စိုင်းအုန်းကျော်လို့ခေါ်ပါတယ်...

Wednesday, May 26, 2010

ဘာတွေ မှန်းတော့ မသိဘူး ဗျ..အလုပ်ရှုတ်တာ ကတော့ တကယ်ပါပဲ။

တနေ့လုပ် တနေ့စား ဆိုတော့နေ့စဉ်ပုံမှန်အလုပ် က တနေ့တနေ့ မျက်လုံးဖွင့်ချိန်ရဲ့ ထက်ဝက်ပေးထားရတယ်။

ကိုယ်ရေးကိုယ်တာ က ကျိုးကြား၊ ထိုအရေး ဒီအရေးကလဲ ပါလိုက်သေးတယ်၊ လူမှုရေးကိစ္စလေးတွေ လဲ ကြိုးစား ပေမဲ့ ပျက်ကွက် မှုတွေ ရှိနေတယ်၊

ပြီးတော့ အီးမေးလ်ကနေ ရောက်လာတဲ့ ဖိတ်ကြားမှုတွေ ကိုလဲ လက်ခံရင်းလက်ခံရင်း ဘယ် website တွေမှာ ကိုယ် memberဖြစ်ပြီး ပြီလဲဆိုတာတောင် မသိတော့ အောင်ပဲ၊ facebook..tagged..joos..wayne..vzo..my space ..အိုး မိုင်ဂေါ့ဒ်..တော် ပြီ ထင်တယ်ဗျာ၊ ဒီကြား ထဲ ခရမ်းပြာမမ ပြော သလို Blog tycoon ဖြစ်နေပြီလေ၊ အကြောင်းအရာ တွေခွဲပြီး ရေးခြင်တော့ blog တွေ ကို ခွဲပြီးရေးနေတာ များမှန်းမသိများပြီး Tycoon ဖြစ်သွားတယ်လေ။

ရောက်လာတဲ့ မိတ်ဆွေ အဟောင်းအသစ်တွေကလဲ အရွယ် ၃ပါး၊ အလွှာ စုံ ကဆိုတော့ တချို့နဲ့လဲ အပြင်မှာ တွေ့ကြဆုံကြ၊ ရှိရင်းဆွဲ မိတ်ဆွေ သူငယ်ချင်းတွေနဲ့လဲ အကြောင်း အရာ အမျိုးမျိုးကြောင့် တွေ့ ချင်ကြတော့ စိုင်း လဲ နေ့စဉ်ရက်ဆက် အလုပ်ပြီးတိုင်း အဆင်ပြေ ရင် ပြေသလို အပြေးအလွှား ညစာ တူတူ စားရင်း တွေ့ရတာ မမော မပန်းနိုင်အောင်ပါပဲ၊ ကိုယ့်ကို ကိုယ်အရေးပါ အရာ ရောက်တာကို ဂုဏ်ဖေါ်တာ မဟုတ်တာကို နားလည်ပေးပါ၊ စိုင်း ကိုချစ်ကြ ခင်ကြ၊ အားကိုး တိုင်ပင် ကြတာ ကို စိုင်းကျေးဇူးတင် တာကို ပြောရင်း စိုင်းမတွေ့နိုင် သေးတဲ့ သူငယ်ချင်း တွေ နဲ့ စိုင်း ပြစ်ပယ်သလိုဖြစ်နေ တဲ့ blogက ချစ်သူငယ်ချင်း မိတ်ဆွေတွေ ကို တောင်းပန်ချင်လို့ ပါ။

စိုင်း လောလောဆယ်မှာ facebook, English ဘာသာလေ့လာတဲ့ Blog, English လို ရေးတဲ့ Blog နဲ့ ဒီ Simply Nice Blog ကို ပဲ အချိန်ပိုပေးပြီး ရေးသွားမယ်၊ စိုင်း ရဲ့ email, phone ကို facebook မှာ ရနိုင်ပါတယ်၊ စိုင်း သိမယ်၊ ကူညီနိုင်မယ် ဆိုတာ ရှိမယ်ဆို အချိန်မရွေး (အလုပ် ချိန်မှာတော့ ဖြေကြားပေး ဖို့ အခြေအနေမပေးနိုင် ခဲ့ရင် နားလည်ပေးပါ)email ပို့၊ ဖုံးခေါ်ပါ။

ဘာလို့ စိုင်းစိုင်းအုန်းကျော် ဖြစ်သွားလဲ..ဟုတ်ကဲ့..

နာမည်ရင်း ကတော့ အုန်းကျော်...ရှမ်း ဆိုတော့ စိုင်းအုန်းကျော် ... ချစ်ခင်ကြတဲ့ သူငယ်ချင်းတွေက နေရာတကာ မြင်ရ ကြားရတဲ့ စိုင်းကို စိုင်းစိုင်း ခမ်းလှိုင်လို လူသိများတယ်၊ ဘာညာ လုပ်ရင်းခေါ်ရင်း စိုင်းစိုင်း အုန်းကျော်လို့ တွင်သွားတယ် ၊ စိုင်းအုန်းကျော် ကို စင်ကာပူ ကလူတွေ ခေါ်တော့ ကြားရတာ မကောင်းတာနဲ့ စိုင်းနဲ့ဆင်တူ တာ ရွေးရင်း..စိုင်းကြိုက်တဲ့ James Bond မင်းသား Sean Conery ရဲ့ နာမည် ကို ယူပြီး name card မှာ Sean, Sai Ohn Kyaw ဖြစ်သွား ပါလေရော။ ရှောန် လို့ ခေါ်တာကိုကြားကြား ပြီး ဇာတ်ရည် မလည်တဲ့ မိတ်ဆွေများ အတွက်..

စိုင်း ခရီးသွား တာတွေပဲ တင်နေတော့မှာလား မေးနေကြတဲ့ သူတွေ အတွက်..
ပြောချင်တာ ရေးချင်တာတွေ အများကြီးပါ..ဒါပေမဲ့ Search တစ်ချက်လောက် လုပ်လိုက်ရင် စိုင်းပြော လိုရေး လို တာတွေ နဲ့ ဆင်တူ တာလေးတွေ ရှိနေတာ၊ ရေးထားတာလေတွေလဲကောင်းနေတော့ သူတို့ရေးထားတာ ဖတ်ရင်း အချိန်တွေက လွန်ကုန်ရော..စာရေးဆရာတွေ ပြော သလိုပြော ရရင် mood ကလဲ မရှိတော့ဘူးလေ..ရေးတော့ရေးမှာပါ။

လာရောက် အားပေးပါ....လမ်းမှာတွေ့ရင်လဲခေါ်ပါ...အမြင်မတော်တာ ရှိရင်လဲပြောပါ....


I live to love and I love everyone.....

စိုင်းအုန်းကျော်လို့ခေါ်ပါတယ်..

Hello Cambodia II

Thursday, May 13, 2010

Me, Myo Mg & his sis, Ma Nge in Madalay Inn's Dining Room

Cute Computer Desk & Chair @ Mandalay Inn Lobby, Siem Reap

သေသေချာချာ မလှလှအောင်ရိုက်.Posing on the Road behind Old Market @ Siem Reap

Frankly,I do not expect to see a hip store boasting Coffee & Fruits Bar with everything Ipod as the main stock in Siem Reap prior to this trip. Love it.

Looking at the photo and you know I am not exaggerating that how my mates are lovely. They are like well-seasoned actors/actresses. I just say one word "Action" and they are read for the shoot.

With my ever-ready model sis at one of the many Ankor Wat ruins

Another lovely grouppie!

Take 2 shots to make sure I am in the frame ok!

I was buying 2 pieces of his art works for 10US$ and he put it in that palm-leaf container. I really wish this little gentleman to become a well-known artist one day with his own studio. I will scan and post his works that I bought later.

Nice Huh! Aunty Wah & U Swe, Myo, Ma Nge, Myat Phone, Me & Myo Maung. Love the Background , love the pose and love everything. Hope to travel with you all again.

Ma Nge with the Very Ankor Wat.

(I look at the sky.....)right in front of Ankor Wat.

We are dancing to the tune of Cambodian Musics ( but no musics at that moment but we still can dance. Amazing Myanmar in Fascinating Ankor Wat)

Wondering in which movie he acted? Mind you, he is not an actor but a doctor.

Part of Ankor Wat

Cool Boutique Hotel @ Siem Reap

With the owner of Mandalay Inn, Ko Maung Maung

Walk along this street in the evening is a breeze! Siem Reap's night scene.


Hello Cambodia!

Wednesday, May 12, 2010

Phenom Penh က Hotel (Guest House) ဘေး Pub လေးမှာပါ။
မေဒေး အားလပ်ရက်မှာ သွားမယ် သွားမယ် တာစူ ထားတာ ကြာပြီဖြစ်တဲ့ ကမ္ဘောဒီးယား ကို အလည် တခေါက်ရောက် သွားခဲ့တယ်၊ ဗီဇာ ကို တကူးတက လုပ်စရာ မလိုပဲ VOA (Visa On Arrival) ကို လေဆိပ်မှာ တင်လုပ်လို့ ရတာရယ်၊ မြတ်ဘုန်း သူငယ်ချင်း မျိုးမောင် ရှိတာ ရယ်ကြောင့် လူသတ်မိုင်းကွင်း လို့ ကမ္ဘာ ကသိနေတဲ့ ကမ္ဘောဒီးယားကို ရွေးသွားတော့ ရောင်းရင်းတချို့ ကတောင် သွားစရာ ရှားလို့ ပြောကြတယ်လေ၊ စိုင်း ရဲ့ဗီဇ ကိုက အသစ်လေးတွေ ကို မြေတောင်မြှောက် အားပေး နေကြ ဆိုတော့ ဘယ်သူပြောပြော နောက် မဆုတ်ဘူး သီချင်းလေးနဲ့ အတူ ခရီး သွားဖေါ်တွေရဲ့ လက်ကိုဆွဲပြီး အရောက်သွားခဲ့တယ်။

စောစောထပြီး Model Man လုပ် ဟန်ရေးပြနေတာမဟုတ်ပါဘူး၊ ဖနွမ်းပင် ဟောတယ်ရှေ့ မဲခေါင် မြစ်ကမ်းဘေး မှာ ဒီလိုလေးတွေလုပ်ထားတာ ပြချင်လို့ပါ၊
အသစ်တွေကို ကြိုက်တယ် ဆိုလို့တလွှဲ ထင်မနေနဲ့ဦးဗျ၊ ရှင်းအောင်ပြော ရမယ် ဆိုရင် မင်းသမီး မင်းသားသစ် တွေ တင်ရိုက်ထားတဲ့ ကား အားပေးတယ်..လူသိမများပေမဲ့ သရုပ်ဆောင်လေးတွေကောင်း မှာပါ၊ ရုပ်လေးတွေ ချော ကြလှကြ မှာပါ ဆိုပြီး အကောင်းဖက်က ကြည့်ပြီးအားပေးတတ်တာမျိုး..
Speakerတွေ သီချင်းတွေနဲ့ Exercise လုပ်နေနိုင်ကြပြီ၊ ညနေပိုင်းမှာလဲ အဖွဲ့လိုက် အကတွေ အရွယ် အလိုက် အကမျိုး စုံ သင်ကြ ကကြနဲ့ ပေါ့၊ တိုင်းပြည် စည်ပင်ဝပြော လာခြင်းရဲ့ အရိပ်လက္ခဏာ တွေ ပါ။
Japan Brands တွေ လူကြိုက်များနေကြချိန်တုန်း က ကိုးရီးယား ဖြစ် Samsung ကုန်တွေ ကို လက်လှမ်းမီ သလောက် ၀ယ်ယူအားပေးတယ်၊ Samsung ပေါ်ပျူလာ ဖြစ်နေချိန် မှာ LG ပေါ်လာတော့ ဖြစ်စေချင် ပြန်တော့ ကိုယ် လိုတာလေးတွေ ရှိနေရင် တန် ဖိုး တူနေရင် LG ကို ၀ယ်ဖြစ်ခဲ့ တယ်...အဲလိုပါ ဟဲ ဟဲ..
မနေ့ တနေ့ ကထိ ပိုပေါ့ပ် ခေတ် မှာလူတွေ ထောင် သောင်းချီ သေခဲ့ တဲ့ အကြောင်းနဲ့ မိုင်း တွေကြောင့် ခြေပြတ် လက်ပြတ်တွေ ဖြစ်ခဲ့ရတဲ့ အကြောင်းတွေ ကလွှဲပြီး ဘာမှ ပြောစရာ ဆိုစရာ မရှိခဲ့တဲ့ အာရှ က နိုင်ငံ ငယ်လေး ပေါ့၊ သမိုင်းဝင် Ankor Wat ကိုကြည့်မယ် ဆိုတာနဲ့ အလည် ထွက် ခြင် တာ ကလွဲပြီး ကျန်တာတွေ ကတော့ မြို့ပျက် သာသာ လို့ မှတ်ထင်ထားပြီး စိတ်ထဲမှာ ဘာမှ လဲ မမျှော်လင့်မိပါဘူး။
Changi Airport ကနေ Phnom Penh လေဆိပ်ကို ၂နာရီ ၁၀မိနစ်ပဲကြာ ပါတယ်၊ လေဆိပ် က ရန်ကုန် လေဆိပ် လိုပါပဲ၊ စိုင်းတို့ ဗီဇာ လုပ်နေတုန်း ခရီးသည်တွေ အလျှိုလျှို ထွက် သွားပြီး စိုင်း တို့ လဲပြီး Immigration ကောင်တာလဲပိတ် ဆိုတော့ ..အော် ၂၄နာရီ အဆင်းအသက် ရှိတဲ့ လေဆိပ် မဟုတ်ပါလား လို့ တော့တွေးလိုက်မိတယ်...ဗီယက်နမ် သွား လည်စဉ်က လိုပဲ စင်ကာပူနဲ့ ယှဉ်လိုက်.အမိမြန်မာပြည်နဲ့ ယှဉ်လိုက်နဲ့ အမြင် ၂မျိုးဖြစ်ဖြစ်နေမိတယ်။
အနှစ်ချုပ်ပြော ရရင်..
သယ်ယူပို့ဆောင်ရေး - ဆိုင်ကယ်တွေ တော်တော် ပေါကြတယ်၊ အဝေးပြေး ကား စီးရတာ တော်တော်အဆင်ပြေ တယ်၊ ရန်ကုန်-မန္တလေး ပြေးတဲ့ ကားတွေ လို ခုံတွေ ထပ်မထည့်ထားဘူး၊ ဒူးတုပ်ပြီး ကျပ်ကျပ်ကျဉ်းကျဉ်း မထိုင်ရဘူး...ခရီးသည်တွေရဲ့ Comfort သက်သာ အဆင်ပြေရေးကို အလေးထား တယ်၊ နိုင်ငံခြား သား အတွက်ကို သီးသန့် စီစဉ်ထားတဲ့ အဝေးပြေးကား မဟုတ်ဘူး နော် ၊ ကားဂိတ် က ၀န်ထမ်းတွေ အစ ကားပေါ်ပါ လာတဲ့ ၀န်ထမ်းအလယ် ပျူငှာ လိုက်ကြတာ မခြေမငံ ဆက်ဆံရေး ဆိုးတဲ့ ရန်ကုန် အဝေးပြေး ကားလိုင်း က ၀န်ထမ်းတွေ ကိုခေါ်ပြခြင်တယ်၊ စိုင်းပြန် တုန်းက Bird Flu ဖြစ်နေတဲ့ ကာလ..အဲကွန်းဇိမ်ခံ ကားလို့ အကောင်းဆုံးလိုင်း လို့ညွှန်းတဲ့ ကား ကို ၀ယ်ပြီး ရှမ်းပြည်တက်တာ အလုံပိတ် ကားပေါ်မှာ ကြက်တူရွေး ၃ကောင် ပါတဲ့ခြင်းကို တင်လာတာ မအီမသာ ဖြစ်ခဲ့တာလဲ သတိရနေမိတယ်၊ ပြော ရင် မောင်မင်း အ၀ကျယ် လှပါလား ပြောခံရမှာ စိုးတာနဲ့ ငြိမ်ပြီး ငါရောဂါရမဲ့ ဇာတာ မပါ ပါဘူးလေ ဆို ကာကြောက်လှန့် စွာ ခရီးဆက်ခဲ့တာကိုလဲ သတိရမိတယ်။ အော်.....

ပြောတော့ဘူး...သူများ တွေ အကြောင်းပဲပြောတော့မယ် ဟားဟား...စာဖတ်သူတွေ စိတ်ညစ်ကုန်ပြီလား. အဲလိုပေါ့လေ..ပထမနေ့ ဖနွမ်ပင် မှာ စတည်းချ ကြတယ်..ဟော်တယ်မှာ ရေမိုးချိုး ပြီး ညစာ ထွက်စားကြတယ်၊ လမ်းလျှောက် ထွက်ကြ တော့ မြစ်ကို မျက်နှာ မူထားတဲ့ လမ်းမှာ လူတွေ လူတွေ သွားလာ နေကြတယ်... ဟိုတစု ဒီတစု အနောက် တိုင်း အကတွေ ..ရိုးရာ အကတွေ ကို ဖွင့်ပြီး ကနေကြတာ တွေ့ ရတယ်..မီးတွေ မပျက်ဘူး...သွားရေးလာရေး မပူရတော့ ဒီလိုတွေ ကခုန် နေနိုင်ကြတာလို့ တွေးလိုက်မိပါတယ်..
ဘားတွေ၊ စားသောက် ဆိုင်တွေ တော်တော် သားသား နားနားလေး တွေ့ရတော့ စိတ်ထဲမှာ အင်းဆိုးဘူးဟ. ဒီလောက်ထင်ထားဘူး ဖြစ်ပြန်ရော..လမ်းဘေးဆိုင်တွေ မှာ အစား အစာတွေ ရောင်းနေတာ တွေ့တော့ မစားရဲသလိုလိုဖြစ်နေတယ် (စင်ကာပူမှာ အနေကြာပြီး တခြားနိုင်ငံ သွားလည်ရင် ဖြစ်လေ့ ရှိတဲ့ရောဂါ ပေါ့လေ)..အရမ်း သားနားတဲ့ဆိုင်လဲ ရိတ်မှာ စိုးလို့ မ၀င်ရဲတာနဲ့ နဲနဲ သန့်ပြန့် တဲ့ ဆိုင်ကိုရွေးလိုက်ကြ တယ် ပေါ့။ Menu ကို စိုင်းတို့ မျက်လုံးပွတ်ပြီး ၂ခါ ပြန်ကြည့်ရတယ်..အမြင်မှားနေလားလို့...ဟင်း တပွဲ US$2.50 တွေ..ဘီယာ တဗူး US$0.50...ဘီယာသောက်တတ်တဲ့ ဦးဆွေ..မြတ်ဘုန်း နဲ့ စိုင်း တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ပြီး...ဟဲဟဲ..အားပေးတာပေါ့...ဒါမျိုးကတော့..

စိုင်းရဲ့ ခရီးသွားဖေါ်တွေ ကို မိတ်ဆက်ပေးရအုန်းမယ်..မြတ်ဘုန်းနဲ့မျိုးကိုတော့ သိပြီးသားနော်..ခုတိုးလာတာ က မျိုး တို့နဲ့ အတူ နေတဲ့ မငယ်(ဖနွမ်ပင် က စောင့်နေတဲ့ မျိုးမောင်ရဲ့ အစ်မအရင်း၊ မျိုးမောင်နဲ့ မြတ်ဘုန်း က ငယ်သူငယ်ချင်း)၊ ဦးဆွေ နဲ့ အန်တီဝါ တို့စုံတွဲ (မလေးရှား မှာ ဆရာဝန်ပေါ့ ဦးဆွေက၊ အန်တီဝါက မငယ်ရဲ့ အဒေါ်)..အရမ်း ကို ချစ်ဖို့ကောင်းတဲ့ အဖွဲ့၊ တယောက်နဲ့တယောက် ဘာဆိုဘာမှ ပြော စရာကို မလိုတဲ့ အဖွဲ့..ပျော်စရာ တော်တော်ကောင်းခဲ့ပါတယ်..ညီလေး မျိုးမောင်..ကျေးဇူးပါ..

ဈေးသည်တွေလဲ နိုင်ငံတကာ စံချိမ်မီ ဈေးတင်ရောင်းတယ်..ဒါပေမဲ့ ဆစ်ရင် အပြုံး မပျက်ဘူး..လျှော့ပေးတယ်..ဖေါ်ရွေတယ်..

Tuk Tuk တွေ က ဆိုင်ကယ်ကို နောက်ပိုးပြီး ခရီးသည်တင်တာ ဆိုတော့ Bangkok မှာလို မဆူဘူး..မီးခိုး မထူဘူး..ဒရိုင်ဘာတွေ ကလဲ ပုံမှန်ဈေးပဲပြောတယ်...ဘိုလိုလဲ တော်တော်ကောင်းကြတယ်.. အဖြစ်သဘောဟုတ်ဘူးဗျ.. စိတ်ချမ်းသာတယ် စီးရတာ....


မိုးမျှော်တိုက် တစ်လုံး ပဲတွေ့ တယ် ဖနွမ်းပင် တစ်မြို့လုံး..ခြင်လဲမကိုက်ဘူး..ပြီးတော့ မြောင်း ပဲမရှိလို့လား မသိဘူး..မြောင်းပုတ်စော် မနံဘူးဗျ..ငွေကြေးတော်တော်ဖေါင်းပွ တယ်ဖြစ်မယ်..လူတိုင်း လူတိုင်း US$ သုံးနေတယ်..ဈေးနှုန်းတွေလဲ ဒေါ်လာ လိုပဲ ပြော ကြရောင်းကြတာများတယ်.. ပြည်တွင်းငွေ စက္ကူ ကတော့ အသစ် တွေပဲ..ဟောင်းနွမ်း ကြေမွမနေတာ တွေ မတွေ့ဘူး...ဖုံးကဒ်တွေ ဆိုင်တိုင်းမှာ ၀ယ်လို့ရတာ တွေ့ ရတယ်..US$2 ကို မြန်မာပြည် ၁၅ မိနစ်လောက်ပြော လို့ရတယ်...

Tuk Tuk တွေလဲ အသစ်တွေများတယ်...ကားတွေ ကလဲ တော်တော် ကို လတ်တယ်ဗျ...နိုင်ငံတကာ တံဆိပ်တပ်ဆီဖြည့်ဆိုင်တွေ တွေ့ရတယ်..

နိုင်ငံတကာ ဘဏ်တွေ နဲ့ အလွယ်တကူငွေထုပ် သုံးလို့ ရတဲ့ ATM တွေလဲ အဓိကရ ကျတဲ့ လမ်းဆုံ တွေ လေဆိပ်တွေမှာ တွေ့ တယ်၊ ငွေကြေး နဲ့ ဘဏ်အက် ဥပဒေတွေ ခိုင်ခိုင်မာမာရှိနေတဲ့သဘောပေါ့နော်...

ခနသွားလို့ ကောင်းတာတွေပဲမြင်တာ ဖြစ်နေမလား မသိဘူး နော်..ဒါပေမဲ့ မနေ့ တနေ့ ကမှ လူတွေသတိပြု လာကြတဲ့ နိုင်ငံ ငယ်လေးတစ်ခု က စိုင်းရဲ့ အထင်အမြင် ကို ပြောင်းစေခဲ့ တာအမှန် ပဲ..

ညဈေးတွေ ၁၂ နာရီလောက် ဖွင့်တယ်..တိုးရစ်တွေ လဲ အေးအေးဆေးဆေး ဈေးဝယ်နေကြတော့..ဈေးရောင်းစားတဲ့ ပြည်သူတွေ ပြေလည်တာပေါ့နော်..

ဘာဝယ်စရာ ရှိလဲ ဟုတ်လား..မေးပါ..ဖြေမယ်..

ပန်းချီ ပန်းပုတွေ ဈေးမှာ ချရောင်းကြတယ်.. ၀ယ်နေ ကြတာ တရုန်းရုန်း... လက်မှုအနုပညာသည်တွေ အလုပ်ဖြစ်မှာပေါ့နော်..

Made in Cambodia ပိုးထည်တွေ ဒီတိုင်း အလိပ်လိုက် ချရောင်းကြတယ်..အိပ်မျိုးစုံ ဒီဇိုင်းစုံစုံတွေ..မာဖလာ လည်ပတ်တွေ.. Fashion Accessories တွေ.. အစုံပဲဗျာ..

စိုင်း အထင်တော့ မကြာခင် Phnom Penh-Siem Reap အဝေးပြေး လမ်းမကြီး ဟာ မလေးရှား က ပြည်နယ်ချင်း ဆက်သွယ်တဲ့ အဝေးပြေးလမ်းမကြီး လိုဖြစ်လာ မယ် ထင်တယ်၊ ခု လမ်း က မြို့ တွေ ရွာတွေ ကို ဖြတ်ပြီး ဆောက်ထားတော့ .. အတား အစီးကလဲ မရှိတော့ နွား ရှောင်၊ ကြက် ရှောင်မောင်း ရတော့ ခရီးမတွင်ဘူးလေ။ ရန်ကုန်-မန္တလေး လမ်းလိုပေါ့..မျက်စိထဲမြင်အောင် ရှင်းပြတာပါ..အဝေးပြေးလမ်းမ၊ အမြန်လမ်းမ ဆိုတာ ဘယ်လိုလဲလို့..
ခရီးသွားချိန်လျှော့ သွားရင် ..လူတွေ လည်ပတ်ချိန်တိုးလာမယ်.. ၀ယ်တာချမ်းတာ တိုးတော့ တိုးရစ်တွေ ပါလာတဲ့ ပိုက်ဆံ ပို ရတာပေါ့..အနဲဆုံးတော့ လည်ပတ်ရင်း ရေဆာလာကြမယ်လေ.. ရေ၀ယ်သောက်တော့ ရေသန့်ဘူးတွေ ရောင်းတဲ့ဆိုင် ကပိုက်ဆံ ပိုရတယ်..ရေသန့်ထုပ်လုပ်တဲ့ အလုပ်လေးတွေ အလုပ်ဖြစ်ရော...ရေဘူးတွေ လုပ်တဲ့ စက်ရုံ ပို လုပ်ရတယ်..စက်တွေ ပို လိုလာတယ်... ပြည်တွင်း က အကြီးစား အသေးစား စက်ရုံတွေ လုပ်နိုင်တာတွေ ရှိမယ်..မရှိဘူးလား.. သွင်းရမယ်... သွင်းကုန် ထုပ်ကုန် လုပ်တဲ့ လူတွေ အလုပ်ဖြစ်ပြန်ရော..လူတွေ ကလဲ အလုပ်တွေ အကိုင်တွေနဲ့ အဆင်ပြေ...ဒါက ရေသန့် တခု ကိုပဲ ပြော သေးတာ..

စားသောက်ဆိုင်တွေရော..စားကြမယ်..သားငါးမွေးမြူရေး လုပ်သူတွေ... သစ်သီးဝလံပန်းမံ စိုက်သူတွေ.. စးသောက်ဆိုင် မန်နေဂျာ တွေ လိုလာမယ်... ၀န်ဆောင်မှုလုပငန်းတွေ အလုပ်ဖြစ်မယ်..

အင်း..ခရီးသွားလာရေး လုပ်ငန်း ဖြစ်မြောင်အောင်..နိုင်ငံတကာ က Board အဖွဲ့ သီးသန့်ထားပြီးလုပ်နေတာ.. ဒါတွေကြောင့်ကိုး... လူတော်တော်များများ ကို အလုပ်ပေး နိုင်ပြီး ငွေတွေ တော်တော် ရတဲ့ အလုပ် ပဲ...စဉ်းစားရင်း..
လေယာဉ်မယ်လေးရဲ့

"Would you like white wine to go with seafood pasta Sir!" ကြားလိုက်မှ..စင်ကာပူ အပြန်လေယျာဉ်ပေါ်တောင် ရောက်နေပါလား သိတော့တယ်..

၎ရက်.၃ည ခရီး ကို ၂ နေရာ သွားတော့ အချိန်သိတ်မရ လိုက်ဘူး..၀ယ်မယ်တေးထား တာလေးတွေ မ၀ယ်လိုက်ရဘူး..ကြည့်ချင်တာ..သွားချင်တာများနေလို့လေ..

နောက် တခေါက် ပြန် သွားအုန်းမယ်ဗျာ...

 
Add to Technorati Favorites