစ်သွားပြီး ထထိုင်ခါ
'ကျေးဖူးတင်ပါတယ် မေကြီး'
ပြောရင်း သူ့ ခေါင်းအုန်း အောက်ကို လက် နှိုက်ပြီး ကြေမွနေတဲ့ ငွေစက္ကူ တွေ ကို ဆွဲထုတ်လိုက်ပါတယ်။

ဒီကောင်လေး ပိုက်ဆံ ရှိနေ သား နဲ့ငါ့ ဆီက ထပ်တောင်းနေတယ် ဆိုပြီး သူမရဲ့ ဒေါသ က ပြန်ပေါ် လာ ပါရော။

သားဖြစ်သူကတော့ သူ့ ငွေတွေကို တဖြေးချင်းစီ ရေတွက်လျှက် သူ့မကို မှော်ကြည့်တယ်၊

'မင်းမှာ ငွေ တွေ ရှိနေရဲ့နဲ့ ဘာ လို့ ထပ်တောင်းရတာလဲ'

'မလောက် လို့ ပါမေကြီးရ၊ ခုတော့ လောက်သွားပြီ'

'မေမေ၊ သားမှာ အခု ငွေ ၅၀ ရှိနေပြီ၊ မေမေ ရဲ့ အချိန် တစ်နာရီစာ ကို သားဝယ်လို့ ရမလားဟင်၊ ကျေးဇူးပြုပြီး မနက်ဖြန်ကြ ရင် အိမ်ကို စောပြန်လာပါနော်၊ မေမေ နဲ့ အတူ သား ညစာ လေး တူတူ စားချင် တယ် မေမေ'

" သားရယ်" လို့ လွှဲပြီး သူမ ဘာမှ ပြောနိုင်တော့၊ သူမ တုန်လှုပ်ခြောက်ခြားသွားရပြီလေ၊ သူမရဲ့ သားလေးကို ရင်ခွင် ထဲမှာ ပွေ့ ဖက်ရင်း သူမကို ခွင့်လွတ် ဖို့ တဖွဖွ ပြောဆိုနေမိတယ်။

Forward mail ကရတာပါ၊ မူရင်းကတော့ ဘယ်ကလဲ မသိပါဘူး၊ တကယ်ကိုကောင်းပါတယ်၊တော်တော်ကို ထိပါတယ်၊ ဆီလျှော်အောင် ဘာသာ ပြန်ထားတာပါ၊ မူရင်း ENGLISH VERSION ကိုတော့ ကျွန်နော့် ရဲ့ English blog MAN ACTUALLY မှာ ဖတ်နိုင်ပါတယ်၊

HAPPY NEW YEAR

Thursday, December 31, 2009

အာလုံး မင်္ဂလာပါ။

နှစ်သစ် အခါ သမယ မှာ စိုင်း အလိုချင် ဆုံး ကတော့ အမိမြန်မာ ပြည်ကြီး သာယာစည်ပင် ၀ပြော ပြီး ကမ္ဘာ မှာ မြန်မာဟေ့ လို့ ကြွေးကြော် နိုင်မဲ့ နေ့ ရက် လေး ပါဘဲ လို့ ။

အဲလိုဖြစ်တဲ့နေ့ ဟာ စိုင်း တို့  လူဝင်မှုကြီးကြီးကြပ်ရေး ငှါနဟာ ထောင်သောင်းများစွာ တန်းစီနေတဲ့ မြန်မာ လူမျိုးတွေကို နိုင်ငံကူး လက်မှတ်ထုပ်ပေးနေရမဲ့ အလုပ်တွေရော့သွားပြီး ၊ နိုင်ငံခြားသားတွေကို မြန်မာပြည် တွင်း အလုပ် လုပ်ခွင့် ပါမစ်တွေ စီစစ်ချထားနေရမဲ့ အလုပ်ရှုတ်နေရမဲ့ နေ့ တွေ ဖြစ်နေမှာပဲ...

အရှေ့တောင် အာရှ ရဲ့ ၀င်ပေါက် ထွက်ပေါက် အရေးပါ အရာရောက် တဲ့ နိုင်ငံ မှာ စိုင်းတို့ ရဲ့ လူမျိုးတွေ ကိုယ်ချစ်တဲ့ အမိနိုင်ငံတော်မှာ ကိုယ်ချစ်တဲ့ ရေမြေတောတောင် သဘာဝ ၊ ကိုယ့်မိသားစုတွေ နဲ့ နွေးထွေး သိုက်ဝန်း ဖူလုံစွာ နေနိုင်မဲ့ နေ့ တွေဖြစ်နေမှာပဲ..

တို့ မြန်မာတွေ နိုင်ငံခြား ထွက်တဲ့ ခရီးတာ အပျော်ခရီး၊ ဈေးဝယ်ထွက်တဲ့ခရီး၊ မြန်မာကုမ္မဏီတွေရဲ့ နိုင်ငံတကာ ရုံးခွဲတွေမှာ ကြီးကြပ်ရေးတာဝန် ထမ်းဆောင်ဖို့ သွားရောက်ကြတဲ့ခရီး ဖြစ်မဲ့ နေ့ ရက်လေး အမြန်ဆုံးရောက် ပါစေ ဆုတောင်းရင်း..အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာကြပါစေဗျာ။

မိုဘိုင်း ဒိုင်ယာရီ

Monday, November 23, 2009

ခုချိန် မှာ တော့ လူ တိုင်း နီးနီး ကိုယ် စီ မာလ်တီ-ပစ်စယ် ကင်မရာ ပါတဲ့ လက်ကိုင်ဖုံး လေး သွားလေရာ ဆောင် နေကြတဲ့ ခေတ်လေးပေါ့၊ တကယ်ပြော ကြ စတမ်း ဆိုရင် ဖုံးတွေဟာ သစ္စာ ရှိ ဆုံး အဖေါ် လို့ တောင် ပြောရ မယ်၊ ထို့ တူ ပဲ ကျွန်တော် တို့ လဲ သူတို မပါ ပဲ အပြင် မထွက်တော့ သလောက် ပဲ။

ဖုံး က ကင်မရာ လေး ကို ရော ကောင်းကောင်း အသုံးချကြ သလား။

ကျွန်တော် တော့ ဒီဂျီတယ် ကင်မရာ မပါတဲ့ အခါ မျိုး၊ အကြောင်း ကြောင်း ကြောင့်  ဓါတ်ပုံ ရိုက်ရမဲ့ အခါ မျိုးလောက် (အများအားဖြင့် တော့ အလုပ် ကိစ္စ တွေပါ) သာ သုံးဖြစ်တယ်။

ခု လဲ ဖုံး ကို အမှိုက် သရိုက် တွေ ရှင်းရင်း၊ ပုံ တွေ ကို တွေ့ တော့

အင်း..ငါ့ ဖုံးကင်မရာလေး ကို အလုပ်တော့ ပေးမှ ပါပဲ ၊ ငါ့ အနီးအနား က အဖြစ် အပျက်လေးတွေ ရိုက် လိုက် မျှ ဝေ ခံစား မှ ပဲ ဆိုပြီး ..

Mobile Diary လေး အနေ နဲ့ ရိုက်လိုက် ရေးလိုက် လုပ်သွား မယ်ဗျာ။ ပုံတွေ နဲ့ အကြောင်းအရာ လေး တွေ ကတော့ အစီ အစဥ်တကျ ရှိချင် မှလဲ ရှိ မယ် ၊ ရှိချင် လဲ ရှိ မယ် ပေါ့ နော်။
UOB CENTRE ရဲ့ ၅၈ ထပ် ပေါ် ကနေ ရိုက်ထားတာပါ၊ တနေ နေရာ ကနေ ဒီ ထက် ကောင်းတဲ့ ပုံတွေ မြင်ဘူးချင် မြင်ဘူးကြမှာပါ။
UOB CENTRE ရဲ့ ၅၈ ထပ် ပေါ် ကနေ ရိုက်ထားတာပါ၊

UOB CENTRE ရဲ့ ၅၈ ထပ် ပေါ် ကနေ ရိုက်ထားတာပါ၊ ဆောက် လုပ်နေဆဲ မာရီနာပင်လယ်အော် ပေါင်းစု အနားယူ အပန်းဖြေ ရပ်ဝန်း ခေါ် Marina Bay Sands Integrated Resort။
အောချတ် Orchard လမ်း တလျှောက်...ခရစ် စမတ် က ဝေးနေ သေးပေမဲ့ ခရစ်စမတ် သစ်ပင် တွေ ကတော့ နိုဝင်ဘာ လ ဆန်း ထဲ က နေရာ တကာ ဝေဆာနေလေရဲ့။
အပင် ထိပ်ပေါ် ရပ်ပြီး လမ်းသွား လမ်းလာတွေ ကို " Merry X'mas " ဆို ပြီး ဘယ်သူလုပ်ချင်လဲ ၊ ကျွန်တော် တော့ နိုး နိုး.. အမြင့်  ကြီး မှာ တယောက်ထဲ..အထီးကျန်လိုက်တာ...ဘာ လို့ ၂ ရုပ် မတင် ကြပါလိမ့်။


မလေးရှား မြို့တော် ကွာလာလမ်ပူ မှာပါ၊ ဂျလမ်း အလော် ဆို တဲ့ လမ်း လေး တလျှောက် ရေတွက် မရ နိုင်အောင် စားသောက် ဆိုင် တွေ နဲ့၊ လျှောက် ကြည့် လိုက် မြန်မာပြည် ရောက်နေလား ထင်ရ လောက် အောင် ပါပဲ ။ ဆိုင် တိုင်းမှာ မြန်မာ စားဖိုမှူး ၊ စားပွဲထိုး အကုန်လုံး လိုလို မြန်မာတွေပါ ပဲ ။
မလေးရှား မြို့တော် ကွာလာလမ်ပူ မှာပါ၊ ဘူဂစ်ဘင်တန် လျှောက်လမ်း လေး တလျှောက် အမှတ် တရ ပစ္စည်း အေ၇ာင်းဆိုင် တွေ ငေးမော လျှေက်လှမ်းရင်း မြန်မာ စကား တပြောပြော နဲ့၊ လျှောက် ကြည့် နေကြတာလေ။ ဆိုင်ရောင်းနေ ကြတဲ့ ချာတိတ် ကလေး ၂ယောက် က
အမှတ် တရ ပစ္စည်း လေး ၀ယ် ပါ၊ လျှော့ပေး မယ် ဆို ပြီး မြန်မာ လို ပြော ပြီး နှုတ်ဆက်လာတယ်၊ ဘာ မှ မ ၀ယ် ချင်ပေမဲ့ ခနရပ်ပြီး စကား စမြီ ပြော နေမိ ခဲ့တယ်။ မွန် ပြည်နယ် က ညီငယ်လေး မင်းမင်း ရဲ့ စကားလေး က နား ထဲ မှာ ထင်ကျန် ပြီး စိတ် မကောင်း ဖြစ်ခဲ့ ရတယ်။

"ကျွန်နော် ကမွန် ပါ၊ အိမ် ကနေ ၁၂ နှစ် လောက် အရွယ် က ထွက်ခဲ့ တယ် ၊ခု အသက် ၂၀ ရှိပြီ"

"ဒီတလျှောက် အိမ်ပြန်ခွင့် မကြုံခဲ့ဘူးဗျာ ၊ရ သမျှ ငွေ အကုန် တော့ ပြန် ပို့နေတာပဲ အကို၊ တနေ့ တော့ အိမ် ပြန် မယ် အကို "

ညီလေး မင်းမင်း အစစ အရာရာ အဆင်ပြေ ပြီး ၊ အမြန်တကာ့ အမြန်ဆုံး အိပ်မက် လေး အကောင်အထည် ဖေါ် ဆုတောင်းပြည့် ပါစေကွာ ။
ကျွန်တော် လမ်းလျှောက်ခဲ့ တယ်၊ လျှောက်နေဆဲ... လျှောက်နေဦးမှာပါ..လျှောက် နိုင်သေး သရွေ့ ..

ပင် ပန်း လိုက်တာ..ခနနား ပါရစေ။

ကျွန်တော့် ခြေဖ၀ါး အောက် မှာ ကွန်ကရစ် ပြင်ကြီးကလဲ အေးဆက်မာ ကြော နေ ပါလား။

အောက်ကို ငုံ့ ကြည့်တော့ သစ် ရွက်ခြောက် လေး တွေနဲ့ သားရေပင် လေး က "ဟေး သူငယ်ချင်း " ဆိုပါလား ။

English လိုဖတ်ရန်
http://man-simply9.blogspot.com

HAPPY SHAN NEW YEAR, SINGAPORE 2009

Monday, November 16, 2009

နိုဝင်ဘာ ၁၄ ရက် ညနေစောင်း လေး မှာ စင်ကာပူရောက် ရှမ်းမိသားစု ရဲ့ ရှမ်း နှစ်သစ်ကူး ပွှဲလေး ဟာ ရှမ်း အိုး စည်သံ ဗေ ထုံ ညံ ပြီး .ပွှဲ ပြီး ဆုံး ချိန်ထိ ရွှေ ပွှဲလာ ပရိသာတ် ကို ဖမ်းစား ပျော်ရွှင်စေ နိုင်ခဲ့ တယ် ပြော ရင် ပို တယ် လို့ မဆို နိုင်ပါဘူး..

ရောင်စုံခြယ် လှပနေတဲ့ ရိုးရာ ၀တ်စုံ ...ခန်းနားလှတဲ့ နောက်ခံ ပိတ်ကား...ခေတ်ပေါ် သံစဉ် တူရိယာ တွေ နဲ့ အတူ စုံလင် လှတဲ့ ရိုးရာ ဗုံတို ဗုံရှည်...လင်းကွင်း..မောင်း တွေ ကို ကြည့် လိုက် မယ် ဆိုရင် ရှမ်း မိသားစု လူ ငယ် မောင် မယ် များရဲ့ အား ထုပ် မှု တွေ ဟာ တွေး ကြည့်ရင်းတောင် မျက်ရည် လယ်မိပါတယ်...

သာ ယာ ပျော်ရွှင် ဖွယ် ကောင်း တဲ့ အဆို အက များနဲ့အတူ ဧည့် ကြို အစ..စားရေးသောက်ရေး မကျန် အတတ် နိုင် ဆုံး မလစ်ဟင်းရလေအောင် ခေါင်းချင်း တိုက်..ငြင်းရင်း ခုင်္ရင်း အကောင်း ဆုံး ဖြစ်အောင် ရွှေ ပွှဲ လာ သူငယ်ချင်း များရဲ့ သူငယ်ချင်းတွေ ဘယ်လောက် ကြိုးပမ်း လုပ် ခဲ့ ကြတာ သိ ခဲ့ရင် ........DHL လေယာဉ်တွေ အစီးများစွာ နဲ့ Logistic Services ကို ငှား..အကောင်း ဆုံး စက် တွေ သယ်..... Backup Dancers ရာချီ နဲ့ အတူ Makeup Artists, Stylist တပ် တခုလုံး နဲ့ World Tour လုပ်နေတဲ့ Madonna ရဲ့ ပွှဲတွေ ကိုတောင်... ဘာ လဲ ဟ... ကမ္ဘာကျော် ဖြစ်ပြီး..ဒီလောက် တောင် မဟုတ်ပါလား မေးမိ မှာ အသေအချာပါ။

စိုင်း တောင် ပေါ် ငါးချဉ် ကို ပို ချဉ် တယ် ဆိုပြီး ကို.်ယ့် ငါးချဉ်ကို ကိုယ်ချင်နေတာ မဟုတ်ပါဘူး၊ ဘာ တွေ.. ဘယ် သူတွေ ကို လဲ ဦးတည် ဖြေရှင်း ခြင်းလဲ မဟုတ်ဘူးနော်..... စိုင်း လက်လှမ်းမီ သလောက် ကတော့ အား ပေးစကားတွေ ကြီးပါပဲ.. ဒီ လို အ ကျဉ်းအကျပ် လုပ်ကိုင် ရှာဖွေ စားသောက် နေရတဲ့ ကြား က လုပ် ခဲ့တဲ့ ပွှဲလေး ဒီ လောက် တောင် မမျှော် လင့် ခဲ့ကြောင်း... စသည်ဖြင့်  စသည် ဖြင့်...(အားနာ နာ နဲ့ ပြော တာ လဲ ဖြစ် နိုင်တာပေါ့လေ)...ဘာပဲ ဖြစ်ဖြစ်...အားလုံး ကို ကျေးဇူးတင် လျှက်ပါ....


ွှစိုင်းအနေနဲ့ ကတော့ ပွှဲဖြစ်မြောက် ရေး အတွက် စိတ်ရော ကိုယ် ပါ လုပ် ဆောင် ခဲ့ ကြတဲ့ ညီ အကို မောင် နှမများအားလုံး ကို ဒီ ဘလော့ဂ်လေး ကနေ ပဲ ကျေးဇူး တင်လိုက်ပါတယ်....စိုင်း က နှမ်းဖြူး ပေးတဲ့ နေရာ... တာဝန် လောက် ပဲ ယူခဲ့လေတော့ ညီ အကို ..နောင့် ယိင်း၊ နောင့် စိုင်းတွေ ဘယ်လောက် နှစ်မြုပ် လုပ်ဆောင် ခဲ့ကြတာကို မျက်မြင်ပါပဲ...ကိုယ့် မြန်မာ ပြည်.. ကိုယ့်မွေးရပ်မြေ မှာတောင် ဒီလို စနစ်ကျကျ...သေသပ် စွာ တင်ဆက်ပြသ ဖို့  လွယ်ကူလှ တာ မဟုတ် ..သီချင်းလေး ထဲကလို ပြော ရရင်.... မင်းလဲ သိတယ် ..ကိုယ်လဲသိ.....
ခု လုပ် ကိုင် သွားတဲ့ လူတွေ မှာ..ပရော်ဖက်ရှင်နယ် ပွှဲ သွင်းစား နေ တဲ့ လူတွေ တယောက်မှ မပါပါဘူး..အလုပ် က ပင်ပန်းစွာ ပြန်လာရင်း.... တယောက်လက် တယောက် ဆွဲရင်း... တိုင် ပင် လိုက်..အားပေးလိုက် နဲ့ လုပ်ခဲ့ရတဲ့ ပွှဲလေး အောင် မြင်စွာ ပြီးဆုံး သွား တာ ကို တောင် ပွှဲ ပြီး တော့မှာ ပါလား ဆိုပြီး ကြေ ကွှဲ ၀မ်းနည်းနေတဲ့ ..ပွှဲ ဖြစ်မြောက် ရေးမှာ အခရာ တယောက် ဖြစ်တဲ့ ညီမလေး တယောက် လဲ ၀မ်းနည်း ၀မ်းသာ မြင်ခဲ့ရပါတယ်..... နာမည်ကြီး အဆို တော် တွေ ရဲ့ ပညာ ပြ မှုလေးတွေ ကို လဲ ပွှဲ ကြည့် သူတွေ စိတ် မချမ်းသာအောင် မပြော ပြတော့ပါဘူး......
ဘာ ပဲ ဖြစ်ဖြစ် ဝေးရပ် မြေခြား မှာ တို့  ညီ အကို မောင် နှမတွေ စည်းစည်းလုံးလုံး ချစ် ချစ် ခင် ခင် နဲ့ တို့ ရိုးရာတွေ ကို ထိန်းသိမ်း ပြီး .. အထင်ကရ ပွှဲလေးတောင် လက် တဆုတ် စာ လူစုလေး နဲ့ ဖြစ်အောင် လုပ် နိုင် ခဲ့ တာ ကို သိရင် .. တို့ မွှေးရပ်မြေ ရှမ်း ကုန်းပြင် မြင့်  မှာ ကျန် နေခဲ့ တဲ့ တို့ အဖေ အမေ.. ဘိုး ဘွား တွေ.... တို့ ချစ်သူငယ်ချင်းတွေ.... တို့  တွေ အတွက် ဂုဏ်ယူနေကြမှာပါ...

မနက်ဖန် နိုဝင်ဘာ ၁ရ မှာ သူ တို့ တွေလဲ ဒီ ရှမ်း နှစ် သစ်ကူးလေး ဆင်နွှဲ ရင်း တို့ တွှေ ကို လွမ်းနေမလားပဲ..

စိုင်း ကို ချစ် ခင် လို့  စိုင်းရောင်း တဲ့ လက်မှတ် ကို အလုပ်တွေ မအား လို့  မလာနိုင် မှန်း သိသိ နဲ့ ၀ယ် ယူ အားပေးခဲ့ တဲ့ သူငယ်ချင်း မိတ်ဆွေ တွေ ကို လဲ ဒိကနေ ပဲ ကျေးဇူး တင် မှတ်တမ်း ရေး ထားပါရစေ။

စိုင်းတို့ ပွှဲလဲ စချိန် ၅နာရီ လို့ သာပြော တာ..၃ နာ၇ီ ခွဲ လောက် ထဲ က ဧည့် သည်တွေ က တဖွဲဖွဲ ရောက်လာပြီ... စိုင်းတို့ တွေ အပေါ်တက် လိုက် ပြေး ဆင်းလိုက်နဲ့ တယောက် မှ မအားရပါဘူး၊ အသိတွေရောက်လာရင် ပြေး တွေ့ လိုက် နေရာချပေးလိုက်.. ခန ထိုင်ပါ အုန်းပြော လိုက် နဲ့ ၅ နာရီလောက် မှာ ကတော့ အားလုံး ရှမ်းရိုးရာ ၀တ်စုံလေးတွေနဲ့ လှလှ ပပဖြစ်ကြ လို့ပေါ့။

ရာသီဥတုကလဲ ရှမ်းပြည် က အလည်ရောက်လာ သလား မသိ... မှိုင်းမှိုင်း ညို့ညို့ နဲ့ .....ဧည့်သည်တွေလဲ..မိတ်ဟောင်းဆွေဟောင်း တွေ နဲ့ တွေ့  ပြီး ပျော် တပြုံး ပြုံး နဲ့ စားရင်းပြောရင်း နေ နေကြတာ.. တကယ့် ကို ကြည်နှူးစရာ မြင် ကွင်းပါ။
စိုင်း တို့ ကလဲ ပြော ချင် တာလေး၊ ပြချင်တာလေးတွေ ကများနေ တော့ စင်ပေါ်တက်ပြီး အော်ရတော့တာပဲ... ရှမ်းရိုးမက အိုးစည်သံ လေးတွေပေး...... စင်ကာပူရှမ်းမိသားစု ရဲ့ ပွှဲ ဖြစ်စဉ်လေး တွေ အင်ထရို ၀င်ရင်း အဖွှဲ့ လိုက် သံပြိုင်တေး လေး သီဆိုပြီး ပွှဲလေး စလိုက်ကြပါတယ်။

ပြောရပြန်အုန်းမယ်...ကလေးတွေတော်ကြောင်း..... အလုပ် တဖက်..ကျောင်း တဖက်နဲ့  ....

EMCEE လေးတွေ ဆိုလဲ ပြောနေလိုက်တာ ခရားရေ လွှတ်...... အက လေးတွှေ ရဲ့ ပထ၀ီနောက်ခံ.. သမိုင်းနောက်ခံ...

အိုး စည် တွေ မောင်း တွေ တီး တာ တွေ ကလဲ တကယ့် ကို ရပ်ရွှာတွေ မှာ တီးနေကြ ရွှာစားတွေလား မှတ်ရတယ်၊

ကနေတဲ့ ကလေးမလေးတွေ ကလဲ ပြုံးနေလိုက်တာ..... ဘာမှ အပူ အပင် မရှိတဲ့ မျက်နှာ သွင်ပြင်လေးတွေ နဲ့...... ကျော့ရှင်းလှပကြတဲ့ ရှမ်း သမီးပျိုလေးတွေ....

အ၀တ် အစားတွေ ဆိုတာ အရောင် အ ၀ါတွေ တောက် ပ ပြီး ကိုကို ဓါတ်ပုံ ဆရာတွေ လက် စွမ်းပြလို့ ကောင်း လိုက်မဲ့ ဖြစ်ခြင်း။ Source ၂ ခု ကရထားတဲ့ ပုံတွေ စိုင်း သုံးထားတာ...ဘယ်လောက်ကောင်းလဲ ကြည့်။

ရှမ်းတွေ က ခြေမှာ ဗွေ ပါတယ် လို့ ပြော စမှတ် ရှိ ကြတယ်၊ ကမ္ဘာ အနှံ့ ပြန်းကြဲနေတာ ခု မှာ မဟုတ်ဘူးနော်..ပဝေနသီ ထဲ က..အဲဒါတွေ က စိုင်းလဲ မသိလို့ မပြော တော့ဘူး၊ ပြည် တွင်း နဲ့ နယ် စပ် တွေမှာ တော့ ဒီမှာ စိုင်း တို့ လဲ တင်ဆက်ထားတယ်။

ဖ ခေ ရှမ်း (PHAKE) က အိန္ဒိယ နယ် စပ်ဖက် က၊ ဆစ်ဆောင်ပန်းနား က လော၊ထိုင်း နဲ့ တရုတ် မြန်မာ တွေ ရဲ့ ပထ၀ီ နေရာ ဒေသ ဆိုင်ရာ အရပ်လေး တခု လို့ ပြောရမှာပေါ့၊ တနေ့ နေ့မှာ အခွင့်သာရင် တင်ပြပါအုန်းမယ်။












စိုင်းဆိုင်မောဝ်နဲ့ ချစ်ဇနီးဂျူ ဂျူး ၊ အယ်လ် ဆိုင်းဇီ တို့ ရဲ့ ဖျော်ဖြေ တင် ဆက် မှု ကလဲ စိုင်း တို့ ပွှဲလေး အတွက် တတပ် တအား နဲ့ အမှတ် တရ ညလေး ဖြစ်စေခဲ့ပါတယ်၊ စိုင်း တို့  စီစဉ်ထားချိန်ထက် တနာ ရီလောက် နောက် ကျ ပြီး ပွှဲ ပြီးခဲ့ ပေမဲ့ လာရောက် အားပေး ကြတဲ့ ညီအကို မောင် နှ မများ ရဲ့ မျက် နှာလေးတွေမှာ ....... "THE NIGHT IS STILL YOUNG" ပြော နေကြတာ ပြန် တွေး တို င်း လွမ်း မိနေ မှာပါ... နောက် နှစ်မှာ ..အလည် တခေါက်လောက်ရောက်လာ ပါလား လို့  ဟန်ဆောင် မှု ကင်း ............ စွာ နဲ့ ဖိတ်ခေါ်ပါရစေ။

(photo credit goes to taisingapore, tza & Ko Win Sein)

 
Add to Technorati Favorites