စိုင်း လဲ အဖေါ်ကောင်း ပြီး Vietnam Sightseeing Trip အလည် တခေါက် ရောက် ခဲ့ရ တယ်..
Singapore မှာသိကျွမ်း ခင်မင် ခဲ့ရတဲ့ Ho Chi Minh City ခေါ် Saigon မြို့ တော် ကြီး က Nguyen Quang ဆို တဲ့ မိတ်ဆွေကလေးက နေစရာ တာဝန် ယူ မယ်ဆို လို့  air ticket ကို budget air လို့  ခေါ် တဲ့ သက်သာ လေကြောင်း ပို့ ဆောင်ရေး LION AIR က နေ ဒေါ်လာ ၂၇၀ နဲ online က၀ယ် ၊ Penisula Plaza က SINN MYANMAR မှာ ဗီယက်နမ် ၀င်ခွင့် visa ကို ဒေါ်လာ ၁၀၀ ပေး ပြီး လုပ် ခိုင်း လိုက် တယ်။
ပြောရ ရင်တော့ visa ကို ဒေါ်လာ ၁၀၀ ပေးရမယ် ကြား ရော နဲနဲ တွန့် သွား တယ်ဗျ။ ပြီး တော့ အဲ တာ က normal processing တဲ့ဗျာ၊ express service က ဒေါ်လာ ၁၂၀ ၀န်ဆောင်ခ မပါ .. ၃ ရက် ကြာမယ် တဲ့ ၊ နေ့ တွက် ကြည့်တော့ သွား ဖို့ ၈ ရက် အလို.. ဟူး... တတ် နိုင် ဘူး..လေယျာဉ် လက်မှတ် ကလဲ ၀ယ် ပြီးနေ ပြီ၊ ခွင့်  က လဲယူပြီး၊ သွား ဖို့ လာဖို့  ကလဲ ပြင် ပြီး နေ ဆို တော့ ၁၀၀ ပေး လိုက် ရတယ်။
Visa လဲ ရရော Vietnam Embassy ကနေ slipလေး တရွက် ပါလာတယ်၊ Visa Onlineတဲ့ ဗျာ ၊ US dollars 40 တဲ့ ၊ နဲနဲတော့ ဇဝေဇ၀ါ ဗျ၊ စိုင်း internet ကနေ Vietnam Embassy web site ရော Immgrigration web site ပါ ၀င်ကြည့် သေး တယ်၊ ဘာ link မှ ကိုမတွေ့  လို့  မဇာ ကြီး ဆီပြေးလိုက်တာ။ Passport ပြန်ရမှ express လုပ် မယ်ဆိုတဲ့မီးငယ်တော့ သက်သာ သွားလေရဲ့။ online ကနေ forn တွေ ဖြည့် ပြီး visa-on-arrival တဲ့၊ ကိုယ့် ဗီဇာ အတည် ပြုချက် ကို ပို့ ပေးပြီး လေဆိပ်ရောက် မှ visa card ထုတ်ပေးပါတယ်၊ အော် ဒါ မျိုး လဲ visa-on-arrival ပဲ လို့ မှတ် သား ခဲ့ ရ ပါတယ်။
ထွက် မဲ့ ရက် မတိုင်ခင်ညကြတော့ ပြင်ရင်း ဆင် ရင်း air ticketsကို print out လုပ် တယ်၊ JKT ဆို တာ ကို တွေ့  လိုက်တော့...သြော်Lion Air က Indonesia ပိုင် ဆို တော့ Jakarta က နေ တဆင့် ခရီးသည် တွေ ၀င် တင် အုန်းမယ် ထင်ပါ ရဲ့ တွေး မိ လိုက်တယ်..
"စိုင်းကျော် Changi Airport မှာ ပဲ ဆုံ တော့ မယ်၊ Departure Time က11:45 AM ဆိုတော့ 10 AM မှာဆုံ မယ် နော်၊ အိပ် ရေး ပျက် နေ တာ ကြာ လို့ ၀၀ လေး အိပ် အုံး မယ် "
" အို ခေ..မီးငယ်...But our flight is going to Jakarta first then to Ho Chi Minh"
"Are you sure? , But everytime, Quang flied directly to Ho Chi Minh. Never did he mention he gotta do the transit. You bought the right tickets. Didn't you"
" Very sure, it's on the tickets. And I spoke to the airline's staffs while I booked them. No worry. Anyway, let's just fly"
ဟား ဟား...အဲ ဒီလို ...အဲ ဒီလို...လေယာဉ် လက်မှတ် ပေါ်က CODE တွေ ကို မှန်း တမ်း ရမ်းတမ်း အလုပ်ကောင်း တာ နဲ့  Jakarta ရောက်တော့မလို့ ....
အထုတ်အပိုးပြင်နေရမဲ့ ချိန်မှာ စိုင်း လဲ တပည့်တော်မောင် ကောင်းမှုကြောင့် ည ၂ နာ ရီ ထိုး တဲ့ ထိ Drawings တွေကို ထိုင်ပြင် လိုက်ရသေး တယ်..မြန်မာ လို ပြော ခဲ့ ရှင်းခဲ့တာတောင် အမှားတွေ အပြည့်... ဆွဲထားတာလေး ကြည့်ကြပ် ပြီး clients ဆီ email ပို့ မယ် စိတ်ကူးခဲ့ တာ..၁၀ နာရီကနေ ၂ နာ ရီ ထိုး ထိပြင် လိုက်ရတယ်...English လို ရေး ထား တဲ့ MAN ACTUALLY BLOG မှာရေး ရင် ခေတ်သစ် ပြည်တွင်းဖြစ် မြန်မာ အင်ဂျင်နီယာတွေ ဘယ်လောက်တော်ကြောင်း လူ သိ ကုန်မှာဆိုးလို့  ဒီ မှာ ကြုံ တုန်း ရင် ဖွင့် လိုက်တာပါ..တကယ်ကိုတော် တဲ့ လက် ထောက်..chatting လုပ် တဲ့နေရာမှာ..သည်း ခံနိုင်စွမ်းတော့ နဲနဲကျော်နေပြီ။
ဟား ဟား..အင်း ဒါနဲ့ ဘဲ.. မနက် ကိုမနဲ ကြိုးစားထပြီး လေဆိပ်ကို ၁၀ နာရီ မှာ ဆင်းခဲ့တယ်၊ Taxi ဆရာ ကို
"Terninal 1, please.." ပြော ပြီး နာရီဝက် လောက် Taxi ပေါ် အိပ် လိုက် ခဲ့ရတယ်...
လေယောဉ် ကွင်းရောက်တော့ ATM ကနေလိုရမယ်ရ ပိုက်ဆံ နဲနဲထပ်ထုတ်ပြီး Mac Donalds မှာ Breakfast မှာစား ရင်း မီးငယ် ဆီ TEXT ပို့ ပြီး ရောက်နေကြောင်း အသိပေးလိုက်တယ်...အိပ်ရေးပျက်တော့ ခံတွင်းပျက်ပြီး ဘာမှစား လို့မကောင်းဘူး။
Check-in လုပ်ပြီးတော့ Duty-Free ဆိုင်တွေမှာဘာတွေများ ပေါမလဲလျှောက်ကြည့် ပြီး Guardian မှာ Vietnam မှာနေစဉ် ၅ ရက် အတွင်းသုံးဖို့  NUGENO Facial Scrub နဲ့ သွား တိုက် တံ၊ဆေး ၀ယ် လိုက်ျတယ်၊ ဗူးသေးလေးတွေပါ၊ အိမ်က ဟာတွေက ဗူးကြီးတွေ၊ လေးလဲလေး ..သယ် သွားသယ်လာ ရှုတ် လို့ ၊
Jakarta ကလေယာဉ် ရောက်တာနောက်ကျတာနဲ့  Holding Room ဆိုတဲ့ လေယာဉ် ပေါ်မတက်ခင် စောင့် ရတဲ့ နားနေ ခန်းမှာ တော်တော်စောင့်လိုက် ရတယ်၊ တချက်လောက်ဝေ့ ကြည့်တော့ Singaporean အနဲအကျဉ်း နဲ့ Vietanamese အများ စု ဖြစ်နေတာ သတိထားမိတယ်၊ မြန်မာ ကတော့ မီးငယ် နဲ့  ကျနော်ပဲရှိတယ်။
လေယာဉ်ပေါ်ရောက်တော့ ခရီး သည်ကအပြည့် ပဲ၊ ကျနော် ကwindow seat ဆိုတော့ ကျောပိုးအိပ် ထဲက passport နဲ့  ဖဲ ထုပ် အပြင်ထုပ်၊ ကျောပိုး အိပ် ကို overhead cabin ထဲထည့် ပြီး ထိုင်မယ် အလုပ်
" Sai Kyaw ! You mind if we swap our seats? I'd like to take pictures when we're landing."
Isle seat က ခရီးသည် လဲ မရောက်သေးတော့ "လဲပေါ့" ဆိုပြီး နေရာပြောင်းထိုင်ကြတယ်၊ နဲနဲ ဦးစားပေးလိုက်တာတမင်..Ho Chi Minh ရောင်ရင် သူ့ ရဲ့ထောင်ကျော်တန် Canon Camera ကြီး နဲ့ photo တွေတ ၀ကြီး ရိုက်ခိုင်းရမှာလေ၊ လေယာဉ် ထွက် ဖို့  အ ချက်ပြမီး လင်းလာတဲ့ ထိ ဘေးခုံ လူရောက် မလာ တာနဲ့  isle seat မှာပဲနေရာယူလိုက်တယ်။
လေယာဉ်မယ် ဘေး က အဖြတ် မှာ....
" Hi do you have any playing cards on board? I'd like to have a desk or two?"
"Yes we do Sir! But it's only for First Class passengers. I am sorry Sir!
ဘာတတ်နိုင် မှာလဲ..
"Oh really! Thanks anyway"
..ပြော ပြီး ပါလာတဲ့ ဖဲ ထုတ်ကို ပဲ ထုပ်ပြီး တဖတ်ဖတ် မြည်အောင် ကလားဖန် ထိုး လိုက်ရတယ် ဆိုပါတော့ အဟဲ.. မီးငယ် တယောက် အလိုက်တသိ နဲ့  အလယ်ခုံက စားပွဲ ကို ဆွဲချ ရင်း "ဒေါင်းကျေး $1 နော်" တဲ့..
Budget Airline ဆိုတော့ ကြားနေကြ "Sir, we have fish and chicken! what'd you prefer" တောင်မေးဖေါ်မရဘူး၊ ကြက်သား နဲ့ ခေါက်ဆွဲ ကြော် ရယ်၊ Orange Juice ရယ် ကို လင်ပန်း နဲ့  အတင်း ထိုးပေးသွားတယ်..ကြက်သားကြော် နဲ့ Juice ကိုပဲ အမြန် မျောချပြီး ဖဲဆက်ရိုက်နေ တာ Pilot က မကြာခင်ပဲ Ho Chi Minh Tan Son Nhat International Airport ရောက်တော့ မယ်ပြောမှ ရပ်လိုက်ကြတယ်။
မီးငယ်နဲ့  လေယာဉ် ပြူတင်းကနေ Ho Chi Minhမြို့ပြမြင်ကွင်း ကို ပြူးပြူးပြာပြာ လိုက်ကြည့်နေမိတယ် ၊ စိုင်း တို့  ကို လေဆိပ်မှာလာကြိုနေမဲ့ Quangကသေချာကြည့် လို့  မှာထား လို့ လေ ၊ ရန်ကုန်လေဆိပ် အ၀င်လို ချောင်းတွေမြောင်းတွေ ၊ လယ်ကွင်း တွေ နဲ့ အဆောက်အဦ ပုပု လေးတွေက လွှဲ ပြီး ဘာမှ ထူးခြားတာမတွေ့ တော့ ပြီး မှ ပဲ Quang ကို မေးတော့မယ်ဆို ပြီး Camera တလုံး ဆီနဲ့ photos တွေ တဖြတ်ဖြတ် ရိုက်ရင်း လေဆိပ် အဆောက်အဦ ထဲ ၀င် လာခဲ့တာ ..စိုင်းတို့ ၂ယောက် က နောက်ဆုံး ပဲ။
First Impression က ...အင်း ကြည့် စမ်း..မနေ့  တနေ့  ကမှ လူလူသူသူ ဖြစ်လာ တဲ့ ဗီယက်နမ်တောင် တော်တော် ကို ရှေ့ ရောက်နေ ပါရော လား......ပေါ့ ဗျာ....
ရုတ်တရက် Singapore က Changi Airport Terminal 3 လို့ တောင် ထင်မိတယ်..Changi လောက် မကြီး ပေမဲ့ အနံ့အသက်ကင်းစင်တယ် ၊ သန့် ရှင်း သပ်ရပ်ပြီး ရှိသင့် ရှိထိုက်တဲ့ Facilities အား လုံးရှိ တယ်၊ Immigration Counters, Custom Counters တွေ က လဲ Layout ရှင်းရှင်းလေး နဲ့ ၊ လေယာဉ် ၅ စီး ပြိုင်ဆိုက် အုံးတော့ အေး ဆေး....
ရန်ကုန်လေဆိပ် ရဲ့ နွေးထွေးတဲ့ လေအေး ပေး စနစ် ၊ သောက်ရေ ခွက် တွေ ကို ရေ ဇလုံ မှာထည့် ပြီး Water Dispenser ပေါ် တင် ထား တဲ့ သောက်ရေချမ်း စင်လေး ကို သတိရရင်း တွေး လွန်နေခဲ့မိတာ..
"Fisrt Time to Vietnam? ဆို တဲ့ အသံကြားမှ သတိပြန်လည်လာတယ်... Immigration Officer ရဲ့ Uniform က မြန်မာလူဝင် မှုကြီးကြပ်ရေး ၀တ်စုံလောက် smart မဖြစ်ဘူး၊ မြင် ဘူးကြမှာပေါ့ ... မြန်မာလူဝင် မှုကြီးကြပ်ရေး ၀တ်စုံ က ပကတိ ဖြူဆွတ် နေတာ...
အင်း ဗီယက်နမ် အရာရှိ ၀တ်စုံ က ပွရောင်းရောင်း စစ်စိမ်းရောင်..ကြည့် မကောင်းဘူး..ဒါပေမဲ့ သူ့ ရဲ့ အပြုံး။ ခလုပ်တိုက် English ပြောနေ ပေ မဲ့ ဖေါ်ရွေ မှုက သိသာနေတော့ အ လည် လာ ရ သူတွေ အတွက် လေ ဆိပ်အ၀င်ကစပြီး ကြည်နူးခဲ့ရတယ်။
လေဆိပ်အပြင်ရောက်တော့ Quang ကို သူ့ဦးလေးနဲ့အတူစောင့်နေတာ ကို တွေ့ တော့ Hey ! Hi! How are you? ဘာညာလုပ် ပြီးသူ့ ဦးလေးကား နဲ့ ပဲ တည်းရမဲ့ Quang တို့  အိမ် ကို ထွက်ခဲ့ကြတယ်.. ဗီယက်နမ်က လူလတ်တန်းစား တွေဟာ မြန်မာပြည် က သူဌေး တွေ ထက် ကားကောင်းစီးနိုင် တာ ကို သတိထားလိုက်မိတယ်... တန်ဖိုးတော့မသိ ဘူး၊ ဒါပေမဲ့ စီးနိုင် တဲ့ အခွင့်အရေး ရှိတယ်ပေါ့နော်။
Developed ဖြစ်နေ တိုးတက်နေ ပြီးသော Singapore က လာ တာ လဲ ဖြစ် ၊ မြန်မာပြည်ဖွား ကလဲ ဖြစ်ဆိုတော့ အရာရာ ကို အမြင် ၂ မျိုး နဲ့ မြင် ပြီး အမြင် က ဆန်းသစ်နေတော့တာပါဘဲ။
ကျနော် က Singapore Construction Industry နယ် ပယ် မှာ လုပ်ကိုင်နေတော့ စင် ကာပူအထာနဲ့ ပြောရရင် ဟို ချီမင်း လမ်းမတွေ က လမ်းလို့ မမြီ ဘူး ၊ "No kerb, No road" အကန့်မရှိ ဘောင် မ ရှိရင် လမ်းရယ် လို့မခေါ်ဘူးပေါ့ဗျာ။
ဘောင် တွေ သာ မရှိ တာ လမ်းတွေ က စံချိန် စံညွန်း မီမီ ခင်း ထားတာ သိ သာ တယ် ၊ ရေ နှုတ်မြောင်းတွေလဲကောင်း တယ် ထင်ပါရဲ့၊ မိုး သည်း ထန် စွာ ရွာ ထားတဲ့ အရိပ်အရောင် တွေ့ ပေမယ့်ရေတင်မနေဘူး ၊ ချိုင့် ခွက်မတွေ့ ရ ဘူး၊ အစတော့ သြော် ဒို့ တွေ ရဲ့ ပြည် လမ်း မ ကြီး နဲ့ မင်္ဂလာင်္ဒု လမ်းမကြီး လို လေဆိပ် သွား တဲ့ လမ်းမကြီးမှို့  လို့ ဒီ လောက်ကောင်းတာနေမှာပါ ထင် ခဲ့မိတယ်၊ Quang တို့  အိမ် အသွား လမ်းသေး လမ်း သွယ်တွေ တော် တော် ၀င် မိတော့ လမ်းတိုင်း လို လိုကောင်း တယ်ဗျ..အင်း ဒီ က လူကြီး တွေ လဲ လမ်း တံတား ဖွင့် ပွဲ ဖဲ ကြိုး ဖြတ် တော်တော် ၀ါ သနာ ရှိ ပုံရတယ် ။
အိမ်ရောက်တော့ Quang ရဲ့ အဖေ အမေ က ထွက် ကြို ကြတယ် ၊ ဖေါ်ဖေါ်ရွေ ရွေ အပြုံးတွေ နဲ့ ဆီးကြိုကြတော့ ကိုယ့် အိမ် ကိုယ့် ယာပြန် လာရ သလို ခံစား ရ ပြီး ခနချင်းပဲ နေ သားထိုင်သား ကျ သွားရော။
ဗိသုကာ ပညာ ရှင် တွေနေ တဲ့အိမ် ရယ်လို့ အထူးသလယ်ပြော စရာ ကို မလိုလောက်အောင်ပါ ပဲ ၊ မြေနေရာ ဈေးခေါင်ခိုက်နေတဲ့ Downtown Ho Chi Minh မှာ ရ သမျှမြေ လေး ပေါ်မှာဆောက် ထား တဲ့ ၃ ထပ် တိုက်လေး ဟာ အိမ် ထဲ က အိမ်ပြင် မထွက် ချင်အောင် နေချင်စရာကောင်း လှ ပါတယ်၊ Landscaping အစ Interior Design အလယ် Space Management အဆုံး ပြော စရာ ကို မရှိ ပါဘူး ၊ အပေါ် ဆုံး ထပ် ကQuang အခန်းမှာကျနော် ကို နေရာချ ပြီး ၊ဘေး အခန်း လွတ် မှာ မီး ငယ် ကို စတည်းချ ခိုင်းတယ်။
ရာသီဥတု က စင် ကာပူ လို ပဲ ဆိုတော့ Shorts နဲ့  အဖြူရောင် Tee Shirt ကို ပဲ ရွေး ၀တ် လိုက် တယ်၊ All Star Canvas Shoes နဲ့  လက်ဆောင် ကျောက် စိမ်း သား ဆွဲသီး လေး ယူ ဆင်း လာ တော့ မ ရင်း နှီး ဘူး တဲ့ အနှံ့  က လေ ခါး ၀ ကနေ လွင့် ပျံ့ ကြိုဆိုနေလေရဲ့ ၊လေ ယာဉ်ပေါ်ကကြွေး လိုက် တဲ့ ခေါက်ဆွဲ ကြောင့် မအီမလည် ဖြစ်နေ တဲ့ကြား က "ဂလု" ခနဲ မြည်အောင် သထွေး မျိုချလိုက် တယ်၊ ကျနော် နဲ့  မီးငယ်တော်တော် အလုပ် ရှုတ် သွား တယ် ၊ စား လိုက် ဘာလေး ပါ လိမ့်  အ ချင်းချင်းမေးလိုက် Camera ထုတ်ပြီး တဖြတ် ဖြတ်ရိုက် လိုက် နဲ့  ဟား ဟား.....
"Taxi is here waiting for us, shall we? "
လို့  Quang ပြော မှ ဖိနပ် က မန်းကတန်း ကောက် စွပ် ၊ ကင်မရာ စွဲ ပြီး အပြေးအလွား လုပ် ကြ တယ် ၊ စိတ်ထဲ မှာ ဒီ ကောင်လေး taxi ခေါ်ထား ရတယ် လို့  အေးအေးဆေးဆေး လမ်းလေးလျှောက် ပြီး တား စီး လဲ ရ ရက် နဲ့  လို့  တွေး မိ လိုက်တယ် ။ ကို ယ်တွေး မိ တာ ကို ပဲ သိ လို့  လား... တိုက်ဆိုင် လို့  လား ခုထိမမေးမိ သေး ပေ မဲ့
" No worry Sean!, He will wait and no extra charge for calling and wating."
" He will clock the meter only once we move"
တဲ့ ..လန့်တောင် လန့်သွား တယ် ၊ သြော် ဒါ က ဗီယက်နမ် လို့  မြုံ့  မြုံ့  ကြီး ပြုံးပြီး on-call booking လုပ် ဖို့ အခြေ ခံ tele-comminication facilities အလှမ်းဝေးနေသေး တဲ့ အမိ မြန်မာ ပြည်ရဲ့ အဖြစ် ကို..........
Vietnamမှာ အိမ် ဖုန်း ၊ Mobile Phone အချိန်မရွေးဈေးနှုန်းချိုသာစွာ ၀ယ် ယူ သုံးဆွဲ နိုင်ကြောင်း၊ telecom companay တွေကလဲ SIM CARD ကို သာ လျှင် ရောင်း ချပေးခြင်း မဟုတ်ကြောင်း မှတ်သားခဲ့ ရ တဲ့ပြင် လမ်းဘေး ၀ဲယာ တလျှောက် cardနဲ့ သုံး တဲ့ public phone တွေ နေရာ တိုင်း လိုလိုတွေ့ မိလို့ acting လုပ် မှတ် တမ်းတင် ထား လိုက်တယ်။့ land lineနဲ့ mobile phone လွယ်လင့် တကူ လူ တိုင်းဝယ်ယူမရနိုင်သေး တဲ့ ဆင်းရဲသောနိုင်ငံ တွေ က အုပ် ချုပ်စား သူတွေ ဒီကို လာကြည့်သင့်ပါရဲ့။
Socialist Republic of Vietnamဆိုပြီး visaမှာသေချာထုထားလို့ ဟောင်း နွမ်းဆွေးမြေ့နေတဲ့ ကိုလိုနီ ခေတ်အဆောက်အဦတွေ၊ စစ်ကြွင်း စစ်ကျန် ဘတ်စကားတွေ၊ ခနော်နီ ခနော် နဲ့ မော်တော်ကားတွေ နဲ့ ဦး တည်ရာ မဲ့နေတဲ့ မျက်နှာတွေနဲ့ ပြည်သူလူထု တွေ လောက် ပဲ တွေ့ ရမယ် ထင်ခဲ့မိတာ အဟဲ..၀ယ်ချမ်း ဖို့ အတွက် မဟုတ်ပဲ အရေး ပေါ် အတွက် ယူခဲ့တဲ့ ပိုက်ဆံတွေ အရေးပေါ် စရာ မလိုပဲ တော်တော်တောင် ကုန် သွား တယ်ဗျ။ လမ်းမှား ကူးပြီး မော်တော်ပီကယ် က ပိုက်ဆံတောင်း လို့  ထင်မနေနဲ့ နော်..၀ယ် စရာတွေ ပေါ လွန်း လို့ ၊ Shoes, Jeans, T-Shirts, Polo-T, Luggages နဲ့ Paintings တွေဗျာ..မထင်မိဘူး Quality တွေ တော်တော်ကောင်းတယ်၊ အသွား တုန်းက Luggage တစ် လုံး ၊အပြန် ၂ လုံး ဖြစ်လာတာပဲကြည့်တော့ ဟား...
၅နှစ်လောက် တောင်မ ရှိလောက်သေး ဘူး taxi က..Air-Con,TV နဲ့ 7-seaters တွေများတယ်၊ စာဖတ်သူတွေကျနော် အပိုပြောတယ် ထင်နေမှာ စိုး လို့  taxiတွေ ကိုရော..taxi ရှေ့မှာပါ ဟန်ပြ ရိုက်ထားတဲ့ ပုံတွေကြည့်လိုက်...မြန်မာပြည် မှာ ဒီလောက် သစ်လွင် နုပျိုနေသေး တဲ့ ကားသန့် တွေ က Just for the rich and the famous တွေ..အခွင့်ထူးခံ လူဝကြီးတွေ ပဲ စီးနိုင် တာနော်။
အခြေခံလူတန်းလွှာတွေနေတဲ့ တဲကုတ်လေး တွေ ရှိနေသေးပါတယ်၊ ထို့ အတူပဲ ဗီယက်နမ်ရဲ့ တိုးတက် မှု ပြယုဒ်တွေ ဟာ လဲ Ho Chi Minh CBD (Central Business District) မှာ အထင်အရှား ပါပဲ၊ International 5-Stars Hotel Chain ကအစ မိုးပေါ် ထိုး တက် နေတဲ့Sky Scraper office Tower တွေ Multi-National Corporations တွေနဲ့ International Banks ကြီးတွေ Operate လုပ်နေတာ ရင် သတ် ရှုမော စွာ မြင်တွေ့  ရပါ တယ်၊ Singaporeမှာ ဆယ် စုနှစ်ကျော် ကြာနေထိုင် အလုပ် လုပ် နေတဲ့ကျနော် ဘာတွေရင် သတ် နေ စရာ ရှိ လို့ လဲ ဟင်..မမေး ပါနဲ့ .. Because I am a Myanmar...ဆိုရင် နား လည် ပေး လိုက်ပါနော်....