Mom!

Tuesday, June 29, 2010

Mail ကနေရလာတဲ့ စာလေးကို ခုမှ သေချာဖတ်ကြည့်မိတယ်၊ တစ်ယောက်ယောက်ကရေးထားတဲ့ blog post လေးလိုတော့စိုင်းထင်ပါတယ်၊ ဒါပေမဲ့ မေးလ်မှာ ပါမလာလို့ credit တွေ မရေးပေးလိုက်တာ ကို စိတ်မကောင်းပါဘူးဗျာ၊

တော်တော်ကိုမျက်ရည်ဝဲလောက်အောင် မှန်တဲ့ အမေ့အကြောင်းလေးမို့ မျှဝေခံစားချင်လို့ စိုင်း ဘလောဂ်မှာ တင်လိုက်တာပါ...
စိုင်းစိုင်းနဲ့ မေမေ
ခြေတလုံးအိမ်တိုင်ဘ၀နှင့် ကမ္ဘာအရှေ့မှအနောက် တောင်မှမြောက်သို့
ကျွန်တော်လေလွင့်နေခဲ့သည်မှာ နှစ်ပေါင်း မနည်းတော့ပါ။ တစ်နှစ်ပြီး တစ်နှစ်
အသက်ကြီးလာသလို အကြားအမြင် ဗဟုသုတလည်း တိုးခဲ့သည်။ ကမ္ဘာ့ရွာ တစ်ဖြည်းဖြည်း
ကျဉ်းလာသည်။ မွေးရပ် မြေကအမေ တစ်နေ့ထက်တစ်နေ့ အိုစာသွားခဲ့သည်။

လွန်ခဲ့သောနှစ် (၂၀) က မွေးရပ်မြေ ရထားဘူတာမှ အစပြုလို့ ကမ္ဘာကြီးကို
စူးစမ်းဖို့ ကျွန်တော် ခြေလှမ်းစခဲ့သည်။ နှစ်ပေါင်း (၂၀) အတွင်း ပီကင်းမှ
ရှန်ဟိုင်း၊ ကွမ်တုန်မှ ဟောင်ကောင်၊ နယူးယောက်ခ်မှ ၀ါရှင်တန်၊ တောင်အမေရိကားမှ
တောင်အာဖရိကထိ၊ ထိုမှတဆင့် လန်ဒန်မှ ဆစ်ဒ်နီသို့ အလုပ်လုပ်ရင်း လှည့်လည်ရင်း
ကျွန်တော်ရောက်ခဲ့ဖူးသော နိုင်ငံများ (၂၀) ကျော် ခဲ့သည်။

နေရာသစ် တခုရောက်တိုင်း စိတ်သစ်လူသစ် ပတ်ဝန်းကျင်အသစ်ဖြင့် ကျွန်တော်
ပြောင်းလဲနိုင်ခဲ့ဖူးသည်။ သို့သော် စိတ်ထဲတွင် အမေ့ကို လွမ်းဆွတ်မှုက ဘယ်တော့မှ
မပြောင်းလဲနိုင်ခဲ့။ IP ဖုန်းကတ်လေးတွေပေါ်လာမှ အမေ့ကို မကြာခဏ ကျွန်တော်
ဖုန်းဆက်နိုင်ခဲ့သည်။ ဖုန်းထဲတွင် အမေ၏အေးချမ်းသော အသံသည် ဘ၀၏စိန်ခေါ်မှုများကို
ရင်ဆိုင်ဖို့ ကျွန်တော့်အတွက် အင်အား ပိုဖြစ်စေခဲ့သည်။

အမေ့၏အသံမှာ တစ်နှစ်ထက်တစ်နှစ် ပိုအိုစာသွားခဲ့သည်။ အမေ့နှင့် ဖုန်းပြောတိုင်း
ကျန်းမာရေးကို ဂရုစိုက်ဖို့၊ အမေ့ကိုစိတ်မပူဖို့၊ နေရာ တကာ သတိနှင့်သွားလာဖို့၊
ခွင့်ယူပြီး ပြန်မလာဖို့၊ ပြန်လာရင် ငွေကုန်ကြေးကျများပြီး အလုပ်အကိုင်
ပျက်မည်ဖြစ်ကြောင်း ထပ်သလဲလဲ ပြောသည်။ ကျွန်တော်စိတ်မကောင်းဖြစ်မိသည်။ အမေ
ကျွန်တော့်ကို လွမ်းနေပြီ တွေ့ချင်နေပြီဖြစ်ကြောင်း ကျွန်တော် သိလိုက်ပါသည်။

အမေ (၇၅) နှစ် ရှိပါပြီ။ ကျွန်တော်လက်ဘေးက အလုပ်တွေကိုချ၊ စိတ်ထဲက အစီအစဉ်တွေ
ကိုဖျက်ပြီး အမေ့ဆီ တစ်လပြန်ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်သည်။ ထိုတစ်လအတွင်း
ဘာမှမလုပ် ဘာမှ မတွေးဘဲ အမေ့အနားတွင် နေမည်။ ကျွန်တော်ပြန်လာခဲ့မည့်အကြောင်း
အမေကို ဖုန်းဆက် အကြောင်းကြားပြီးနောက် အမေ စတင် အစီအစဉ်ဆွဲတော့သည်။
မှတ်စုစာအုပ်တစ်အုပ်ဖြင့် ကျွန်တော်ကြိုက်သော အစားအစာ
များ မှတ်၊ ကျွန်တော် ငယ်ငယ်က ကြိုက်သော အိပ်ရာခင်းကို ပြန်ပြင်ချုပ်၊
ကျွန်တော်ရောက်တုန်း အဆင်သင့်ဝတ်ဖို့ အ၀တ်အစားတွေ ပြင်ဆင်ရင်း အမေအလုပ်တွေ
ရှုပ်နေခဲ့သည် ဆိုသည်ကို နောက်မှကျွန်တော်သိခဲ့ရသည်။ အသက် (၇၅) နှစ်
ရှိနေပြီဖြစ်သော အမေ လှုပ်လှုပ်ရှားရှားလုပ်ရင် မောတတ်တဲ့အမေ ကျွန်တော်
ပြန်လာဖို့အတွက် ပြင်ဆင်ရင်း မောဖို့ မေ့နေပြီဖြစ်ကြောင်း ကျွန်တော်ခံစားမိသည်။
အမေနှင့်တွေ့သည့်အခါ အမေ့ကို ပြေးပြီးဖက်လိုက်မည်ဟု စိတ်ကူးနှင့် လေယာဉ်ပေါ်တွင်
ကြည်နှုးနေမိသည်။ တကယ်တမ်း အမေနှင့် တွေ့သောအခါ ကျွန်တော်ပြေးမဖက်မိ၊
အိမ်ပေါက်ဝတွင် ကြိုနေသော အမေသည် သစ်ခြောက်ပင်အိုနှင့် တူနေသည်။ မျက်နှာပေါ်က
အရစ်
အစင်းများကြောင့် အမေသည် အရင်ပုံရိပ်နှင့် မတူတော့။ အမေ တော်တော်
အိုစာသွားခဲ့ပါလား ။

အိမ်ပြန်ရောက်လျှင်ရောက်ခြင်း အရင်က ကျွန်တော်ကြိုက်ခဲ့သော ဟင်းများကို အမေ
စတင် ချက်ပြုတ်တော့သည်။ သို့သော် ထိုဟင်းများကို ကျွန်တော် မကြိုက်တော့ကြောင်း
အမေကို မပြောဖြစ်ခဲ့။ မျက်စိမှုန်လာပြီ ဖြစ်သောကြောင့် ဟင်းများက ငန်တစ်ခွက်၊
ပေါ့တစ်ခွက် အရသာများ အရင်နှင့် မတူတော့။ ကျွန်တော်အတွက် ပြင်ဆင်ထားသော
အိပ်ရာခင်းမှာလည်း ဂွမ်းစစ်စစ် စောင်ထူကြီးတွေဖြစ်သည်။ ထို
စောင်ထူကြီးများကို ခြုံအိပ်ရသောအကျင့် ကျွန်တော်မှာ မရှိတော့ ။ ဂွမ်းစောင်အစား
သိုးမွေးစောင် နုနုလေးပဲ သုံးတော့ကြောင်း အမေ့ကို ကျွန်တော် မပြောဖြစ်ခဲ့။
ကျွန်တော်ပြန်လာတာ အမေ့ကို လွမ်းလို့ တွေ့ချင်လို့ ပဲလေ။

အိမ်ပြန်ရောက်စ နှစ်ရက်တွင် အလုပ်များ ရှုပ်နေသောကြောင့် အမေနှင့်
စကားကောင်းကောင်း မပြောဖြစ်ခဲ့။ ပြောဖြစ်ပြန်တော့လည်း လူဖြစ်အင်များ၊
လူ့ဘ၀အကြောင်းများကို ထပ်သလဲလဲ ပြောနေတော့သည်။ ထိုအကြောင်းများသည် လွန်ခဲ့သော
(၁၀) နှစ်ခန့်က အမေ အပ်ကြောင်းထပ်အောင် ပြောခဲ့သော စကားများဖြစ်သည်။
ထိုအကြောင်းအရာနှင့် ကျွန်တော့်၏ဘ၀နှင့် အလုပ်အကြောင်းကို ခိုင်းနှိုင်းပြီး
ပြောတော့သည်။ ကျွန်တော် စိတ်အနှောင့်အယှက် ဖြစ်လာလျှင် ထိုအကြောင်းအရာများသည်
ခေတ်နောက်ကျနေပြီဖြစ်ကြောင်း ပြောမိလျှင် အမေသည် တွေတွေလေးနှင့် တစ်နေရာရာကို
ငေးကြည့်နေတတ်သည်။

မျက်စိများ မှုန်ဝါးလာပြီဖြစ်သောကြောင့် အမေ ဟင်းချက်ရာတွင် သန့်ရှင်းမှုကို
ဦးစားမပေးတော့ကြောင်း ကျွန်တော် သတိပြုလာမိသည်။ အမေချက်သော ဟင်းထဲတွင်
တစ်ခါတစ်ရံ ပိုးကောင်များ၊ ယင်ကောင်များ ပါလာတတ်သလို၊ ထမင်းဟင်းများ
ကြမ်းပြင်ပေါ်သို့ ကျလျှင်လည်း ပြန်ကောက်ထည့်လာတတ်သည်။ အခြေအနေများသည်
ယခင်ကနှင့် မတူတော့။ အိမ်တွင်မချက်စားဘဲ ဆိုင်တွင် မှာစားရန်ပြောသောအခါ
အပြင်စာများသည် ညစ်ပတ်ကြောင်း၊ ကျန်းမာရေးနှင့် မညီညွတ်ကြောင်း ပြောသည်။
ထမင်းချက် အဖော်တစ်ယောက် ရှာထားခဲ့မည်ဟု ပြောပြန်လျှင် အမေသည် "ငါ
လှုပ်ရှားနိုင်သေးတယ်။ ငါ မအိုသေး" ဟု ကျွန်တော့်ကို စိတ်ဆိုးလေသည်။
ကျွန်တော်မြို့ထဲသို့သွားလျှင် အမေလည်း လိုက်ချင်သည်။ နောက်ဆုံးတွင်
အမေခြေလှမ်းကြောင့် လိုရာသို့ မရောက်နိုင်ခဲ့။

အကြောင်းအရာ တစ်ခုခု ဆွေးနွေးမိပြန်လျှင်လည်း ကျွန်တော်အယူအဆများသည်
မှားနေပြီဖြစ်ကြောင်း၊ လမ်းမှားလိုက်နေပြီ ဟု အမေ ထင်နေသည်။ အရာရာတိုင်းသည်
ခေတ်နှင့်အညီ တိုးတက်နေပြီဖြစ်ကြောင်းကို ကျွန်တော် အားမနာစွာ အမေ့ကို
ပြောဖြစ်ခဲ့သည်။

နောက်ပိုင်း အမေနှင့်ပြောဖြစ်သော စကားတိုင်းတွင် ကျွန်တော်သည်
စိတ်အနှောင့်အယှက်ဖြစ်ပြီး စကားလမ်းကြောင်းလွှဲခြင်းများကိ
ု လုပ်လာမိသည်။
ကျွန်တော် စိတ်မရှည်သောအချိန်တွင် စကားသံကို အကျယ်ကြီး ပြောမိခြင်း၊
စကားဖြတ်ခြင်းများ ပြုလုပ်မိသောအခါ အမေသည် ပြောလက်စ စကားကိုရပ်ပြီး
တွေတွေလေးနှင့် နှုတ်ဆိတ်နေတတ်သည်။

ခွင့်တစ်လပြည့်၍ ကျွန်တော်ပြန်ခါနီးအချိန်တွင် အမေသည် ကုတင်အောက်က သေတ္တာဟောင်း
တစ်ခုဖြင့် နှစ်ရှည်လများ သိမ်းထားသော သတင်းစာဖြတ်ပိုင်းများကို ကျွန်တော်အား
ပေးလေသည်။ ထိုသတင်းစာ ဖြတ်ပိုင်းများမှာ ကျွန်တော် ပြည်ပရောက်စဉ် ကျွန်တော်
ရောက်ခဲ့ ဖူးသမျှ နိုင်ငံတွင် ဖြစ်ပျက်ခဲ့ဖူးသော သတင်းများပင်ဖြစ်သည်။
ကျွန်တော်ကို ပြရန် ထိုဖြတ်ပိုင်းများကို ဂရုတစိုက် ညှပ်ပြီး အမေ
သိမ်းထားခြင်းဖြစ်သည်။ ကျွန်တော်လက်ထဲသို့အပ်ပြီး ကျွန်တော်နှင့်အတူ
ယူဆောင်သွားစေလိုသည်။

မျက်မှန်ထူကိုတပ် စာဖတ်တိုင်း အားစိုက်ရတဲ့အမေ၊ သတင်းစာ တစ်မျက်နှာချင်းကို
ကုန်အောင် ဖတ်ပြီး ထိုဖြတ်ပိုင်းကို မည်မျှ ခက်ခက်ခဲခဲ ညှပ်ခဲ့သည်ဆိုသည်ကို
ကျွန်တော်အသိ။ သို့သော် အသုံးမ၀င်တော့သော ထိုသတင်းစာများကို ကျွန်တော်
ယူမသွားချင်ပေ။ ကျွန်တော် တွေဝေနေသည့်အခိုက်တွင် အမေ့လက်ထဲမှ ဖြတ်ပိုင်းလေး
တစ်ခု လွှင့်ကျသွားသည်။ ကျွန်တော်ထက်ဦးအောင် အမေက ကောက်ယူ
လိုက်ပြီး အင်္ကျီအိတ်ထဲသို့ ထည့်လိုက်သည်။

"ဘာဖြတ်ပိုင်းလေးလဲ မေမေ ကျွန်တော့်ကို ပြပါလား"

အမေ တွေတွေလေးနှင့်ကမ်းပေးပြီး ထမင်းစားခန်းသို့ ထွက်သွားလိုက်သည်။
ကျွန်တော်ချက်ချင်း ဖတ်ကြည့်လိုက်မိသည်။

"ငါ အိုသွားတဲ့အခါ"ဟု ခေါင်းစဉ် တပ်ထားသော ၂၀၀၄ နှစ် ၁၂ လပိုင်း ၆ ရက်နေ့က
ဆောင်းပါးလေး ဖြစ်သည်။ ဆောင်းပါးလေးမှာ


"ငါ အိုသွားတဲ့အခါ"

ငါ အိုသွားတဲ့အခါ ငါဟာ အရင်က ငါ မဟုတ်တော့ဘူး၊ ငါ့ကို နားလည်ပေးပါ၊
စိတ်ရှည်ရှည်ထား ဆက်ဆံပေးပါ။

ချိနဲ့နဲ့လက်တွေနဲ့ ထမင်းဟင်းတွေ အင်္ကျီပေါ် လောင်းမိတဲ့အခါ၊ ဖိနပ်ကြိုးတွေ
ချည်ဖို့ မေ့သွားတဲ့အခါ၊ ငါ့ကို မရွံပါနဲ့၊ ငယ်ငယ်တုန်းက ငါ သင်ပေးခဲ့တာတွေကို
ကျေးဇူးပြုပြီး သတိရပေးပါ။

အပ်ကြောင်းထပ်မက ပြောဖူးတဲ့ စကားတွေကို ငါ ပြန်ပြောမိတဲ့အခါ စကားမဖြတ်ဘဲ
ကျေးဇူးပြုပြီး နားထောင်ပေးပါ၊ ငယ်ငယ်တုန်းက အိပ်ရာဝင်တိုင်း တစ်ထောင့်တည
ပုံပြင်တွေကို မရိုးအောင် ပြောရင်း ငါ ချော့သိပ်ခဲ့ဖူးတာတွေကို သတိရပေးပါ။

မလှုပ်မရှားနိုင်လို့ ရေချိုးဖို့ အကူအညီ လိုတဲ့အခါ ငါ့ကို မငြိုငြင်ပါနဲ့၊
ငယ်ငယ်တုန်းက ချော့တစ်လှည့် ခြောက်တစ်ခါ ရေချိုးပေးခဲ့ဖူးတဲ့ ပုံရိပ် လေးကို
မြင်ယောင်ပေးပါ။

ခေတ်သစ်၊ နည်းပညာသစ်တွေကို မသိနားမလည်ခဲ့ရင် ငါ့ကို မလှောင်ပါနဲ့၊ ငယ်ငယ်တုန်းက
"ဘာကြောင့်" ဆိုတဲ့ မေးခွန်းတိုင်းကို စိတ်ရှည်စွာ ငါ ပြန်ဖြေခဲ့တာကို
သတိရပေးပါ။

စိတ်သွားတိုင်း ကိုယ်မပါ နွမ်းလျပြီး လမ်းမလျောက်နိုင်တဲ့အခါ ခွန်အားပါတဲ့
လက်တစ်စုံနဲ့ ငါကိုကူတွဲပေးပါ၊ လမ်းလျောက်သင်စ အရွယ်တုန်း က တစ်လှမ်းချင်း
လှမ်းလျောက် ကျင့်ပေးခဲ့ဖူးတာကို ကျေးဇူးပြုပြီး သတိရပေးပါ။

အသက်ကြီးလာလို့ စကားပြောရာမှာ ရှေ့နောက်မညီဘဲ အကြောင်းအရာ တွေကို ငါ
မေ့သွားတဲ့အခါ အချိန်ပေးပြီး စဉ်းစားခွင့်ပေးပါ၊ စကား အကြောင်းအရာတွေက ငါ့အတွက်
အရေးမကြီးပါဘူး။ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင် ကျေနပ်ပါပြီ။

တစ်နေ့ထက် တစ်နေ့ အိုစာသွားတဲ့ ငါ့ကိုကြည့်ပြီး ၀မ်းမနည်းပါနဲ့၊ နားလည်ပေးပါ
အားပေးပါ၊ အရင်တုန်းက လူ့ဘ၀ တက်လမ်းအတွက် ငါ လမ်းညွှန်ခဲ့သလို အခုအချိန်မှာ ငါ့
ဘ၀နောက်ဆုံး အချိန်တွေအတွက် အဖော်ပြုပေးပါ။ အချစ်နဲ့ အေးမျှမှုတွေကို ငါ
ပြုံးပြုံးလေး လက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးတဲ့ ငါ့မေတ္တာတွေ
တွေ့ရမှာပါ။


ကျွန်တော် မျက်ရည်မကျအောင် ထိန်းထားရင်း မနားတမ်းဆုံးအောင် ဖတ်လိုက်မိသည်။
ကျွန်တော် သေတ္တာထဲက အကောင်းဆုံး အ၀တ်တစ်စုံကို ထားခဲ့ပြီး ထိုဖြတ်ပိုင်းများကို
ထည့်လိုက်သည်။ ကျန်သော ဖြတ်ပိုင်းများက ကျွန်တော်အတွက် အသုံးမ၀င်သော်လည်း
ထိုဆောင်းပါးပါသော ဖြတ်ပိုင်းလေးမှာ ကျွန်တော် ဘယ်နေရာ ရောက်ရောက် ကျွန်တော်
အပါးအမြဲမခွာတော့။

ယခုထက်ထိ ထိုမှန်ဘောင် သွင်းထားသော ဖြတ်ပိုင်းလေးမှာ ကျွန်တော့်
စာကြည့်စားပွဲပေါ်တွင် ရှိနေသည်။ ကျွန်တော့်လို ဘ၀တူ အမိမြေကို ခွဲပြီး အမေနှင့်
ဝေးနေသူများ အတွက် ထိုဆောင်းပါးကို တင်ပြလိုက်ပါသည်။ အမြဲ
ဖုန်းမဆက်နိုင်သော်လည်း အခါကြီး ရက်ကြီးများတွင် အမေ့ကို ဖုန်းဆက်ပြီး
သတိရကြောင်း၊ ကျန်းမာကြောင်း၊ အမေချက်သော ဟင်းများကို
စားချင်ကြောင်း...............

Shan Lunch with Sai Sai

Saturday, June 26, 2010

Saturday & Sunday ဆို အားရအောင် အိပ်တတ်တဲ့ စိုင်း ဒီနေ့လဲ ထုံးစံ မပျက်ပါဘူး၊ ဗိုက်ထဲ က သံစုံတီးလုံးတွေ ကြားမှပဲ အိပ်ယာ က ထဖြစ်တော့တယ်၊ နာရီကြည့်တော့ မနက် ၁၁နာရီ၊ ဒီနေ့ အစီအစဉ်ဘာတွေလဲ ပြေးကြည့်တော့... umm! nothing so far! Then what's next? ဘာ မှ မရှိ၊ သွားစရာ မရှိသလို စားစရာ ဘာမှ ၀ယ်မထားတာ ကိုလဲ သတိရမိတယ် အဟဲ။

မျက်နှာသစ်၊ Fridge ထဲက နွားနို့တဗူးဆွဲ သောက်ရင်း အိမ်နား ကဈေး ကိုထွက်ခဲ့တယ်၊ ဒီနေ့တော့ ရှမ်းစာလေးတွေ ချက်စားမယ်လေ၊ ငယ်ငယ်က ကြားဖူးတဲ့ ချိုပြုံး သီချင်းလေး ကို အမှတ်ရသွားလို့...ဘာလဲသိကြလား? ရှမ်းလို ဆိုလိုက် ဗမာလို ဆိုလိုက်နဲ့လေ.."ခရမ်းသီး -မခေ၊ ကျား ကို ဆေ၊ ယုန်ကို ပန်တိုင်း..မီး ကို ဖိုင်း" ဆိုတာပါ။

စိုင်းအဖွား ထောင်းကြွေးနေ ကြဆိုတော့၊ အဖွားကို ကူရင်း ကူရင်း ရခဲ့တဲ့ My Grandmother's Kitchen ရဲ့ လက်ရာပေါ့၊ ခရမ်းသီးကို ပဲပုတ်နဲ့ထောင်းတာ...
ပြီးတော့ အရည်လေးလဲရ၊ အရွက်လေးလဲစား၊ အသားလေးကိုသတ်သတ်ဖယ်ပြီး ချဉ်ငံစပ်ဆော့စ်လေး လုပ်ပြီးတို့စားလို့ရတဲ့မုန်ညှင်းစောချက်မယ်၊စိုင်းတို့နားကဈေးလေးကကောင်းတယ်၊တော်တော် နောက်ကျတဲ့ ထိရောင်းတယ်၊ မုန်ညှင်းကြိုက်တတ်တဲ့စိုင်းနဲ့လဲကိုက်တယ်..မုန်ညှင်းမျိုးစုံရောင်း လို့လေ။

ချက်ရင်းနဲ့ လဲ အတွေးတွေ ဟိုပြေး ဒီပြေးနဲ့ ပျော်မိတယ်၊ ကျေနပ်မိတယ် လက်ရှိဘ၀လေး ကို၊ ပြီးပြည့်စုံတယ်လို့တော့ မပြောပါဘူး၊ အလုပ်အကိုင် လေးလဲ သူ့ ဟာနဲ့တူ ပုံမှန်...၀င်ငွေကလဲ ကိုယ့်အတတ်ပညာကိုယ့်အတိုင်းအတာ နဲ့ ကျေနပ်နေ နိုင်တဲ့ အနေအထား (သူများတွေ လောက် အချိန်၊ ငွေ မပေးခဲ့၊ Master, PhD ဆက်တက်ရလောက်လဲမကြိုးစားခဲ့ဘူးလေ၊ အဲတော့ လဲ Return On Investment အနေနဲ့ ပြန်တွက်ကြည့်ရင် ကိုယ် Invest ခဲ့သလောက်တော့ ထိုက်ထိုက် တန်တန်ရှိတယ် လို့ပြောချင်တာပါ၊ သူများတွေ သောင်းချီရတာ က လဲ သူ တို့ Investလုပ်ခဲ့ရတဲ့ Time & Money ရှိနေလို့ ပေါ့..

စိုင်းအတိုင်းအတာနဲ့တော့ စိုင်းကြိုးစားနိုင်သလောက် ကြိုးစားခဲ့တယ်..အောင်မြင်တယ် မအောင်မြင်ဘူး ဆိုတာလဲ တစ်ယောက်နဲ့ တစ်ယောက် ဘ၀ပေးချင်း မတူ...ခံယူချင်ချင်းမဟူ..ဘ၀ပေါ် ကျေနပ်မှုချင်းလဲ မတူဘူးပေါ့နော်၊ စိုင်း တစ်ကိုယ်ရေ တစ်ကာယ နေတယ်...အိမ်ပိုင်ယာပိုင် မရှိဘူး..ကားပိုင် မရှိဘူး...ဒါပေမဲ့ အပူအပင်ကင်း စွာ သွားလာ နေထိုင်..စိတ်သွားတိုင်း ကိုယ်ပါ နေနိုင်တဲ့ ဘ၀ကို ဒါဟာ စိုင်း ဘ၀ပဲလေ လို့ ကျေကျေနပ်နပ် လက်ခံပြီး ပျော်နေတာပါ..

You have no other choice! So you have to say so. ပြောတဲ့ လူရှိမှာပါ..Whatever it is..I am just happy to be myself and I love the way as it is..

ပတ်ဝန်းကျင်နဲ့ ကင်းလွှတ်နေတယ် လို့ ယူဆကြရင်... You're welcome! လာကြည့်ပါ၊ စိုင်းတမင် ဖန်တီးပြီး လုပ်ယူ နေသလား၊ စိုင်း တစ်ယော်ထဲ နေရမှာကို ကြောက်ပြီး အပေါင်းအသင်းတွေနောက် အတင်း ၀င်ရောနေရသလား..Not at all..စိုင်းလူတိုင်း ပေါ် မေတ္တာ ထားတယ်..ပါးစပ်လေးနဲ့ နှုတ်၏ ဆောင်မ ချင်းမျိုး နဲ့လူတွေကိုမပေါင်းလို့မေတ္တာရောင်ပြန်ဟပ်ပါတယ်..သူတို့တွေလဲစိုင်း ကိုအပေါ်ရံပေါင်းတာလား... မငယ်တော့ပါဘူး  အသက်တွေသိတာပေါ့နော် ဘယ်သူတွေ ကဘယ်လို စိတ်နဲ့ ပေါင်း သလဲဆိုတာ..
စိုင်းရဲ့ Facebook မှာ ရေးခဲ့ဘူး သလိုပဲ..I live to love and I love everyone..

စိုင်း ခင်တယ်..ချစ်တယ် အားလုံးကို..လူတိုင်းကို သူ့အနေအထား နဲ့ သူ၊ သူ့ အကြောင်းနဲ့သူ နားလည်တယ်၊ နားလည်ပေးတတ်တယ်..လမ်းမှာ တွေ့ ရင် ငါ့ကို မသိလောက်ပါဘူး ထင်ပြီး မခေါ်ပဲ မနေပါနဲ့..တစ်ယောက်နဲ့ တစ်ယောက်သိမှ စကားပြော ရမယ်.. ပြော စရာ Common subjects ရှိမယ် ဆိုတာ စိုင်း အတွက်တော့ သိတ်မမှန်ဘူး..
ပြောရင်း ပြောရင်းထမင်းစားဖို့ ခေါ်ဖို့မေ့နေတယ်ဗျ..စိုင်းကိုယ်တိုင် ချက်တာ.. မုန်ညှင်းကို မန်ကျည်းသီး နဲ့ အချဉ်ချက်တာရှမ်းမို့လို့ချက်တဲ့ဟင်းတိုင်းပဲပုတ်ထည့်တယ်မထင်နဲ့ဦး.. သူုနေရာနဲ့သူပဲထည့်တာ.. အဆီအသား ပါတဲ့ ၀က်ဝမ်း ဗိုက်သား လေးကို လဲထည့်ချက်တော့ အရသာ ကစီးစီးနဲ့ စားကောင်းတာပေါ့.. ရှမ်းလိုတော့ "ဖတ်ကပ်စော"...ရှမ်းပြည် က ရှမ်းလူမျိုး မဟုတ်တဲ့သူတွေ ကတော့ မြန်မာစကား နဲ့ဆို မုန်ညှင်းစော လို့ ခေါ်ကြာတာပေါ့၊ အသား မထည့်လဲ ဖြစ်ပါတယ်၊ စိုင်း က တခါချက်ပြီး ဟင်း ၂မယ်ရအောင် ချက်တာ..နူးအိနေတဲ့ အသားကို ဆယ်ပြီး ပြားပြားလှီး ပြီး ချဉ်ငံစပ် အချဉ်လေးလုပ်ပြီး တို့စားတာလေ..

ခရမ်းသီး ကိုတော့ oven ထဲထည့်ဖုတ် ပြီး ခရမ်းချဉ်သီး၊ ပဲပုတ်၊ ကြက်သွန်ဖြူ နဲ့ ပြန်ထောင်းထားတာ.. ဆီ လုံးဝမပါတော့ ဆီရှောင် ချင်နေသူများ ခံတွင်းတွေ့ ကြမှာပါ။


ပျော်ရွှင်ကြပါစေဗျာ..

Father!

Monday, June 21, 2010

အဖေ နေကောင်းရဲ့လား...

အဖေ့ဘေးမှာ ဘယ်သူတွေရှိနေလဲ၊

ဒယ်ဒီလို့ ခေါ်ရင်ကောင်း မလား မသိဘူး၊ ဒါမှ မဟုတ် ရှမ်းလို "အု...ကြိုက်လား...ပေါ့..လို့ ခေါ်ရမလား "

သားတို့တွေလဲ အဖေနဲ့ နီးနီးကပ်ကပ် အားပါးတရ မနေဖူး မခေါ်ဖူးတော့....မခေါ်ဖူးဘူး ဆိုလို့..သေချာစဉ်းစားရေတွက်ရင် အခါ ၁၀၀ တောင် ရှိရဲ့လား မသိဘူးနော်၊

အဖေ ဆိုတာ ခေါ်ချင်ခဲ့တယ်၊ အဖေ့မေတ္တာ ကိုတောင့် တ ခဲ့ တဲ့ အကြိမ်တွေ ကတော့ မရေတွက်နိုင်အောင်ပါပဲ အဖေရယ်၊ ခုထိပါပဲ။

အဖေ အနှီးအနား မှာ မရှိတော၊့ လော က ကို ရဲရဲ ကြီး ရင်ဆိုင် နေရပေမဲ့ အား တင်းထား တဲ့ စိတ်တွေ ခန္ထာကိုယ် တွေ ကြားမှာ အားငယ် တတ် နေ တာကို ဘယ်သူ သိမလဲနော်။

ကောင်း တဲ့ဖက် ကပဲ တွေးကြရအောင် အဖေ...အဖေ မရှိတော့...အားတင်းရင်း အားတင်းရင်း.. ကြိုးစားချင်စိတ်တွေ ပို ရှိလာ တယ်၊ ဘ၀ မနိမ့်ကျအောင် လုပ်ချင်စိတ်တွေ တိုးပွားလာတယ်၊ ရုန်းကန် နေရတဲ့ အမေ့ကို ပြန်လည် ပေးဆပ်မယ် ဆိုတဲ့ အသိစိတ်တွေ ရှိလာတယ်လေ...

စွမ်းသလောက်ကြိုးစားခဲ့ပါတယ် အဖေ၊ အဖေ့သားကြီး နဲ့ မောင်နှမတစု " ထိပ်ဆုံးမရောက် ခဲ့ပေမဲ့၊ အလည် အလတ်တော့ ရောက်ခဲ့တယ် ထင်ပါတယ် "

ကျေးဇူးပါအဖေ..မွေးသဖခင်...ပေါ့နော်

(အဖေများနေ့ အမှတ်တရ)

In Search of MYANMAR CEOs

Wednesday, June 16, 2010


သတင်းစာ ဖြတ်ပိုင်း လေး တစ်ခုပါ၊ စာလာဖတ်တဲ့ သူငယ်ချင်း တွေ အတွက် စိတ်ဝင်စား စရာ ကောင်း မယ် မထင်ပေမဲ့ စိုင်းရဲ့ အတွေးစ လေး ကို ဝေမျှချင်လို့ပါ။

စိုင်း တို့ရဲ့ မြန်မာ ပြည် ကြီး နဲ့ အတူ မြန်မာလူငယ်လေးတွေကို အမြဲပွဲလယ်သင့် စေချင်ခဲ့တာ အတိုင်းထက် အလွန်ပါ၊

စိုင်း ဘာ မှ မသိပါဘူး၊ Corporate America ကိုလဲမရောက်ဖူး ပါဘူး၊ စာ တွေဖတ် ပြီး International Business Arena မှာ အိန္ဒိယ က Bankers တွေ အမေရိကန် မှာ ကြီးစိုးကြီးပွးနေတာ၊ စင်ကာပူ ကိုပြောင်းလာပြီး အရှေ့ဖျား ဒေသအတွက် တာဝန်ခံ Regional Director တွေ အဖြစ်ရောက်လာတာတွေ....

ဖိလစ်ပိုင် လူမျိုး ဘဏ် အရာရှိ ကတော်လွန်းလို့ Citi Bank.. OCBC Bank တွေ က အလုပ်အတင်း ကမ်းလှမ်း ပြီး ဋ္ဌါန တစ်ခုလုံး အသစ်ဖန်တီး အုပ်ချုပ်ခိုင်းတာတွေ .....

ဖြစ်စေချင် ကြားချင်လိုက်တာ...မြန်မာတွေ ဒီလိုအောင်မြင်တာတွေလေ..

လူတွေ သိန်းသောင်း ပြည်တော်ကြီး ကထွက်လာ လိုက်တာ...International Organization တွေ မှာ CEO တစ်ယောက်မှ မဖြစ်ပါလား..

ကျွန်နော် ပြော ချင်နေတာ က ဒီသတင်းဖြတ်ပိုင်း လေး က အဖြေပေး နေသလိုပါ၊ India မှာ နိုင်ငံတကာ ဘဏ်တွေ၊ ကုမ္မဏီတွေ ရှိတယ်၊ MNC ခေါ် Multi-National Companies တွေ မှာ သူတို့ ပြည်တွင်းမှာ ရှိနေတော့ စာရေး အစ၊ မန်နေဂျာ အကြီးအငယ်အလယ် ၊ Vice President အဆုံး အိန္ဒိယ ပြည်တွင်း လူတွေ ရာထူးရ အလုပ်ရ ကြတယ်၊ အပြည်ပြည်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့ လက်ပွန်းတတီး ဖြစ်ခွင့်ရတော့ ကျောက် ရိုင်းလေးတွေ သွေးပေးလိုက်သလို ကမ္ဘာ မှာ တောက်ပ တာပေါ့ နော်။

 စင်ကာပူ ကိုကြည့်ပါ၊ သူတို့ တော်တာလဲတော်တာပေါ့နော်.. လုပ်ခွင့်ရတာ လဲပါတယ်..နိုင်ငံတကာ က လုပ်ငန်းအမျိုးစုံ ၊ နိုင်ငံစုံ ကထိပ်တန်း ကုမ္မဏီတွေ မှာ လုပ်နေကြရတော့ အလုပ် ကသင်ရင်း လုပ်တတ်ကိုင်တတ်..လုပ်ရင်းတော်သွား ကြတာ ပါ...

စိုင်းတသက် မှာ မြင်ချင်ကြား ချင်ပါတယ်...မြန်မာ ပြည်တွင်းမှာ ရှိတဲ့ လုပ်ငန်းတွေ၊ မြန်မာ ပြည်မှာ အခြေလာ စိုက်မဲ့ လုပ်ငန်းကြီးတွေ မှာ မြန်မာလူငယ်တွေ အဆင့်တိုင်းမှာ လုပ်နိုင် ကိုနိုင်ပြီး MNC တွေ မှာ CEO ကြီးတွေ ဖြစ်နေတာ တွေ..

Sai Sai OK's Weekends

Monday, June 14, 2010

သင်္ကြန်ထဲက သွားလာ နေရတဲ့ စိုင်းလဲ ခု တစ်ပတ်မှ ပဲ ကောင်းကောင်း နားရတော့တယ် ၊ အပေါင်းအသင်း တွေလဲ ကိုယ်စီ ပဲ အလုပ်တွေရှုပ်၊ ပင်ပန်းနေကြ လို့လား မသိဘူး၊ ဘာ ညာ အစီအစဉ်တွေ မလုပ်ကြတာ နဲ့ စိုင်းလဲ အသာလေးငြိမ်နေလိုက်တယ်၊ နားနားနေနေ လေး နေချင် တာရယ်၊ စိုင်း ပိတ်ထားတာကြာ ပြီ ဖြစ်တဲ့ အင်္ဂလိပ်စာ သင်တန်း ပြန်စ မှာ ရယ်ကြောင့်ပါ။
စိုင်း တို့ထက် စိတ်အားထက်သန်၊ စာလဲပိုဖတ် ပိုတတ်တဲ့ စိုင်း PL က တော့ ထိုင်းစာသင်ပေးနေတဲ့ ပီ SK ဆီ ဘယ်ချိန် သွားမလဲ လှမ်းချိတ်ရှာတယ်၊ အားနာနာ နဲ့ နောက် Sunday ကြ ပြန်ဆုံကြမယ် ပြော ပြီး စာသင်ဖို့ ပြန်ဖတ် ပြီး နားနား နေနေ လုပ်နေ လိုက်ရတယ်လေ။
(Nang Seng HK & Sai WNH's reception)

အပေါ်က ပုံလေးကတော့ စိုင်းနဲ့ ရပ်ဆွေရပ်မျိုး လို ဖြစ်နေတဲ့ နန်းဆိုင်ဟွမ်ခေး ရဲ့ လက်ထပ် မင်္ဂလာပွဲလေး ပါ၊ ၂ပတ်ကျော် က စိုင်းရဲ့ weekend လေးတစ်နေ့ပေါ့၊ From this moment on ဆိုသလို ဒီအချိန်ခါ သမယ မှ အသက်ထက်ဆုံး အတူတကွ ချစ်ခင် ပျော်ရွှင်ပြီး သားသားမီးမီးများစွာ ထွန်းကားပါစေကြောင်း ဆုတောင်း ပေးပါတယ်။
စိုင်းတို့ရှမ်းမိသား စု တွေ ကို တစုတဝေးကြီးတွေ့ရတော့ တ၀ိုင်း နဲ့တ၀ိုင်း သွားလိုက် အော်ပြော လိုက်နဲ့ ပျော်စရာ အတိနဲ့ Sunday ညနေခင်းလေး တစ်ခုပေါ့၊ မင်္ဂလာ သတို့သား၊သတို့သမီး အတွက်ရော ရွှေပွဲလာ များအတွက်ပါ အမှတ်တရ ပါ။
(၀ိုင်ချိုချိုလေးလား with SPL & his sweet heart
မြင်တဲ့အတိုင်းပဲဗျာ...ဆိုင်းသံဗုံသံ ကြားလို့ ကတော့ မကမနေနိုင် တဲ့ စိုင်း....မင်္ဂလာပွဲပြီးပေမဲ့..စိုင်းတို့ က အပျော် တွေကို မကုန်ဆုံးစေချင်သေးတော့ Singapore Entertainment Ground မှာ နာမည်ရလာတဲ့ Thai Disco တွေထဲ က နီးနီးနားနား Disco ကိုရောက်သွားတယ်၊ Golden Mile Complex 2nd Floor မှာဆိုပေမဲ့ ထင်ထား သလောက် စွန်းပေနေတာ မျိုး မတွေ့ရပါဘူး..(သဘောပေါက်ပါတယ်နော်)၊

မရပ်မနား သောက်လိုက် ကလိုက်နဲ့ စိုင်းလဲ အဖွဲ့သားတွေရဲ့ ဓါတ်ပုံ လက်စွမ်းပြ မှုတွေ ကို ဂရုတောင်မပြုမိဘူး အဟဲ၊ လက်တို့လိုက်တယ် နော်..Live Band က အဆိုအတီးကောင်း သလို Beer ကလဲ Main Stream Pubs, Clubs တွေထက်ဈေးသက်သာတယ်။

  စိုင်း ကြိုးကြား ကြိုးကြား စိတ်ပါရင် ပါသလို Sunday တွေမှာ ချက်စားပါတယ်၊ပြီးခဲတဲ့ Saturday, Sunday မှာအိမ်တွင်းပုန်း ပြီး အခန်းရှင်း၊ အိပ်လိုက် နားလိုက် စားလိုက်နဲ့ ဇိမ်ကျနေခဲ့တာ လေ။

စနေနေ့ကတော့ ထမင်းတစ်အိုးတည်ပြီး လက်ဖက်သုတ်.၀က်သားခြောက်ကျော်နဲ့ ပဲ စခန်းသွားလိုက်တယ်..

Sundayကြတော့ Fridge ရှင်းရင်း ပဲပြား (ရှမ်းပြည် ကတော့ ထိုဖူးဖြူ လို့ခေါ်ပါတယ်)နဲ့ ၀က်ခေါက်တွေ တွေ့တာနဲ့ ဘာလုပ်ရင် ကောင်းမလဲ စဉ်းစားတော့ ...ဒိုင်း..ဆို ငယ်ငယ် က အဖွားချက် ကြွေးခဲ့တဲ့ ၀က်ခေါက်ချဉ်ငံစပ်ကြော် ပြေးသတိရ လိုက်မိတာနဲ့...ထိုဖူးဖြူ ပါရော မွေပြီး..ဂျင်း..ကြက်သွန် ငရုတ် တွေ နဲ့ရှောက်သီးရေညစ်ပြီးချက်လိုက်တယ်..စိုင်းအရင်ပြောဖူးတယ်ထင်တယ်..ဘယ်သူကောင်း မကောင်းတော့ မသိဘူး..  စိုင်းက ကိုယ်ချက်တာ ကို ကောင်းကောင်း အားပေးတတ်တယ် ..ဟားဟား..
Sea-shell Kong Pao (ခရုကုန်းဘောင်ကြီးကျော်)
နောက် Top Shell ဗူးလေးကိုဖေါက်ပြီး ခြောက်ခြောက်လေး ကုန်းဘောင်ကြီးကျော် လို ကျော်ပြစ်လိုက်တာ..  ထမင်းတောင်တော်တော် ကုန်သွားတယ်..
သူငယ်ချင်း ၀ယ်ပို့ထားတာကြာနေပြီဖြစ်တဲ့ ရှောက်ချိုသီး ကိုခွာ ရေခဲသေတ္တာထဲ ထည့် ထားတာ ကို အတော်လေးကြာမှပဲ စားနိုင်တော့တယ်...
Spicy-Sour tofu with Pork-skin (၀က်ခေါက်-ပဲပြားချဉ်ငံစပ်)

Juicy Orange after Lunch (အချိုပွဲ ရှောက်ချိုအရည်ရွှမ်းရွှမ်း)
Reading & Watching Movies


ညရောက်ပြီ..၀ယ်ထားပြီး မကြည့်ရသေးတဲ့ DVD တွေ ကြည့်ရင်း..Online တက်ပြီး mail တွေ စစ်..မနက် အလုပ်သွား ဖို့ အ၀တ်တွေ မီးပူတိုက်ရင်း အချိန် ကို ကြည့်တော့ ည ၁၂ ရှိနေပြီ... Good night everyone..

စိုင်းနဲ့ထပ်တူ...ပျော်ရွှင်ကြပါစေ..

A Morning with Sai Sai Ohn Kyaw

Friday, June 04, 2010

(Mount Faber ကနေ မြင်ရတဲ့ စင်ကာပူ)
လာလိုက်ရင် ပုံတွေ ကြီးပဲ လို့ပြောကြမလား အဟဲ၊ စိုင်းစိုင်း အုန်းကျော်နှင့် တစ်မနက်ခင်း ဆိုတော့ ဘာမှန်း မသိမှာ စိုးလို့ ပုံတွေ ဝေေ၀ဆာဆာ နဲ့ ဆိုပို ကောင်းမလားလို့ပါ။ ပြီးတော့ စိုင်း စာမျက်နှာ များပေါ်ကို ရောက် လာကြတဲ့ မိတ်ဆွေ ကြီးငယ်တွေ အားလုံး ကို လဲ စိုင်း ရဲ့ပျော်ရွှင်မှု တွေ ဝေမျှရင်း ၊ အပျင်းလဲပြေ၊ ရှုခင်းလဲကြည့် ဒေသန္တရ ဗဟုသုတလဲ တိုး စေ တာပေါ့ မဟုတ်ဘူးလား....

စိုင်း ငယ်ငယ် က ခရီးသွား ဆောင်းပါးတွေ ဖတ်ရင် ရလေ့ရှိတဲ့ စိတ်ခံစား မှုမျိုး ဘော်ဘော်တွေ ဖြစ်ဘူးလား မသိဘူး။ အရင် က မဟေသီမဂ္ဂဇင်း မှာ စာရေးဆရာမကြီးအန်တီပတ္တမြားခင် ရဲ့ "သန္တာစမ်း ကအလွမ်းပြေ" အခန်းဆက် ခရီးသွား ဆောင်းပါးတွေ ကိုတော်တော် လေး စွဲစွဲမြဲမြဲ ဖတ်ဖြစ်ခဲ့တယ်၊ ဓါတ်ပုံတွေ နဲ့ဆိုတော့ စာ ကိုဖတ်လိုက်၊ ပုံကြည့်လိုက်နဲ့ အရေးအသား တင်ပြပုံ ကလဲကောင်းတော့ ကိုယ်တိုင်ခရီး သွားနေရသ လို ပဲလေ၊ ကိုယ် ကိုယ်တိုင် ဘေး ကလိုက်ပြီး ခရီးသွားနေရ သလို ပျော်ခဲ့မိတယ်၊ ဖတ်ပြီးသွား ရင်လဲ ပုံလေး တွေ ကြည့် စိတ်ကူးတွေ ယှဉ် တစ်ကယ် ရောက်ချင်စိတ်တွေ တဖွားဖွားပေါ်ခဲ့တယ်ဆိုပါတော့ဗျာ။

ပြီးတော့ အဲဒီတုန်းက နိုင်ငံရပ်ခြား ဆိုတာ ဒီလို အုံလိုက်ကျင်းလိုက်ထွက်နေကြတာလဲ မဟုတ်၊ သွားဖို့လဲ အကြောင်း သိတ်မရှိတာရယ်၊ သွားဖို့ အလှမ်းဝေးကြတာ တွေ ကြောင့် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံခြား ရောက်နေသူတွေ ၊ ပညာတော် သင်တွေ နဲ့ သင်္ဘောသား တွေ ရေးတဲ့ နိုင်ငံခြား ခရီးသွား အတွေ့ အကြုံ တွေ လောက်ပဲဖတ်ကြရတယ်လေ။
(City Hall မှာ နေ့လည်စာ မစားခင်)
(Jalan Kayu Flyover & Seletar Expressway)
စိုင်းတို့ဆိုတာ မြန်မာပြည် အစွန်အဖျား မွေးဖွားကြီးပြင်းခဲ့ ရလေတော့ နိုင်ငံခြား ဆိုတာ နဲ့ဝေးတယ်လေ၊ အသိုင်းအသိုင်းလဲ မရှိ၊ အဲတော့ စာတွေဖတ်ပြီး ရောက်ချင်လွန်းနေတော့ ပညာတော်သင်သွားနေတဲ့ ဆရာကြီး တွေ လို ကြိုးစား မှပဲ ရောက်မှာ၊ scholarship တွေရ မှ အဲလို သွားဖို့ တတ်နိုင်မှာ၊ English စကားတွေ ပြောတတ်မှ ဖြစ်မှာပါ ဆို တဲ့ အတွေးတွေ နဲ့အားကျကြီးပျင်းခဲ့ရတာပေါ့လေ။
ခုတော့ခေတ်ကြီးကလဲ IT ခေတ်၊ ဘာသိချင်လဲ၊ ဘယ်နိုင်ငံက ဘယ်မြို့ အကြောင်းသိချင်လဲ? A click away လို့ပြောနေကြတဲ့ ခေတ်၊ ပုံတွေဆိုတာလဲ ရှုဒေါင့်ပေါင်းစုံက ရိုက်ထားလိုက်ကြတာ ကြည့်လို့တောင် မပြီးနိုင်အောင် ပဲ၊ ဒါဆို စိုင်း ရေး စရာ မလိုဘူး ပြော ရင်.လဲပြော လို့ရပါတယ်..

ဒါပေမဲ့လဲ စဉ်းစားကြည့်လေ..ရှုခင်းလှလှလေး ပုံ ကြီးပဲ ကြည့်တာနဲ့..စိုင်းက ရှုချင်းလှလှလေးနဲ့ရိုက်ထား တဲ့ပုံ  ကိုကြည့်တာ ဘယ်ပုံကို ကြည့်ရတာ ပိုအသက်ဝင် ပိုပျော်ဖို့ကောင်းသလဲ၊ စိုင်းတော့ Facebook က စိုင်းတို့ မြန်မာလူ မျိုးတွေ နိုင်ငံတကာ မှာ သွားလာစားသောက် ထားတဲ့ပုံ တွေ ကို ကြည့်ပြီး အားကျတယ်၊ ပျော်တယ်၊ တခါတလေ ကိုယ်နဲ့မသိတောင် comments လေးတွေရေးမိတယ်၊ အဲလိုလုပ်ရင်းနဲ့ ပဲ တကယ်ကိုခင်မင်ရင်းနှီး ရတဲ့မိတ်ဆွေတွေလဲ တိုးခဲ့ရတယ်။

(Tampines Mall နား က နေရာ တနေရာ)
နောက်တချက် က ခု ရောက်တဲ့ သူတွေ ကလဲ ရောက်နေ သွားနေကြ သလို အလှမ်းဝေးနေသေးတဲ့ ညီအကို မောင်နှမများလဲ အများကြီးပါ၊ ထွက်ဖို့ အဆင်မပြေ သေးတာရယ်၊ အခွင့်အလှမ်းမပေါ်သေး တာရယ်နဲ့ မြန်မာ ပြည် မှာ ကျန်ရှိနေသေးတဲ့ စာဖတ်သူတွေ အတွက်လဲ ရည်ရွယ်ပါတယ်၊ ပြီးတော့ ၀တ်ကောင်းစား လှလေးတွေ ၀တ်ပြီး ကြွားဝါလိုစိတ်နဲ့ ပုံပေါင်း များ စွာ ရိုက်တင်တာ မဟုတ်တာကိုတော့ နားလည်ပေး စေချင်ပါတယ်၊ စာဖတ်သူတွေ စိုင်း စာမျက်နှာပေါ် ရောက်တာ သူတွေ ကို Entertainment တစ်ခုလို ပျော် စေချင်၊ motivation factor တစ်ခုလို ရသွားစေချင်တာမျိုးလောက်ပါ။
A Morniing with Sai Sai Ohn Kyaw ဖြစ်တည်လာရ ခြင်း က ဒီလိုပါ၊ စိုင်း ရဲ့ ညီ လိုပဲ ခင်ရတဲ့ ကချင် တိုင်းရင်း သား Gam Seng က စိုင်းရဲ့ Facebook မှာ စိုင်း ရဲ့ပုံ ကို comment ပေးသွား တာကစတာပေါ့။

သူ ကတော့ ပုံလေးတပုံ မှာ Nice လို့ တစ်လုံး တစ်ကြောင်း လေးရေးသွားတာပါ၊ စိုင်း စဉ်းစား မိတာက သူ နဲ့လဲ မဆုံဖြစ်တာ ကြာ တာ ရယ်၊ သူနဲ့လဲ ပုံတွေ အမှတ်တရ ဟုတ်တိပတ်တိ မရှိတာရယ်၊ သူ့ကောင်မလေး နဲ့လဲ ပိုမို သိကြွမ်းရအောင် ဆိုပြီး..."When can I have this kind of photos with you? " လို့ပြန်ရေးလိုက်ရာ က စလိုက်ရာ က the rest is the history ဆိုတဲ့ အတိုင်း ..စင်ကာပူ တခွင် လျှောက် သွား လျှောက်စား၊ ပုံတွေရိုက် နဲ့ နေ့လည်စာ လဲ စားပြီးရော..စကားတွေလဲတော်တော် ပြော ဖြစ် ခဲ့ကြတယ်...လွတ်လပ် ပေါ့ပါး မှု တွေ နဲ့ အလုပ် နား တဲ့ ရက်လေး တစ်ပိုင်း ကို ပျော်စရာ အတိနဲ့ ကုန်လွန် စေခဲ့တယ်။
နေ့လည်စာ စား ပြီးတော့ စိုင်းလဲ တရေးတမော နားပြီး ညနေစောင်း ကြတော့ မင်္ဂလာ ဆောင် တစ်ခုဆက်ချီတက် ခဲ့ရတယ်။ ပျော်ရွှင် ကြပါစေဗျာ။
(Changi Village နား က Chalet မှာ ပျော်ပျော်ပါးပါး)

(Tripod ထောင်ပြီး ၃ယောက်သား pose ပေးနေစဉ်)

(East Coast Park မှာ ဟန်ပြ နေတာ)

Easr Coast ကနေ West Coast အသွား Express Way ကနေ Singapore CBD မြင်ကွင်း

(Mount Faber ပေါ်ကနေ မြင်ရတဲ့ Singapore West Coast ပါ)


 
Add to Technorati Favorites