GRADUATION-THE UNIVERSITY OF NEW CASTLE

Friday, November 21, 2008

"Where are you from?""Burma"" Oh it's once a great country. These days I picked up many Burmese. A lot of you guys are here? Why?"မဖြေချင် ပေမဲ့ လဲ ဖြေခဲ့ရပေါင်း များပါပြီ။ စိုင်း က နေ့ တဒူဝ တက်က်စီ နဲ့  meetings, inspections တွေ သွားနေရတော့၊ စကား ၂ ခွန်း ထက် ပိုပြောမိရင် နိုင်ငံခြားသား မှန်း သိနေကြတာ ကိုး။"You know once your country is the richest and most properous in the region""Yap, we were" ပြောပြီး စိုင်း ငြိမ်နေ လိုက်တယ်၊ ဘာတွေဆက် လာ မလဲ စိုင်းလဲသိနေပါပြီ။"Now you peoplecome here to study....

ဒိန်ချဉ် ကောင်း တဲ့ ဆိုင်လေး တစ်ဆိုင်..

Tuesday, November 18, 2008

စိုင်းရယ် ရုံးကလုပ်ဖေါ်ကိုင်ဖက် အင်ဂျင်နီယာ VJ နဲ့  ပုံဆွဲတဲ့ မလေး အမျိုးသမီး နေ့ လည်စာ စားဖို့  ရုံးအောက်ဆင်း လာတော့ ဘာစားရ မှန်း ရွေး မရဘူး ဖြစ်နေကြ တယ်။ Bugis လဲ မသွားချင် ၊ Little India က Indian Restaurant သွားမလား ၊ဂဏန်း စားလို့  ကောင်း တယ် လို့ VJ ကမေး တော့ စိုင်း က လဲ ရုံးနဲ့ ဝေးရင် ပြီးရော ပြော လိုက်တယ်။ VJ ကားလေး နဲ့ ၁၀ မိနစ်လောက် ပဲ မောင်း လိုက်ရတယ်။အစထဲ ကဈေး လဲပေါတယ်ပြောထားတော့ ရိုးရိုးလေး ပြင်ဆင် ထားတဲ့ ဆိုင်လေး ကိုမြင်တော့ ထူးထူးခြားခြားလဲ မခံစားမိပါဘူး၊ ချက်ပြီး သား ဟင်းတွေကို မှန်ကောင်တာ...

ကိုယ့် အနားရှိစေ ချင်...R Zarni, Nang Ping Tip

Monday, November 17, 2008

အာဇာနည် ဆိုတဲ့ ကောင်လေး က နာမည်ကြီး အဆိုတော် တစ်ယောက် မှန်း သိပေမဲ့ သူ့  သီချင်း တွေ ကို သေချာနားမထောင်ဖြစ် ခဲ့ဘူး။စိုင်း တို့  မြန်မာပြည် က ထွက်လာစဉ်က ဒီ ကလေးတွေ မူလတန်းကလေးတွေရှိ အုံးမှာပေါ့။ အဲဒီခေတ် က ကိုထီး၊ ဇော်ဝင်းထွဋ်၊ ထူးအိမ်သင် တို့  သီချင်းတွေ ပဲ စိုင်းတို့  ဟစ်နေကြတာ..အခုလို လဲ internet ကနေ အလွယ်တကူ Free Download လုပ်လို့ မရ ၊ Penisula မှာလဲ ခွေတွေ ၊CD တွေ ရောင်း တဲ့ ဆိုင်တွေလဲ မပေါသေးဘူး၊ ပြောချင်တာ က မြန်မာ သီချင်းတွေနဲ့ တော်တော် အဆက် ပျက် ခဲ့တယ်၊ အလုပ် နဲ့ ရုန်းလိုက် ကန်လိုက် ရင်း၊...

Lee Kuan Yew, Minster Mentor

Wednesday, November 05, 2008

မိတ်ဆွေ သူငယ်ချင်း များ အားလုံး Mr. Lee Kuan Yew ကို သိပြီး ဖြစ်နေကြ မှာပါ၊ ကျနော် အလေးစားရ ဆုံး ပုဂ္ဂိုလ် ထဲ မှာ ထိပ်ဆုံး ကပေါ့၊ ကမ္ဘာ့ အသေး ဆုံး နိုင်ငံ တခု ကို FIRST WORLD COUNTRY..ကမ္ဘာ့ပထမ နိုင်ငံ..တိုးတက်ပြီးသော နိုင်ငံ တ နိုင်ငံ ဖြစ်အောင် ဦးဆောင် ဦးမ ပြု ခဲ့ သူ.. ကမ္ဘာ့ရေး ရာ ကို ကျွမ်း ကျင်သူ လို့  အသိအမှတ် ပြု ထား ကြတဲ့ Leading Strategic Thinker ပုဂ္ဂိုလ် ကြီး ပါ။ဒီ ပို့ စ် မှာ 23 September 2008 တုန်ုးက England နိုင်ငံ The International Institute For Strategic Studies, Arundel House မှာ သူ...

 
Add to Technorati Favorites