GOOD BYE 2008, HNY 2009

Wednesday, December 31, 2008


လာရောက် လည်ပတ်ကြ သူ မိတ်ဆွေ သူငယ်ချင်းများ အား လုံး ကို ကျေးဇူး အထူးတင်ပါတယ်...

ရေးအား..ရေးတဲ့ အကြောင်းအရာ ပိုမို ကောင်းမွန်အောင် ကြိုးစားပါ့မယ်မပြောတော့ ပါဘူးဗျာ...မဖြစ်နိုင်ဘူးဆိုတာ သိနေလို့  ပါ..

ကျွန်နော့် နဲ့ အတူ ဒီ ပို့စ်လေး နဲ့ ပဲ ၂၀၀၈ နှစ် နုတ်ဆက်လိုက်ကြရအောင်လား....၂၀၀၉ ကို လဲ ကြိုဆိုရင်းပေါ့ဗျာ။

၂၀၀၈ ကိုပြန်ကြည့် လိုက်မယ် ဆိုရင်...ယေဘူရ အားဖြင့် စိုင်း အတွက် ကောင်းမွန် တဲ့ နှစ်လေး တခုပါ...

ငွေရေး ကြေးရေး ပိုင်း ကတော့ လခစား ဆိုတော့ ပုံမှန် လစာရယ်..နှစ်ကုန် BONUS ဆုကြေးငွေ ရယ် ကလွဲပြီး သိတ်ထူးထူးထွေထွေ ပြော စရာမရှိပါဘူး....မပြောမဖြစ်ပြောရရင်တော့ လက်ရှိ စီးပွားရေး အခြေအနေ မကောင်း လို့  ဆုကြေးငွေ ကောင်းကောင်း မရ လောက်ဘူး လို့ တွက်ထား တာ..တွက်ကိန်းလွှဲပြီး နဲနဲ ပိုပိုသာသာရ လိုက်ပါတယ် ဆို တဲ့အကြောင်း ..အဟဲ..

အိမ်ထောင်ရေးအကြောင်းလား...လာ လာစပ်ပေးတဲ့ လူတွေတောင် စိတ်ပျက် ကုန်ကြပြီပဲ ပြောပါ ရစေ...ရီစရာ ပြောရ ရင် တော့ စိုင်း အလုပ် နဲ့  meeting တခု အသွား မိတ်ဆွေ တယောက်ရဲ့ ကား အကြုံ အစီး မှာပြော ဖြစ်ခဲ့တဲ့ စကားတွေပါ။ လောလော ဆယ်တော့ အိမ်ထောင်ပြု ဖို့ အစီအစဉ် မရှိတာပြောတော့.......

"Hey Sean! it's the time. You have hit big 4 man!"

'Let it be! Anyway age is just a number! I am alone and I enjoy every bit of it"

"When you grow older and you are ailing who will look after you?" လို့ ပြန်ပြောပါလေရော..

" Well! does marriage guarantee you a blissful golden age? I am not sure about you guys but I do believe in me and my fate. I don't think I will be lonely and crying in a dark corner alone!

And you know! it's all written in one's forehead! If I am fated to be single all my life, no matter how hard I try this big day will never happened.. And if I am fated to be a married man, how hard I try to escape from it.. it'd be futile. I will still end up getting married times and again! လို့ စိုင်းပြောခဲ့မိတယ်။

မယုံနိုင်တဲ့အကြည့်နဲ့ အပြော က.." Sex?... no satisfaction or whatsoever about sex!.?

ဟားဟား... ကြယ်ကြယ်လောင်လောင်ရယ်မောခဲ့ မိတာ သတိရတယ်....

" John! I am human being and I am still breathing, sweating like any other creatures! I will be frank with you! Sex! of course it is part and parcel of our livelihood and I still like it vey much! But craving you ask?

"No! as and when I need...and I have a way to fix it! It may not be right for the whole universe but for me at this point of time! I am not willing to trade with my freedom and being myself! That's it. ဒါပါပဲ...အများအတွက် ကျနော်က စံပြ မဟုတ် တော့ အများအတွက် မှားနေမှာပါ...စိုင်းအတွက်ကတော့ ......

အလုပ်အကိုင် ပိုင်းကတော့.. လုပ်တာလဲ ကြာနေ.. ၀င်တတ် ထွက်တတ်..အထာလဲ သိနေပြီ ဆိုတော့ အခက်အခဲ မရှိဘူးပေါ့နော်...

၂၀၀၈ မှာစိုင်းရဲ့ ဒီမြန်မာ ဘလော့ဂ်လေး ကိုစဖြစ်ခဲ့တယ်...ဒီကတဆင့်ရော..နီးစပ်ရာ အသျုင်းအ၀ိုင်း ကပါ မိတ်ဆွေ သူငယ်ချင်း သစ်တွေ တော်တော်များများရခဲ့ပါတယ်...... I love you guys...

လော ကကြီး မှာဒီ လို ပြည့် စုံမှုတွေ နဲ့ကြီးပဲတည်ရှိနေတာ မဟုတ်ပါ... စိုင်း ရဲ့အချစ်ရဆုံးညီငယ်လေး အိုက်ဆမ် စိုင်းတို့ ကို စွန့် ခွာသွား ခဲ့တယ်....ညီလေး ရေ.. စိုင်းကျော် ငါ့ညီကို နေ့စဉ် နဲ့အမျှ လွမ်းနေပါတယ်ကွာ..

စိုင်း ရဲ့ အမှတ်တရ ၂၀၀၈ ပေါ့နော်...

၂၀၀၉ မှာ ဘာတွေဖြစ်စေချင် လဲမေးရင်......

စည်ပင်သာယာဝပြောတဲ့ ပြည်မြန်မာကြီး...

လူလူချင်း သတ်ဖြတ်ချင်းညှင်းဆဲခြင်း ပပျောက်ခြင်း......

သဘာဝဘေးအန္တရယ် ကင်းရှင်းခြင်း......

စိုင်းနဲ့ အတူ မိတ်ဆွေသူငယ်ချင်း အားလုံး.. လူနတ်သတ္တ၀ါ အားလုံး.. ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာစေကြောင်း .......

ရယ် စရာလေးများ...

Wednesday, December 24, 2008

Guys! It's a X'mas eve!

While I was having coffee break in my office I took the opportunity to check my mails.

Aha! Guys! this particular mail made my christmas eve a jolly starting!

ရန်ကုန်မြို့မင်္ဂလာဒုံလေယျာဉ်ကွင်းတွင်...............
အင်္ဂလန်သို့ပညာတော်သင်သွားရန်အတွက်အစိုးရမှလွှတ်သောမမိုမိုကို ယောင်္ကျားဖြစ်သူကိုလှထွန်းမှလိုက်ပို့ရင်းနှုတ်ဆက်စဉ်.......

မမိုမို................."အကိုရေကလေးတွေကိုဂရုစိုက်ဦးနော်.."
ကိုလှထွန်း.........."စိတ်ချပါကွာဒါနဲ့မင်းပြန်လာရင်အင်္ဂလန်ကဘိုမတစ်ယောက်လောက် သယ်ခဲ့ဟေ့...အဖြူမလေးတွေအရမ်းမိုက်တယ်လို့ပြောသံကြားဖူးတယ်..ဟား ဟား ဟား....."

မမိုမိုမှာလွန်စွာအစအနောက်သန်သောယောင်္ကျားဖြစ်သူကိုလှထွန်းအား မျက်စောင်းထိုးကြည့်ရင်းလေယျာဉ်ပျံဆီသို့ထွက်ခွာသွားခဲ့သည်.................

၅လခန့်အကြာ မမိုမိုအထုပ်အပိုးလက်ဆောင်များနှင့်ပြန်လာစဉ်....
မင်္ဂလာဒုံလေယျာဉ်ကွင်းတွင် ကိုလှထွန်းမှလာကြိုပြီး...........

ကိုလှထွန်း..........."ဟား....မိန်းမရေ..လွမ်းလိုက်တာကွာ...ကလေးတွေကလည်းသတိရနေကြတယ်
ငါကတော့ပိုပြီးသတိရတာပေါ့ကွာ..ဟီးဟီး...ဒါနဲ့ ငါမှာလိုက်တဲ့ ဘိုမလေးရော...."
မမိုမို.................."အင်း..ဘိုထီးလေးပဲဖြစ်မလား.....ဘိုမလေးပဲဖြစ်မလားတော့မသိဘူး....
ကျွန်မလဲတွေ့သမျှဘိုတွေနဲ့အစွမ်းကုန်ကြိုးစားတာပဲ...နောက် ၁၀လလောက်မှသိရမယ်ထင်တယ်.....ဟင်း.ဟင်း...အခုတော့မသိသေးဘူး..."
ကိုလှထွန်း............"အမ်..."

MALAYSIA..TRULY ASIA

Wednesday, December 10, 2008

"TIMEOUT, Kuala Lumpur"

သွားပါများခရီးရောက်တဲ့၊ ရောက်မရောက်တော့ မသိဘူး..ဒီတခေါက်တော့ Malaysia မြို့တော်Kuala Lumpur နဲ့  Genting Highlands ကို ၃ရက် ၂ည အိပ် ခရီးတိုလေး.. ညီ လိုဖြစ်နေတဲ့ မြတ်ဘုန်း နဲ့ မျိုး တို့ စုံတွဲနဲ့ သွားဖြစ်ခဲ့တယ်။
သွား မယ်လို့  စ စီစဉ်တုန်းကတော့ ပျော်စရာကြီး..ကားတစီး စာပေါ့..နီးလာ တော့အကြောင်းအမျိုးမျိုး ကြောင့် ..sms နဲ့ပဲ ကျွန်နော့်ဆီ မလိုက်ဖြစ်တော့ကြောင်း messages တွေပို့ကြတယ်၊ လူချင်းတွေ့ ပြီးပြောရင်လဲ မျက်နှာပူ ရမယ်..ဖုံး နဲ့ဆိုလဲ အာပူမှာ ဆိုတော့ sms က တကယ် ကို အဆင်ပြေတဲ့ Communication Channel တစ်ခုပါပဲ..

ကျွန်နော် ကတော့ တစ်ယောက် ထဲလဲ သွား မှာဆိုတော့ နောက်ဆုံး လက်မှတ်တွေ မဖြစ်မနေ ၀ယ်ရ မဲ့ချိန် ထိ ဖုံး တဂွမ်ဂွမ်ဆက် ပြီး VISA ရကြပြီလား..လိုက်မယ်မလား လုပ်ရတယ်..သေချာတယ် ဆိုမှ ၀ယ်လိုက်ရတဲ့လက် မှတ်က ၅ ယောက် စာ.. တကယ် ထွက်ကြ မယ် ဆိုတော့ ၃ ယောက်..စိုင်း စိတ်ပျက် မယ် ထင်ကြမှာပေါ့..အဟား...Not at all...
မနက် ၅နာရီ ထ..မောင်ဘုန်း ကို ဖုံး နဲ့လှမ်း နိုး..ရေမိုးချိုး ပြီး ကား ထွက်မဲ့ Jurong East Interchange ကို ထွက်ခဲ့တယ်..ရောက်တော့ နဲနဲစော နေသေးတော့၊ ကော်ဖီ နဲ့မုန့် ပါဆယ်လ် ၃ယောက် စာဆွဲထားလိုက် ပြီး စောင့်နေလိုက်တယ်..

ရုံး ပိတ်ရက် ၃ရက်ဆက် ဆိုတော့ Singapore-Malaysia နယ်စပ် Immigration Checkpoint မှာ ကားတန်းကြီးကတမေ့တမျောပါပဲ..စိုင်းတို့ လဲ ၉ နာရီလောက်မှ စထွက်ရတယ်..လမ်းတလျှောက်လုံးကတော့ ရီမောလိုက်..စားသောက်လိုက်..အိပ်လိုက်နဲ့ အပျော် များ နဲ့ ခရီး စဉ်လေးပါ၊ ကား ထိပ်ဆုံးတန်းမှာ နေရာ ရတဲ့ စိုင်း တို့ ကြောင့် Tour Guide တောင် ရော ပြီး ပျော် နေတယ်လေ..သူရယ် စရာပြော ရင် လိုက် ရယ် ပေး...သူ့ ကိုအရေးတယူနောက် နေတာ စိုင်း တို့ ပဲရှိတယ်လေ..
လမ်း တွေ က ကား ပေါင်းများစွာနဲ့ ကျပ်နေတော့ Genting Highlands တောင်ထိပ် ကို ညနေစောင်းမှရောက်တယ်..မိုးတွေ ကလဲ ကောင်းနေတော့ တောင်တက် တောင်ဆင်း ကား ကအမြန် မမောင်းနိုင်တာလဲ ပါတာပေါ့၊ စိုင်းတို့ တည်းမဲ့ First World Hotel မှာ Check-In လုပ်ပြီး မျက်နှာသစ် ..အ၀တ်လဲပြီး လျှောက်ကြည့်ဖို့ ထွက်ခဲ့ကြတယ်..
ဓါတ်ပုံတွေ ရိုက်...၃ ခေါက် ၄ခေါက် လောက် ရောက် ဖူးတဲ့ စိုင်းက ဆရာကြီးပေါ့..ဓါတ်ပုံ ဆို လို့  ပြောရဦး မယ်..ဘုန်း နဲ့ မျိုးပေါ့..Digital Camera ကView Finderထဲ လူပေါ်ရင် ဓါတ်ပုံဖြစ်ပြီ ထင် နေတဲ့ နလပိန်းတုံးလေးတွေ..Back Ground Scene နဲ့လူ အနေအထား..ကြည့်မနေကြဘူး... Pose တွေ အမျိုးမျိုး ထုတ်ပြီး အရိုက်ခံတဲ့ စိုင်းက မရှက်ရဘူး...ဒါက တပိုင်း ပုံ... ဒါက တစ်ကိုယ်လုံး...ဟိုဒေါင့်က ရိုက်...အရပ်ပုနေမယ်..ကုန်းပြီး ပင့်ရိုက် ပြော ပြောပြီး ... ဓါတ်ပုံ အရိုက်ခံရ တာနဲ့ ပုံတောင် သိပ်ကောင်းချင်ဘူး...နဂိုရုပ်ကရှိလို့ အဟီး....

ဒါကို ပြောတုံးခနပဲ..နောက်တစ်ပုံ ဆိုပြောရပြန်ပြီ..ပြောသေးတယ်..မပုပါဘူးတဲ့..ပုံတွေကြည့် ပု မပု...နောက်တော့ စိုင်းအထာ သိသွား
တယ်..ပြောမရတဲ့ တူတူ..အမြင့်ပေါ်တက်ရပ်လိုက်တာပေါ့ ဟားဟား....
ပထမနေ့ ညစာ ကို ပီနန် စာ ရောင်းတဲ့ ဆိုင်မှာပဲစား လိုက်ကြတယ်၊ အေးနေတော့...ရခိုင် မုန့်တီလို ပူပူစပ်စပ် Penang Laksaနဲ့ White Coffee ကို စိုင်းမှာစား လိုက် တယ်...တိမ်တိုက် ထဲရောက် နေ တဲ့ ဆိုင်မှာ စားရလို့လားမသိ...ဘိုတွေပြောသလို.......Oh! Heavenly! ပဲ...

စားပြီးလျှောက်ကြည့် ကြတယ်..Branded Stuffs တွေကို လျှော့ဈေး နဲ့ ရောင်းနေပေမဲ့ ဗီယက်နမ် သွားတုန်းက ၀ယ်ထားတာတွေက တချို့ အထုတ်တောင် မဖြည်ရသေးတော့ ၀ယ်ဖို့ စိတ်မပါခဲ့ဘူး.......
လျှောက်ရင်း လှမ်းရင်း ည၁၀ နာရီလောက် တော့ Casino လောင်းကစားခန်းမကြီး ကို ရောက် ခဲ့တယ်....

ကစား ၀ိုင်းတွေကို လိုက်ကြည့်ပြီး ..ကစားနည်း တမျိုး စီအကြောင်း စိုင်း ရှင်းပြနေတာ ကို ခေါင်းတညိမ့်ညိမ့် နဲ့...ဘုန်း နဲ့မျိုး နားထောင်နေကြတယ်..လူတွေ လူတွေ....ကစားခန်းနဲ့ အပြည့်..ရှူံးရင်လဲ မပူရဘူး...ATMs ..Foreign Exchange Counters တွေအပြည့်...

မျိုးနဲ့ဘုန်းကို Jackpot machine နဲ့ထားခဲ့ပြီး စိုင်း ကတော့ Black Jack (21) သွားကစားနေ လိုက်တယ်...လောဘ မသတ်နိုင်တော့ မလေး ရင်းဂစ် ၃၀၀၀ လောက် နိုင်နေရင်း က အရှူံး နဲ့ ထခဲ့ ရတာပေါ့...
ဒီဇင်ဘာ ၇ ရက်နေ့ လယ်လောက် ကြတော့ KL ကိုဆင်းခဲ့ ကြတယ်..ညနေ ၅ နာရီလောက်မှာ Berjaya Times Square Hotel ရောက်..

အခန်းသော့ ရတော့ ၄၂ ထပ်မှာ..စိတ်ထဲမှာ စိုင်းတော့ ကံကောင်း ပြန်ပြီ လို့ တွက်မိတယ်.. အထပ်မြင့် က Penthouse or Suites တွေပဲ ရှိတတ်တယ်လေ..စိုင်း တို့ ပေးထားတာ က S$228/pax ..အဟား..Suites ဆိုရင် ဒီတညနဲ့တင်..ခရီး တခုလုံးက တန်သွားပြီ..

အဟား..ကြည့်လိုက်ပါဦး အခန်းကို...KL ကို အပေါ်စီး က နေ မျှော်ကြည့် နိုင်တဲ့ ခန်းလုံးပြည့် မှန်ပြူတင်းကြီး နဲ့..ရေစိမ်လို့ရတဲ့ ရေချိုးအင်တုန် ကြီး ထဲ ရေနွေးစပ်..၀င်စိမ်ပြီး KL ရဲ့ နီယွန်မီးရောင်စုံ ညချမ်း ကို ငေးမော ကြည့် ရတဲ့ အရသာ ကလဲ ပြီးပြည့် စုံ ပါကလား...
Times Square ရှေ့ မှာ ဟန်ရေး တွေ ပြ..ဓါတ်ပုံတွေရိုက်ပြီး ဗိုက် တွေ ဆာကုန်ကြတော့..တွေ့ ရာစားကြမယ် ဆိုပြီး ခြေဦးတည့်ရာ လျှောက် လာကြတာ..ဗမာ စကား သံ တွေ ဟိုတစ ဒီတစ ကြား နေရတယ်..အော်..ဒီမှာလဲ စင်ကာပူ လို မြန်မာတွေပေါ တယ်ထင်တယ် လို့ ပဲအမှတ်မထင် ကောက်ချက်ချမိ တယ်. ဒီ လိုနဲ့ Hong Kong Food Paradise ဆိုတာတွေ့ တော့ ဆိုင်လေး က သန့်၊လူလဲ သိတ်မရှူတ်တာနဲ့ မလေးရှား လာပြီး ဟောင်ကောင်စာ စား စို့ဆိုပြီး ၀င်ထိုင်ကြတာ...စားပွဲထိုး လေးတွေ အစ..စားဖိုမှူး အဆုံး မြန်မာတွေကြီးပဲ ဖြစ်နေ လို့ ကိုယ့် ဆွေမျိုး ရင်းခြာ တွေ ပြန်တွေ့ ရသလို ၀မ်းသာမိသေးတယ်၊ ဟောင်ကောင် စတိုင်လ် သာဂူကျို ကလဲ မြန်မာ ဆန်ပြီး ကောင်း လိုက်တာ....
တရုတ် လို လဲပြောတတ်နေကြ..မလေးလိုလဲ ရနေတော့ သူတို့ လေးတွေ အလုပ်အဆင်ပြေ နေကြ တာ ကိုကြည့်ပြီး ၀မ်းသာမိတယ်...ပြုံးပျော်ပြီး မခိုမကပ် အလုပ် လုပ်နေကြတာ အင်တာလေး ဗျူးခွင့်တောင် မရလိုက်ဘူး..သူတို့ လေးတွေရဲ့ အလုပ်ချိန်ကို ထိခိုက်မှာ စိုးတာနဲ့ ဗျူး ဖို့ စိတ်လျှော့ လိုက် တယ်...နှောက်ယှက်ဖြစ်အောင်တော့နှောက်ယှက် လိုက်သေးတယ်...


"ညီလေး..Petronas Twin Tower ဘယ်လိုသွားရလဲ.."

"ရှေ့  ကလမ်းမ အတိုင်း တည့်တည့် သွားရင်ရောက်မယ်ထင်တယ် အကို..အဲဒီဖက် မှာရှိတာ တော့သိတယ်" အလုပ်ကို ပဲ ကြိုးစား လုပ်နေတော့ ဘယ်မှ မရောက် ဖြစ်သေးဘူးထင်ပါရဲ့..သူ အားနာ ပုံပေါက်နေတော့ ...စိုင်းလဲ သူပြောလိုက်တဲ့ လမ်းညွန် ကို ကောင်းကောင်းကြီး သဘောပေါက် သလို လုပ်ပြီး အမြန်ထွက်ခဲ့မိတယ်...









ချစ်သော..ဒီဇင်ဘာ

Wednesday, December 03, 2008

When I am down and, oh my soul, so weary;
When troubles come and my heart burdened be;
Then, I am still and wait here in the silence,
Until you come and sit awhile with me.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up...
To more than I can be.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up...
To more than I can be.

There is no life - no life without its hunger;
Each restless heart beats so imperfectly;
But when you come and I am filled with wonder,
Sometimes, I think I glimpse eternity.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up...
To more than I can be.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up...
To more than I can be.

You raise me up...
To more than I can be.

Photobucket
ဒီဇင်ဘာရောက်ပြန်ပြီအချစ်ရေ..သီချင်းတွေ ၀တ္ထု တွေ ထဲ က ပြော ကြသလို တဆောင်းသစ်ပြန်ပြီပေါ့...

လွမ်းနေဆဲပါချစ်သူ..

တို့ ၂ယောက် စတွေ့ ခဲ့တဲ့ ဒီဇင်ဘာ...ရယ်သံ များနဲ့ ဒီဇင်ဘာ..အမှတ်တရများ စွာနဲ့ ဒီဇင်ဘာ.. တို့ ၂ယောက် လမ်းခွဲ ခဲ့တဲ့ ဒီဇင်ဘာ..မျက်ရေ များနဲ့ ဒီဇင်ဘာ..

ဒီနေ့  ဒီဇင်ဘာ ၉ ရက် နေ့ လေ ချစ်သူ..၁၂နာရီထိုး ဖို့ ၂၅ မိနစ်ပဲ လိုတော့တယ်..

ချစ်သူကြိုက်တဲ့ ဆာလ်မန်ငါး လေး နဲ့ ကိုယ်တို့  ရှမ်းရိုးရာ ပဲသီးသုပ်လဲ အဆင်သင့် ဖြစ်နေပြီ၊ ဒီနေ့  ဒီအချိန် မှာ ကိုယ် တို့ ၂ယောက်သောက်နေကြ ရှန်ပိန်လေးကို လဲ ချစ်သူ ၀ယ်ထားတဲ့ ရှန်ပိန် ခွက်ရှည်လေး ၂ခွက်မှာ ငဲ့ထားတယ်လေ၊ ချစ်သူ ပြောခဲ့တာကို ကြားယောင် မိလို့ တစ်ယောက် ထဲ ပြုံးနေမိသေးတယ်..မှတ်မိသေးရဲ့လားချစ်သူ..

"ကိုကို..ရှန်ပိန်ကို ကြွေခွက်နဲ့ ထည့်သောက်ရတာ ရေခဲရေ သောက်နေရ သလိုပဲ..၀ိုင် ဆိုရင် ၀ိုင် ကလပ်လေး..ရှန်ပိန်ဆိုလဲ သူ့ ခွက်နဲ့ သူမှ...အော်..ဒါ ၀ိုင်...ဒါ ရှန်ပိန်ဆို ပြီး mood ၀င်ပြီး သောက်လို့ ကောင်းတာ.." ပြီးတော့ ဘာတဲ့..

"..ချစ်သူနဲ့ အတူ တစ်ယောက် မျက်နှာ တစ်ယောက်ကြည့်ပြီး စားသောက် ဆင်နွဲ တဲ့ အထူးနေ့ လေ ကိုကို..မီးတွေထိန်ထိန် လင်းနေလို့  ဘယ်ဖြစ်မလဲ၊ အလင်းရောင်တွေနဲ့ အချစ်တွေ ပျံ့လွင့်နေမှာပေါ့" ပြောပြီး မီးတွေလိုက်ပိတ်..အိမ်နားက စတိုးက ဖရောင်းတိုင် ပြေးဝယ်ပြီး ထွန်းခဲ့တာ လေ၊

"တွေ့ လား ကိုကို..ဖရောင်းတိုင် မီးလေးက ကိုကို နဲ့ ဘေဘီ အနီးအနားမှာပဲ လင်းနေတော့..အချစ်တွေကလဲ "Love is all Around" ..ဖရောင်းမီး အလင်း ရောင်နဲ့  ကိုကို့ အချစ်တွေ က ဘေဘီကို လွမ်းခြုံပြီး နွေးထွး မှုတွေ ပေးနေတာ." ချစ်လိုက်တာဘေဘီရယ်..ဘေဘီ့ အပြော..အကြည့်..အချစ်တွေနဲ့  ရှန်ပိန်ချို..အနမ်းချိုလေးတွေ ဟာ..ကိုယ့်ရဲ့ မွေးနေ့ ဒီဇင်ဘာ ညချမ်းလေး တစ်ညကို ထာဝရ နွေးထွေး စေခဲ့တယ်နော်..

ချစ်သူရေ..ကိုယ် ကပိုကရို ၀တ်မထားဘူးကွ။ "ကိုကို ဒါက celebration လေ၊ စွပ်ကျယ်နဲ့ မရဘူး" ပြောနေမှာစိုးလို့ ...

တခန်းလုံးမဲမှောင်နေတယ်ချစ်သူ..Birthday cake လေးပေါ်က ဖရောင်းတိုင် ၄ တိုင် လေး က လဲ..ငုတ်တိုလေးပဲကျန်တော့တယ်..

အော်..မေ့တော့မလို့ ....အခုဖွင့်ထားတဲ့ သီချင်းလေးကိုချစ်သူမှတ်မိသေးလား..ကိုယ် စင်ကာပူမှာ..နေရာတစ်ခုထိရောက်အောင်..ချစ်သူ အရာရာမှာ ဖေးကူ ခဲ့တာကို..ကိုယ်ရင်မှာ အမြဲ ရှိနေကြောင်း၊ ပြီးတော့ ကိုယ်အမြဲ ပြောနေတတ်ရင် ချစ်သူက..

"အဲ့လောက် ဟုတ်ပါဘူး ပြော နဲ့ တော့ ခနခနကြားရတော့ပျင်းတယ်" လို့  စတတ်တော့ ဒီသီချင်း ကို ကိုယ်အမြဲ ဆိုပြတယ်လေကွာ...

"You Raised Me Up- West Life" ပါ ချစ်သူရာ.

You raise me up, so I can stand on mountains;
You raise me up, to walk on stormy seas;
I am strong, when I am on your shoulders;
You raise me up...
To more than I can be.

ကိုယ့်ရဲ့အပါးမှာ အချစ်ရှိနေခဲ့လို့  ချစ်သု့ ပုခုန်းသေးသေးလေးပေါ် မှေးခိုရင်း ကိုယ်အားအင်တွေ အပြည့်ရှိနေ ခဲ့ရတယ်..လှိုင်းလေထန်တဲ့ ဘ၀ပင်လယ်ထဲ လျှောက် လှမ်းနိုင်ခဲ့တယ်၊ မိုးမြင့်ကောင်းကင် ထိအောင် တက်လှမ်း ရဲ ခဲ့တယ် ချစ်သူ...

၁၂ နာရီထိုးပြီ ချစ်သူ...ဒေါင်..ဒေါင်..ဆိုတဲ့ နံရံပေါ်က နာရီကြီးအော်မြည်သံကြီး က ခါတိုင်းထက် ပိုကျယ်လောင်နေသလိုပဲ...

ဒီဇင်ဘာ ၁၀ ရက် လေ ချစ်သူ..ကိုကို့ မွေးနေ့  မှာ အရင်ဆုံး ကိုကို့  ကို နမ်းတဲ့ သူဟာ ဘေဘီပဲ ဖြစ်ရမယ်ဆို..Happy Birthday လို့ အရင် ဆုံးပြောမယ်ဆို.....

နာရီကြီးအော်သံကြောင့် ဘေဘီ့ Birthday wishes ကိုမကြားတာလားဟင်..

ချစ်သူရေ..ချစ်သူလာမှာပါနော်.. ကိုယ့်ကို အနမ်းလေးတွေပေးမှာနော်..ရှန်ပိန်တွေ ကိုယ်မသောက်သေးဘူး...

နာရီလက်တန် ကို နဲနဲနောက် ဆုတ်ထားလိုက်ပြီသိလား...ချစ်သူမရောက်မချင်း...နာရီလက်တန် ကို..ကိုယ်မလွတ်ဘူး....၁၂ နာရီမထိုးသေးဘူး..



-------------------

ထွေရာလေးပါး.......

Monday, December 01, 2008

ဘလောက်ဂ်ရေးတဲ့ လူတွေ ဆိုရိုးစကား လေးများလားဖြစ်နေမလားပဲ...

အလုပ်တွေများနေလို့ မရေး ဖြစ်ကြောင်း....ရေးချင်ပြောချင်တာ များပေမဲ့ ပို့ စ် အဖြစ် မတင်နိုင်ခဲ့ကြောင်း စသည်ဖြင့် စသည်ဖြင့်ပေါ့.......

တခါတလေ မရေးတော့ ပါဘူးလေ တွေး လိုက်ရင်း..သူများရေး တာတွေ ဖတ်ရင်း...ပြီးတော့ c-box မှာ အသစ် မရေးဖြစ် ချိန်မှာ.. မိတ်ဆွေ တစ်ယောက် ထဲ ၂ ရက်ခြား လောက်မှာ ...စိုင်းရေ လာလည်တယ်နော် ၂ ခါ လောက် ရေး ထားရင် အပြစ်ဖြစ် နေမိရင်း ရေး လိုက်ပြန်ရော...

ကြားရက်တွေ မှာဆို လဲ အလုပ် သွား အလုပ်ပြန် ရထားပေါ် သတင်းစာ ဖတ်ချိန်မှာ ..ဟာ..ဒီဆောင်းပါးလေး ကောင်းတယ်..ဒီသတင်းလေးကောင်းတယ်..ငါ့ ဘလောက်ဂ်ပေါ် တင်ပြီး မျှဝေမယ် ပေါ့.....အဟဲ...ညအိမ်ပြန်ရောက်တော့...အင်း..စနေ ဆို ငါ အာရုံစုစည်း မှု ပိုကောင်း ပြီး ဖတ်ချင်စဖွယ်ဖြစ်အောင် ပိုရေးနိုင်မှာဆို ဖြစ်ပြန်ရော..

weekend ကြပြန်တော့....

စိုင်းစိုင်းရေ..ကြက်သားဟင်းချက်ထားတယ်..ပြီး တော့ ကိုဝင်းတင် တို့ ..မခိုင်တို့ လဲလာမယ်..ပိုကာ ၀ိုင်းလေးပါ..ခေါ်ကြပြန်တော့ စိုင်းမသွား ရင် ၀ိုင်းမစည်မှာ စိုးတာနဲ့ မှီရာ TAXI တားပြီး အပြေးသွား ရပြန်တာရယ်......

စိုင်းရေ..စင်ကာပူ မှာ ပြောပြောနေကြတဲ့ ရှမ်းခေါက်ဆွဲ မစားရသေးဘူး ဆိုပြီး ပြောကြပြန်ရင်..အင်းငါမှ မချက်ကြွေးရင် Penisula က ဖြစ်သလို ဖြတ်ညတ်ကပ် ချက်ထားတာတွေ ကို ရှမ်းခေါက်ဆွဲ ထင်ပြီး ရှမ်းခေါက်ဆွဲ ဆိုတာ ဆန်ပြားတွေကို အသားချက်ထဲ့ ..ရှမ်းမုန်ညှင်းချင်ဖြူး ထားတာကြီးပါ..ဒီလောက်ကြီး လဲမဟုတ်ပါဘူး..ထင်မှာစိုးပြီး ...ချက်ရတာတွေရယ်....

ရေးတဲ့ဖက်ကိုမရောက်နိုင်ဘူးဗျာ... ပြီးခဲ့တဲ့ စနေမှာ..ဘယ်မှ မသွားတော့ ပါဘူး လုပ်နေတာ...သောကြာညမှာ လဲ မကြီးမငယ် ..DISCO မှာ shake my bon bon သွားလုပ်ပြီး အရက် နာ နဲနဲကျနေတော့ ၁၀ နာရီမှထတယ်လေ..ကော်ဖီဖျော်..သတင်းစာဖတ်ရင်း..ဘာချက်စား မလဲပေါ့..ရေခဲသေတ္တာဖွင့်ကြည့်တော့ ဘာအသီးအရွက်မှ မရှိ....ပုဇွန်နဲနဲ...ခရမ်းချဉ်သီး ၃လုံး...ကြက်ဥကတော့ အလုံး ၂၀ လောက်ရှိတယ်...... လူပျိုတွေကြီး (လူပျိုကြီး တွေ မဟုတ်ပါ) နေတာဆိုတော့ ဂလောက်စားစရာရှိနေတာ တော်ပြီပေါ့..မဟုတ်ဘူးလာ..

ဈေးက ၂အိမ်ကျော်လောက်ကြီးတောင်ဝေးတော့ မသွားချင်..အင်း ကြက်ဥ ချက် မယ်..တမယ်ရပြီ...ကြက်ဥမွေကျော်..နောက်တမယ်..ပြီး စွမ်ထန် ကိုချဉ်ငံစပ် ကြက်ဥခေါက်ထဲ့ပြီး မွေလိုက် မယ်....သားရေကျ မနေ နဲ့ ဦး..ဖတ်ပြီး ..အဟား..တကယ်တောင် မချက်ရ သေးဘူး...

ကဲ ထမင်းစားကြမယ်...(အကျန်ကြွေးတယ်ပြောကြနဲ့ ဗျ..စနေ နေ့ ကချက်တာကြီး ဆိုပြီး...ဒါက ဘလောဂ်လောက ရဲ့ ထမင်းကျွေးကာလ်ချာ..မချို ဆို ဖြစ်သလိုချက်စားတဲ့ ဟင်းတခွက် ဆိုပြီး လူတကာ ဂလုခနဲ ဖြစ်အောင်လုပ်နေကြ.)

ကြက်ဥချက်နီးကားကြီး နဲ့ ကြွေး တယ်ဆိုပြီး နှာခေါင်းရှုန့် နေကြတယ်...စိုင်းစိုင်းပါ....ကြည့် ဘာချက်ထား လဲ ဆိုတာ...

ပုဇွန် ကိုရေနွေး ပွက်ကြီး ထဲ ခနထည့်ပြုတ်...အကြာကြီး ဘာလို့  မပြုတ်လဲ မေး မလို့  မလား..ဘယ်ဖြစ်မလဲ ဖွာပြီး စားလို့ ဘယ်ကောင်းမလဲ..စိုင်းက သုပ်စားမှာ ကို.. ကြက်သွန်မပါးတပါးလှီး..ခရမ်းချဉ်သီး..နဲ့  ဆား.အချိုမှုန့် ..ငရုတ်သီး..ငံပြာရည် ထည့်ပြီး..သံပုရာသီး ညစ်ပြီး ရောသမမွေ(ဘလောဂ်ဂါ ဟုတ်ဘူးနော်)..လုပ် လိုက်တာ..၀ူး.....ယမ်မီ .ယမ်မီ...

ပြီးတော့ကြက်ဥကြော်..ဒါပဲ...ဖြစ်သလိုချက်စားတာလေ..တော်ပြီပေါ့..

"Hello Sean"

"Hi Hkay Mar! How are you? It's been an ages!"

"Yea..so just wanna know if you have any appointment this evening!"...

"Umm.. Umm...(အပြင်မသွားတော့ဘူး ဆို)... nope! Do you?"...

" Jon..is in town and mind to come for some wine?...(အိုး မိုင်းဘူး မိုင်းဘူး....မချိုကြီး ၀ိုင်ကန်ကြီး ထဲဆင်းစိမ် တဲ့ ပို့ စ် ဖတ်ပြီး ထဲက သောက်ချင်နေတာ)..

" Oh.. yeah..I've been thinking to call you for wine..so where's the venue? Your house?.. I'll be there!

ဟား... မိုက်ပြီ... စနေ နေ့ ညစာ မပူရတော့ ဘူး......

 
Add to Technorati Favorites