Shan Lunch with Sai Sai

Saturday, June 26, 2010

Saturday & Sunday ဆို အားရအောင် အိပ်တတ်တဲ့ စိုင်း ဒီနေ့လဲ ထုံးစံ မပျက်ပါဘူး၊ ဗိုက်ထဲ က သံစုံတီးလုံးတွေ ကြားမှပဲ အိပ်ယာ က ထဖြစ်တော့တယ်၊ နာရီကြည့်တော့ မနက် ၁၁နာရီ၊ ဒီနေ့ အစီအစဉ်ဘာတွေလဲ ပြေးကြည့်တော့... umm! nothing so far! Then what's next? ဘာ မှ မရှိ၊ သွားစရာ မရှိသလို စားစရာ ဘာမှ ၀ယ်မထားတာ ကိုလဲ သတိရမိတယ် အဟဲ။

မျက်နှာသစ်၊ Fridge ထဲက နွားနို့တဗူးဆွဲ သောက်ရင်း အိမ်နား ကဈေး ကိုထွက်ခဲ့တယ်၊ ဒီနေ့တော့ ရှမ်းစာလေးတွေ ချက်စားမယ်လေ၊ ငယ်ငယ်က ကြားဖူးတဲ့ ချိုပြုံး သီချင်းလေး ကို အမှတ်ရသွားလို့...ဘာလဲသိကြလား? ရှမ်းလို ဆိုလိုက် ဗမာလို ဆိုလိုက်နဲ့လေ.."ခရမ်းသီး -မခေ၊ ကျား ကို ဆေ၊ ယုန်ကို ပန်တိုင်း..မီး ကို ဖိုင်း" ဆိုတာပါ။

စိုင်းအဖွား ထောင်းကြွေးနေ ကြဆိုတော့၊ အဖွားကို ကူရင်း ကူရင်း ရခဲ့တဲ့ My Grandmother's Kitchen ရဲ့ လက်ရာပေါ့၊ ခရမ်းသီးကို ပဲပုတ်နဲ့ထောင်းတာ...
ပြီးတော့ အရည်လေးလဲရ၊ အရွက်လေးလဲစား၊ အသားလေးကိုသတ်သတ်ဖယ်ပြီး ချဉ်ငံစပ်ဆော့စ်လေး လုပ်ပြီးတို့စားလို့ရတဲ့မုန်ညှင်းစောချက်မယ်၊စိုင်းတို့နားကဈေးလေးကကောင်းတယ်၊တော်တော် နောက်ကျတဲ့ ထိရောင်းတယ်၊ မုန်ညှင်းကြိုက်တတ်တဲ့စိုင်းနဲ့လဲကိုက်တယ်..မုန်ညှင်းမျိုးစုံရောင်း လို့လေ။

ချက်ရင်းနဲ့ လဲ အတွေးတွေ ဟိုပြေး ဒီပြေးနဲ့ ပျော်မိတယ်၊ ကျေနပ်မိတယ် လက်ရှိဘ၀လေး ကို၊ ပြီးပြည့်စုံတယ်လို့တော့ မပြောပါဘူး၊ အလုပ်အကိုင် လေးလဲ သူ့ ဟာနဲ့တူ ပုံမှန်...၀င်ငွေကလဲ ကိုယ့်အတတ်ပညာကိုယ့်အတိုင်းအတာ နဲ့ ကျေနပ်နေ နိုင်တဲ့ အနေအထား (သူများတွေ လောက် အချိန်၊ ငွေ မပေးခဲ့၊ Master, PhD ဆက်တက်ရလောက်လဲမကြိုးစားခဲ့ဘူးလေ၊ အဲတော့ လဲ Return On Investment အနေနဲ့ ပြန်တွက်ကြည့်ရင် ကိုယ် Invest ခဲ့သလောက်တော့ ထိုက်ထိုက် တန်တန်ရှိတယ် လို့ပြောချင်တာပါ၊ သူများတွေ သောင်းချီရတာ က လဲ သူ တို့ Investလုပ်ခဲ့ရတဲ့ Time & Money ရှိနေလို့ ပေါ့..

စိုင်းအတိုင်းအတာနဲ့တော့ စိုင်းကြိုးစားနိုင်သလောက် ကြိုးစားခဲ့တယ်..အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာလဲ တစ်ယောက်နဲ့ တစ်ယောက် ဘ၀ပေးချင်း မတူ...ခံယူချင်ချင်းမဟူ..ဘ၀ပေါ် ကျေနပ်မှုချင်းလဲ မတူဘူးပေါ့နော်၊ စိုင်း တစ်ကိုယ်ရေ တစ်ကာယ နေတယ်...အိမ်ပိုင်ယာပိုင် မရှိဘူး..ကားပိုင် မရှိဘူး...ဒါပေမဲ့ အပူအပင်ကင်း စွာ သွားလာ နေထိုင်..စိတ်သွားတိုင်း ကိုယ်ပါ နေနိုင်တဲ့ ဘ၀ကို ဒါဟာ စိုင်း ဘ၀ပဲလေ လို့ ကျေကျေနပ်နပ် လက်ခံပြီး ပျော်နေတာပါ..

You have no other choice! So you have to say so. ပြောတဲ့ လူရှိမှာပါ..Whatever it is..I am just happy to be myself and I love the way as it is..

ပတ်ဝန်းကျင်နဲ့ ကင်းလွှတ်နေတယ် လို့ ယူဆကြရင်... You're welcome! လာကြည့်ပါ၊ စိုင်းတမင် ဖန်တီးပြီး လုပ်ယူ နေသလား၊ စိုင်း တစ်ယော်ထဲ နေရမှာကို ကြောက်ပြီး အပေါင်းအသင်းတွေနောက် အတင်း ၀င်ရောနေရသလား..Not at all..စိုင်းလူတိုင်း ပေါ် မေတ္တာ ထားတယ်..ပါးစပ်လေးနဲ့ နှုတ်၏ ဆောင်မ ချင်းမျိုး နဲ့လူတွေကိုမပေါင်းလို့မေတ္တာရောင်ပြန်ဟပ်ပါတယ်..သူတို့တွေလဲစိုင်း ကိုအပေါ်ရံပေါင်းတာလား... မငယ်တော့ပါဘူး  အသက်တွေသိတာပေါ့နော် ဘယ်သူတွေ ကဘယ်လို စိတ်နဲ့ ပေါင်း သလဲဆိုတာ..
စိုင်းရဲ့ Facebook မှာ ရေးခဲ့ဘူး သလိုပဲ..I live to love and I love everyone..

စိုင်း ခင်တယ်..ချစ်တယ် အားလုံးကို..လူတိုင်းကို သူ့အနေအထား နဲ့ သူ၊ သူ့ အကြောင်းနဲ့သူ နားလည်တယ်၊ နားလည်ပေးတတ်တယ်..လမ်းမှာ တွေ့ ရင် ငါ့ကို မသိလောက်ပါဘူး ထင်ပြီး မခေါ်ပဲ မနေပါနဲ့..တစ်ယောက်နဲ့ တစ်ယောက်သိမှ စကားပြော ရမယ်.. ပြော စရာ Common subjects ရှိမယ် ဆိုတာ စိုင်း အတွက်တော့ သိတ်မမှန်ဘူး..
ပြောရင်း ပြောရင်းထမင်းစားဖို့ ခေါ်ဖို့မေ့နေတယ်ဗျ..စိုင်းကိုယ်တိုင် ချက်တာ.. မုန်ညှင်းကို မန်ကျည်းသီး နဲ့ အချဉ်ချက်တာရှမ်းမို့လို့ချက်တဲ့ဟင်းတိုင်းပဲပုတ်ထည့်တယ်မထင်နဲ့ဦး.. သူုနေရာနဲ့သူပဲထည့်တာ.. အဆီအသား ပါတဲ့ ၀က်ဝမ်း ဗိုက်သား လေးကို လဲထည့်ချက်တော့ အရသာ ကစီးစီးနဲ့ စားကောင်းတာပေါ့.. ရှမ်းလိုတော့ "ဖတ်ကပ်စော"...ရှမ်းပြည် က ရှမ်းလူမျိုး မဟုတ်တဲ့သူတွေ ကတော့ မြန်မာစကား နဲ့ဆို မုန်ညှင်းစော လို့ ခေါ်ကြာတာပေါ့၊ အသား မထည့်လဲ ဖြစ်ပါတယ်၊ စိုင်း က တခါချက်ပြီး ဟင်း ၂မယ်ရအောင် ချက်တာ..နူးအိနေတဲ့ အသားကို ဆယ်ပြီး ပြားပြားလှီး ပြီး ချဉ်ငံစပ် အချဉ်လေးလုပ်ပြီး တို့စားတာလေ..

ခရမ်းသီး ကိုတော့ oven ထဲထည့်ဖုတ် ပြီး ခရမ်းချဉ်သီး၊ ပဲပုတ်၊ ကြက်သွန်ဖြူ နဲ့ ပြန်ထောင်းထားတာ.. ဆီ လုံးဝမပါတော့ ဆီရှောင် ချင်နေသူများ ခံတွင်းတွေ့ ကြမှာပါ။


ပျော်ရွှင်ကြပါစေဗျာ..

8 comments:

ပန်းခရမ်းပြာ said...

ညနေစာ အတွက် ကျန်သေးလား ကိုစိုင်း ... ဒီနေ့ ဟင်းမကောင်းလို့ ဘယ်အိမ်မှာ ဧည့်သည် လုပ်ရင် ကောင်းမလဲ လိုက်ရှာနေတာ ...

မချို

စိုင်းစိုင်း said...

စိုင်းစိုင်းရေ လာစားမယ် ဖုံးခေါ် ပြီး ရထားစီးလာလိုက်ရင်တောင် ၁၅မိနစ် မကြာတာ..ခုတော့ရှိတော့ဘူး ဟီး..အိမ်က ညီငယ်တွေ ကို ကြွေးလိုက်ပြီ။

khin oo may said...

ပဲပုပ်ထောင်းလေးစိတ်ဝင်စားတယ်။ မုန်ညင်းစောလဲစိတ်ဝင်စားပါတယ် အို..အားလုံးစိတ်ဝင်စားပါတယ်လေ။

khin oo may said...

စိတ်ဝင်စားပါတယ်ဆိုမှ...........ကုန်ပြီတဲ့.......

Anonymous said...

ရှမ်းစာလေးတွေ ဘယ်လိုချက်လဲ သင်ပေးပါး)
ကြိုက် စ်.............

စိုင်းစိုင်း said...

komရေ..Sorry ပါ၊ Lion City မှာနေကြသူတွေပဲလေ..ဒီထက်ကောင်းတာ စီစဉ်လိုက်မယ် One fine day ပေါ့..မချိုနဲ့အတူ ဖိတ်လိုက်မယ် လေ..ခုတော့ပုံလေးပဲကြည့် နော်..နော်..

စိုင်းစိုင်း said...

Anonymous က သင်ပေးပါပြောပြီး ခြေရာဖျောက်ထားတယ်၊ လူဆိုး..

Anonymous said...

I want to eat Pak Kart Soar. ^_^
http://www.cashfiesta.com/php/join.php?ref=maoharn

 
Add to Technorati Favorites